သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ ဟာမတ်စ်တို့ အပစ်ရပ်ကြဖို့ ကုလအတွင်းရေးမှူးချုပ် ထပ်မံတောင်းဆို


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ကို စစ်ရေးအရ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ အခုရက်ပိုင်းအတွင်း အရှိန်မြင့် လုပ်ဆောင်လာနေချိန်မှာဘဲ အစ္စရေးနဲ့ ဟာမတ်စ်အကြား ချက်ခြင်း အပစ်အခတ် ရပ်စဲကြဖို့၊ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးဖို့နဲ့ ပါလက်စတိုင်းဒေသကို စာနာမှုဆိုင်ရာ အကူအညီတွေ အရှိန်မြင့် ပို့ဆောင်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ဒီကနေ့ မေလ ၁၂ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

"ဖမ်းဆီးခံ ဓားစာခံတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ စာနာမှုဆိုင်ရာ အကူအညီတွေ တိုးမြင့်ပို့ပေးရေးစတဲ့ တကမ္ဘာလုံးက တောင်းဆိုထားတဲ့အချက်ကို ကျနော် ဒီနေရာကနေ ထပ်မံတောင်းဆိုလိုပါတယ်" လို့ ကူဝိတ်နိုင်ငံမှာ ကျင်းပတဲ့ ပါလက်စတိုင်းအတွက် အကူအညီပေးရေး နိုင်ငံတကာ ညီလာခံမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဗွီဒီယိုနဲ့ ပေးပို့တဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ဒီညီလာခံကိုတော့ နိုင်ငံတကာ အစ္စလာမ်မစ် ကုသိုလ်ဖြစ်အဖွဲ့ (IICO) နဲ့ ကုလသမဂ္ဂ စာနာမှုဆိုင်ရာ အကူအညီပေး ပူးပေါင်းဆောင်ရွက်ရေးရုံး (OCHA) တို့က ပူးတွဲဦးဆောင်ကျင်းပတာပါ။

Rafah မြို့ကို အစ္စရေးက မြေပြင်စစ်ဆင်ရေးတွေ လုပ်ဆောင်နေတဲ့အတွက် ဂါဇာကမ်းမြောင်ဟာ စာနာမှုဆိုင်ရာ ကြီးမားတဲ့ ကပ်ဘေးကြီးနဲ့ ရင်ဆိုင်နေရပြီလို ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ကင်ညာနိုင်ငံ၊ Nairobi မြို့မှာ ကုလသမဂ္ဂက သတိပေး ပြောကြားခဲ့ပါတယ်။

Forum

XS
SM
MD
LG