သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ပြည်သူတွေကို ကာကွယ်ပေးဖို့ တာလီဘန်တွေကို ကုလအကြီးအကဲ တိုက်တွန်း


ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres

အာဖဂန်နစ်စတန်နိုင်ငံကို တနင်္ဂနွေနေ့က တာလီဘန်တွေထိန်းချုပ်ခဲ့တဲ့နောက် တာလီဘန်တွေ အနေနဲ့ အာဖဂန်ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ နဲ့ ကမ္ဘာ့နိုင်ငံတွေ အနေနဲ့ အာဖဂန်ပြည်သူတွေကို ပစ်မထားဖို့ တနင်္လာနေ့မှာပဲ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က တိုက်တွန်းလိုက်ပါတယ်။

"အာဖဂန်နစ်စတန်မှာ လူ့အခွင့်ရေး ရရှိစေဖို့ ကမ္ဘာ့နိုင်ငံတွေ တညီတညွတ်ထည်း လုပ်ဆောင်ကြဖို့ နဲ့ တာလီဘန်နဲ့ သက်ဆိုင်ရာ အဖွဲ့စည်းအားလုံးက နိုင်ငံတကာလူ့အခွင့်ရေးနဲ့ လွတ်လပ်ခွင့်ကို အားလုံးခံစားနိုင်အောင် အကာကွယ်ပေးကြဖို့" ကုလ အတွင်းရေးမှုးချုပ်က တနင်္လာနေ့မှာခေါ်ယူခဲ့ရတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းဝေးမှာ ပြောကြားခဲ့တာပါ။

အာဖဂန်နစ်စတန်မှာ တနင်္ဂနွေနေ့က သမ္မတ Ashraf Ghani အစိုးရပြိုကွဲပြီး တနိုင်ငံလုံး တာလီဘန်တွေ လက်ထဲရောက်သွားခဲ့တာပါ။ အာဖဂန်လူဦးရေ ထက်ဝက်လောက်ဖြစ်တဲ့ လူပေါင်း ၁၈ သန်းလောက်ဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေသလို အခြေနေ ပိုဆိုးလာမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ ဒီလို အခြေနေမျိုးဟာ အာဖဂန်ပြည်သူတွေ အလိုအပ်ဆုံး အချိန်ဖြစ်တာကြောင့် ကုလသမဂ္ဂအဖွဲ့တွေ အာဖဂန်နိုင်ငံထဲမှာ ဆက်နေပြီး အကူညီပေးကြဖို့လည်း အတွင်းရေးမှုးချုပ်က ပန်ကြားခဲ့ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း အာဖဂန်နစ်စတန်နိုင်ငံမှာ ညှိနှိုင်းဆွေးနွေးမှုတွေ ကနေတဆင့် အစိုးရသစ် တရပ်ကို ထူထောင်ဖို့ တနင်္လာနေ့ လုံခြုံရေးကောင်စီအရေးပေါ်အစည်းဝေးမှာ တောင်းဆိုလိုက်ပါတယ်။ စည်းလုံးညီညွတ်စွာနဲ့ အမျိုးသမီးတွေ အပါအဝင် အားလုံးပါဝင်ပြီး တန်းတူညီမျှမှု ရှိတဲ့ အစိုးရသစ်ကို ထူထောင်ဖို့ တောင်းဆိုတာပါ။ ဒါ့အပြင် လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ရန်ပြုတိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဖို့နဲ့ လူသားချင်းစာနာမှု အကူညီတွေပေးခွင့်ပြုဖို့လည်း အဖွဲ့အားလုံးကို လူ့ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တောင်းဆိုလိုက်ပါတယ်။

----------------------------------------------------------





XS
SM
MD
LG