သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ်နဲ့ ဘင်္ဂလားဒေ့ရှ်အကြီးအကဲတို့ ရိုဟင်ဂျာဒုက္ခသည်စခန်းသွားမည်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres.
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres.

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် António Guterres ဟာ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ အကြံပေး Muhammad Yunus နဲ့အတူ မတ်လ ၁၄ ရက်၊ သောကြာနေ့မှာ Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်မှာဖြစ်ကြောင်း Muhammad Yunus ရဲ့ လက်ထောက် ပြောခွင့်ရ Abul Kalam Azad Majumder က ပြောပါတယ်။

အတွင်းရေးမှူးချုပ် Guterres ဟာ မွတ်ဆလင်တွေရဲ့ ရာမာဒန်ဥပုသ်လအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ၊ ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်နေရသူတွေရှိတဲ့ ဒုက္ခသည်စခန်းတွေကို ဆယ်စုနှစ်နဲ့ချီပြီး နှစ်စဉ် သွားရောက်လေ့ရှိတာမှာ မနက်ဖြန် မတ်လ ၁၃ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာကို ရောက်ရှိမှာ ဖြစ်ပါတယ်။

မတ်လ ၁၃ ရက်ကနေ ရက်ကနေ ၁၆ ရက်အထိ ၃ ရက်ကြာမယ့် ဒီခရီးစဉ်အတွင်း အတွင်းရေးမှူးချုပ် Guterres ဟာ ဘင်္ဂလားဒေ့ရှ်မှာ ရှိနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို သွားရောက် အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ကျင်းပတဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားထားပြီး ဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ အကူအညီတွေ ဖြတ်တောက်မှုကြောင့် Cox’s Bazar က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအတွင်း ကလေးငယ်တွေ အဟာရ ချို့တဲ့မှု အပါအဝင် စာနာမှုဘေးဒုက္ခ ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ရကိန်းရှိနေတယ်လို့ ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ (UNICEF) ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Rana Flowers က မနေ့ မတ်လ ၁၁ ရက်နေ့ကဘဲ ဂျနီဗာမြို့မှာ သတင်းထောက်တွေကို ပြောကြားအပြီး ရက်ပိုင်းအတွင်း ကုလ အတွင်းရေးမှူးချုပ်ကိုယ်တိုင် အဲဒီ ဒုက္ခသည်စခန်းတွေကို သွားရောက်မှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားတဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နိုင်ငံတကာက ဝိုင်းဝန်း ကူညီပေးကြဖို့ ကုလသမဂ္ဂအနေနဲ့ ဆက်လက် ကြိုးပမ်းသွားမှာဖြစ်ကြောင်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။

အလားတူဘဲ ရခိုင်ပြည်အတွင်းက လူမှုအသိုက်အဝန်းတွေကို စာနာမှုအကူအညီတွေကို ဘယ်လို ပို့ပေးနိုင်မလဲ ဆိုတာနဲ့ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ကိစ္စရပ်တွေအတွက် ဘယ်လို ကူညီပေးနိုင်မလဲ ဆိုတာတွေနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့မှာရှိနေတဲ့ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်ရုံးတွေကို ဦးဆောင် လမ်းပြပေးကြဖို့ အကြီးတန်း အရာရှိတွေကို အတွင်းရေးမှူးချုပ် Guterres က တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG