ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ Antonio Guterres ဟာ တနလၤာေန႔မွာ ရုရွားနဲ႔ ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ ဆက္သြယ္ေျပာၾကားခဲ့ ၿပီး သူ႔အေနနဲ႔ တိုက္ပြဲေတြ ျဖစ္မလာဘူးလို႔ ယံုၾကည္ဆဲ ျဖစ္ေၾကာင္း အတြင္းေရးမႈးခ်ဳပ္ရဲ့ ေျပာခြင့္ရ Stephane Dujarric က နယူးေရာက္ရံုးခ်ဳပ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။
အတြင္းေရးမႈးခ်ဳပ္ဟာ မနက္အေစာပိုင္းမွာ ရုရွားႏုိင္ငံျခားေရးဝန္ႀကီး Sergei Lavrov နဲ႔ အြန္လိုင္းကေန ေတြ႔ဆံုေဆြးေႏြးခဲ့သလို မၾကာေသးခင္ကပဲ ယူကရိန္း ႏိုင္ငံျခားေရးဝန္ႀကီး Dmytro Kuleba နဲ႔လည္း ေျပာၾကားခဲ့ပါ။ ေဆြးေႏြးေျပာဆိုမႈေတြအတြင္း အတြင္းေရးမႈးခ်ဳပ္က ေဒသတြင္း တင္းမာမႈေတြ တိုးေနတာအတြက္ အထူးစိုးရိမ္ေၾကာင္း ေျပာၾကားခဲ့သလို ေဒသတြင္း တင္းမာမႈေတြ ေလ်ာ့ပါးေစဖို႔ သံတမန္ေရးအရ ေဆြးေႏြးေျပာဆိုမႈေတြ လုပ္ေနတာကို ႀကိဳဆိုခဲ့တယ္ လို႔ ေျပာပါတယ္။
ဒါ့အျပင္ ဒီျပႆနာ အေျဖရွာရာမွာ သံတမန္နည္းလမ္းက လြဲၿပီး တျခားဘာနည္းလမ္းမွ မရွိဘူးဆိုတာကိုပါ ထပ္ၿပီး အေလးထား ေျပာၾကား ခဲ့ေၾကာင္းလည္း ေျပာပါတယ္။
ယူကရိန္းကို ရုရွားဝင္ေရာက္က်ဴးေက်ာ္ဖို႔ ျဖစ္ႏုိင္မျဖစ္ႏုိင္ မၾကာခင္ သီတင္းပတ္တုန္းက ေမးျမန္းခဲ့ခ်ိန္ကလည္း ျဖစ္မလာဖုိ႔ပဲ ခိုင္ခိုင္မာမာ ေမ ွ်ာ္လင့္ထားေၾကာင္း အတြင္းေရးမႈးခ်ဳပ္က ေျပာခဲ့တာပါ။
ယူကရိန္းမွာ ကုလသမဂၢ ဝန္ထမ္း ၁၆၀၀ ေက်ာ္ရွိေနၿပီး အဲဒီထဲမွာ ႏိုင္ငံျခားသား ဝန္ထမ္းက ၂၀၀ ေလာက္ရွိေနတာပါ။ သူတို႔ကို ယူကရိန္းကေန ထြက္ခြါခိုင္းဖို႔ အစီစဥ္ေတာ့ မရွိေသးဘူးလို႔လည္း အတြင္းေရးမႈးခ်ဳပ္ ေျပာခြင့္ရက ေျပာပါတယ္။
===================
စစ်ရေးပဋိပက္ခဖြစ်လာဖွယ်မရှိ ဟု အတွင်းရေးမှူးချုပ် ယုံကြည်ဆဲ
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ဟာ တနင်္လာနေ့မှာ ရုရှားနဲ့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆက်သွယ်ပြောကြားခဲ့ ပြီး သူ့အနေနဲ့ တိုက်ပွဲတွေ ဖြစ်မလာဘူးလို့ ယုံကြည်ဆဲ ဖြစ်ကြောင်း အတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က နယူးရောက်ရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အတွင်းရေးမှုးချုပ်ဟာ မနက်အစောပိုင်းမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့သလို မကြာသေးခင်ကပဲ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba နဲ့လည်း ပြောကြားခဲ့ပါ။ ဆွေးနွေးပြောဆိုမှုတွေအတွင်း အတွင်းရေးမှုးချုပ်က ဒေသတွင်း တင်းမာမှုတွေ တိုးနေတာအတွက် အထူးစိုးရိမ်ကြောင်း ပြောကြားခဲ့သလို ဒေသတွင်း တင်းမာမှုတွေ လျော့ပါးစေဖို့ သံတမန်ရေးအရ ဆွေးနွေးပြောဆိုမှုတွေ လုပ်နေတာကို ကြိုဆိုခဲ့တယ် လို့ ပြောပါတယ်။
ဒါ့အပြင် ဒီပြဿနာ အဖြေရှာရာမှာ သံတမန်နည်းလမ်းက လွဲပြီး တခြားဘာနည်းလမ်းမှ မရှိဘူးဆိုတာကိုပါ ထပ်ပြီး အလေးထား ပြောကြား ခဲ့ကြောင်းလည်း ပြောပါတယ်။
ယူကရိန်းကို ရုရှားဝင်ရောက်ကျူးကျော်ဖို့ ဖြစ်နိုင်မဖြစ်နိုင် မကြာခင် သီတင်းပတ်တုန်းက မေးမြန်းခဲ့ချိန်ကလည်း ဖြစ်မလာဖို့ပဲ ခိုင်ခိုင်မာမာ မေ ျှာ်လင့်ထားကြောင်း အတွင်းရေးမှုးချုပ်က ပြောခဲ့တာပါ။
ယူကရိန်းမှာ ကုလသမဂ္ဂ ဝန်ထမ်း ၁၆၀၀ ကျော်ရှိနေပြီး အဲဒီထဲမှာ နိုင်ငံခြားသား ဝန်ထမ်းက ၂၀၀ လောက်ရှိနေတာပါ။ သူတို့ကို ယူကရိန်းကနေ ထွက်ခွါခိုင်းဖို့ အစီစဉ်တော့ မရှိသေးဘူးလို့လည်း အတွင်းရေးမှုးချုပ် ပြောခွင့်ရက ပြောပါတယ်။