သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂနစ္စတန်အရေး ကုလအကြီးအကဲနဲ့ သံတမန်တွေ လျို့ဝှက်ဆွေးနွေးမည်


SUDAN-POLITICS/UN-GUTERRES
SUDAN-POLITICS/UN-GUTERRES

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres နဲ့ နိုင်ငံတကာက သံတမန်တွေဟာ အာဖဂန်နစ္စတန်နိုင်ငံ ပြဿနာနဲ့ ပတ်သက်ပြီး အဓိကအရေးပါတဲ့ ဆွေးနွေးမှုတွေလုပ်ဖို့အတွက် လာမယ့် တနင်္လာနေ့ကျလျှင် ကာတာနိုင်ငံ ဒိုဟာမြို့က လျှို့ဝှက်နေရာတခုမှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အာဖဂန်မှာအုပ်ချုပ်နေတဲ့ တာလီဘန်အစိုးရအပေါ် သြဇာလွှမ်းမိုးနိုင်မယ့်နည်းလမ်းတွေကိုရဖို့ ပိုပြီးအပူတပြင်း ကြိုးပမ်းတဲ့အနေနဲ့ အခုလို တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

တာလီဘန်အစိုးရက မိန်းကလေးတွေကို ကျောင်းမသွားရဘူးလို့ တားမြစ်လိုက်ပြီး၊ အမျိုးသမီးအများစုကိုလည်း ကုလသမဂ္ဂ အေဂျင်စီတွေအပါအဝင် တခြားဘယ်မှာမှ အလုပ်မလုပ်ရဘူးလို့ တားမြစ်လိုက်တာကြောင့်၊ အတွင်းရေးမှူးချုပ် ဂူတာရက်စ်ကို ပိုပြီးတော့ အကျပ်ရိုက် စေခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ နိုင်ငံ ၂၅ နိုင်ငံ နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေပါဝင်မှာဖြစ်ပြီး၊ တာလီဘန်အစိုးရကတော့ ပါဝင်မှာ မဟုတ်ဘူးလို့ သံတမန်တွေက ပြောပါတယ်။ ဆွေးနွေးပွဲ မတိုင်ခင်မှာတော့၊ အာဖဂန်နိုင်ငံ ကဘူးလ်မြို့မှာ အမျိုးသမီးအုပ်စုတစုက တာလီဘန်အစိုးရကို နိုင်ငံတကာက ဘယ်လို အသိအမှတ်ပြုမှုကိုမဆို ကန့်ကွက်ဆန့်ကျင်တယ်ဆိုတာ ပြသတဲ့အနေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂနဲ့ အနောက်အင်အားကြီးနိုင်ငံတွေကတော့ တာလီဘန်အစိုးရ တရားဝင်မှုနဲ့ ပတ်သက်ပြီး လုံးဝဆွေးနွေးသွားမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

XS
SM
MD
LG