သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမှာ ဓာတုလက်နက်သုံးမှု ကုလစစ်ဆေးမည်


ဆီးရီးယားနိုင်ငံ၊ Damascus မြို့တော် ဆင်ခြေဖုံးက ဓာတုလက်နက်နဲ့ တိုက်ခိုက်ခံခဲ့ရတယ်ဆိုတဲ့နေရာမှာ ဘေးဒဏ်သင့်ခဲ့သူတွေနဲ့ တွေ့ဆုံဖို့ ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေ ရောက်သွားကြပါပြီ။ ကုလသမဂ္ဂအဖွဲ့ကို သွားရောက်ခွင့်ပြုဖို့ နိုင်ငံတကာက ဝိုင်းဝန်းတောင်းဆိုတာကို ဆီးရီးယားအစိုးရက လက်ခံခဲ့ပြီးတဲ့နောက် အခုလို ရောက်သွားကြတာပါ။

အနောက်တောင်ပိုင်းက Moadamiyeh ဆင်ခြေဖုံးအရပ်ဆီ စစ်ဆေးရေးမှူးတွေကို စစ်တပ်က ရှေ့ပြေးလုံခြုံရေးယူပြီး ပို့ပေးခဲ့တယ်လို့ ဆီးရီးယားအစိုးရပိုင် ရုပ်သံသတင်းက တနင်္လာနေ့မှာ ကြေညာပါတယ်။ အဲ့ဒီနေရာဟာ သြဂုတ်လ ၂၁ ရက်က တိုက်ခိုက်ခံခဲ့ရတဲ့ နေရာတွေထဲက တစ်ခုပါ။

အဲဒီတိုက်ခိုက်မှုတွေအတွင်း လူရာပေါင်းများစွာ သေဆုံးခဲ့ရတဲ့အပေါ် အစိုးရနဲ့ အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်တွေအကြား အပြန်အလှန် အပြစ်တင် ပြောဆိုနေကြပါတယ်။

ဆီးရီးယားသမ္မတ ဘာရှာ အယ်လ်-အာဆဒ် (Bashar al-Assad) ကို သစ္စာခံတဲ့ တပ်တွေမှာ တာဝန်ရှိတယ်လို့ ယုံကြည်ကြောင်း အနောက် အင်အားကြီးနိုင်ငံတွေက ပြောကြပါတယ်။ တုံ့ပြန်တဲ့အနေနဲ့ ဘယ်လို အရေးယူလုပ်ဆောင်ကြမယ်ဆိုတာကို အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒါကြောင့်လည်း ၂ နှစ်ကြာ ဆီးရီးယားပဋိပက္ခမှာ အနောက်နိုင်ငံတွေကနေ စစ်ရေးအရ ဝင်ရောက် စွက်ဖက်တော့မလားဆိုတဲ့ အလားအလာ ပိုတိုးလာပါတယ်။
XS
SM
MD
LG