သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ ငြိမ်းချမ်းရေးတပ်ဖွဲ့ အဆင့်မြှင့်ဖို့လိုပြီ


ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းတပ်ဖွဲ့ရဲ့ ဆောင်ရွက်မှု - အထူးသဖြင့် ပိုအဆင့်မြင့်တဲ့ ကိရိယာတွေ အသုံးပြုနိုင် ဖို့နဲ့ တပ်သားတွေရဲ့ လိုအပ်ချက်တွေအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ထောက်ပံ့မှု တိုးပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တိုက်တွန်းလိုက်ပါတယ်။

ပိုရှုပ်ထွေးလာပြီး အန္တရာယ်ပိုများလာတဲ့ ပဋိပက္ခတွေကို အလျင်မီ ဖြေရှင်းနိုင်ဖို့ ငြိမ်း ချမ်းရေးထိန်း တပ်ဖွဲ့တွေရဲ့ လုပ်ကိုင်နိုင်မှုလည်း တိုးရမယ့်အကြောင်း ကာကွယ်ရေး ဝန်ကြီးတွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေ၊ သံတမန်တွေ စုစုပေါင်း ၁၀၀ ကျော်နဲ့ တွေ့ဆုံပွဲမှာ ကုလအတွင်းရေးမှူးချုပ် Guterres က သောကြာနေ့မှာ ပြောလိုက် ပါတယ်။

မာလီနိုင်ငံက ငြိမ်းချမ်းရေးထိန်းတပ်သားတွေကို ကာကွယ်မယ့် သံချပ်ကာကားတွေနဲ့ အရေးပေါ် ကယ်ဆယ်ရေး၊ ဆေးဘက်ဆိုင်ရာ ရဟတ်ယာဉ်တွေအပါအဝင် အာဖရိက အလယ်ပိုင်းနိုင်ငံတွေက စစ်ဆင်ရေးတွေအတွက် လိုအပ်ချက်တွေအတွက် ကုလ အတွင်းရေးမှူးချက်က တောင်းဆိုတာ ဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေနဲ့ အကြမ်းဖက် အဖွဲ့တွေအပါအဝင် မတူညီတဲ့ ခြိမ်းခြောက်မှုတွေကြား ကုလသမဂ္ဂ တပ်တွေနဲ့ ရဲတွေက ချိန်ညှိနေ ရပါတယ်။ ပြီးခဲ့တဲ့နှစ်တွင်း ရှေ့တန်းမှာ သေဆုံးသူ ငြိမ်းချမ်းရေးထိန်းတပ်သား ၂၇ ယောက်ရှိခဲ့ပါတယ်။

အာဖရိကတိုက်က ဟေတီနိုင်ငံ၊ အရှေ့အလယ်ပိုင်းနဲ့ အရှေ့အာရှိတိုက်က နိုင်ငံပေါင်း ၁၂၇ နိုင်ငံမှာ စစ်ဆင် ရေး ၁၄ ခုနဲ့ လုပ်ကိုင်နေသူ တပ်သားနဲ့ ရဲသား စုစုပေါင်း ၁ သိန်း နီးပါးရှိပါတယ်။ ငြိမ်းချမ်းရေးထိန်းဌာနအတွက် နှစ်စဉ်အသုံးစရိတ် ဘတ်ဂျက် ၇ ဘီလျံ နီးပါး ချပေးထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG