သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ ချက်ခြင်း အပစ်ရပ်ဖို့ ကုလ လုံခြုံရေးကောင်စီ တောင်းဆို


အစ္စရေးသံချပ်ကာ ကားတစီး ဂါဇာမြောက်ပိုင်းဆီ ဦးတည်မောင်းနှင်နေစဉ်။ (ဂျူလိုင် ၂၈၊ ၂၀၁၄)
အစ္စရေးသံချပ်ကာ ကားတစီး ဂါဇာမြောက်ပိုင်းဆီ ဦးတည်မောင်းနှင်နေစဉ်။ (ဂျူလိုင် ၂၈၊ ၂၀၁၄)

အစ္စရေးနဲ့ Hamas တွေကြား လူသားချင်းစာနာမှုအတွက် သတ်မှတ်ချက် တစုံတရာမထားဘဲ အမြန်ဆုံး အပစ်အခတ် ရပ်စဲကြဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

တနင်္လာနေ့ အစောပိုင်းမှာ ထုတ်ပြန်လိုက်တဲ့ အခုဆုံးဖြတ်ချက်ဟာ နှစ်ဘက်စလုံးက အသေအချာလိုက်နာပြီး တာရှည်ခံမယ့် အပစ်အခတ် ရပ်စဲရေး ဖြစ်လာစေဖို့ လုပ်ဆောင်တဲ့ ခြေလှမ်းတရပ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဂါဇာကမ်းမြောင် ဒေသခံတွေအတွက် လူသားချင်းစာနာမှု အထောက်အကူတွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း ဖေါ်ပြထားပါတယ်။ ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်တွေ အများအပြား ချမှတ်ခဲ့ပေမယ့် တခုမှ မတည်ခဲ့ဘဲ တိုက်ခိုက်မှု အရှိန်မြင့်မားလာတာ သီတင်း ၃ ပတ်လောက် ရှိလာချိန်မှာ အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ပါလက်စတိုင်း သံအမတ်ကြီး ရီရတ် မန်ဆော (Riyad Mansour) ကတော့ ဒီကြေညာချက်ကနေ တာရှည်အပစ်ခတ် ရပ်စဲလာမယ်လို့ မျှော်လင့်ထားကြောင်း ပြောခဲ့ပေမယ့် အစ္စရေးရဲ့ ရန်လိုမှုကို ကုလလုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန် အရေးမယူဘူးလို့ ဝေဖန်လိုက်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းတွေအတွက် အကာကွယ်ပေးဖို့ လုံခြုံရေးကောင်စီက လုပ်ဆောင်ပေးမယ်လို့ ကျနော်တို့က မျှော်လင့်ထားတာပါ။ အခု လက်ရှိအနေအထားက မတည်ငြိမ်တဲ့အပြင် အချိန်မရွေး အရင်လို ပြန်ဖြစ်သွားနိုင်တယ်လို့ ပြောသွားတာပါ။

ကုလသမဂ္ဂရဲ့ အစ္စရေးသံအမတ်ကြီး Ron Prosor ကတော့ Hamas တွေဟာ အစ္စရေးဘက်ကို ရော့ကက် အစင်းပေါင်း ၂၅၀၀ လောက် ပစ်ခတ်ခဲ့တာမို့ အစ္စရေးက လက်တုံ့ပြန် တိုက်ခိုက်ရတာလို့ ဆိုပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေ မဖြစ်အောင် အစ္စရေးဘက်က တတ်နိုင် သလောက် ရှောင်ရှားနေပေမယ့် Hamas တွေ ဘက်က ပစ်ခတ်မှုတွေ ရပ်ဆိုင်းဖို့ ငြင်းဆိုနေတယ်လို့ ပြောပါတယ်။ အခုထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ကြေညာချက်မှာလည်း Hamas တွေနဲ့ ပတ်သက်ပြီး အတိအကျ ဖေါ်ပြတာမတွေ့ရကြောင်းနဲ့ အစ္စရေး ဘက်က ကိုယ့်ကိုယ်ကို ခုခံကာကွယ်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG