သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္စီးပြားေရး မၿပိဳလဲေအာင္ကာကြယ္ၾကဖို႔ ကုလအႀကီးအကဲ တိုက္တြန္း


United Nations Secretary-General Antonio Guterres addresses the 76th Session of the U.N. General Assembly in New York City, Sept. 21, 2021.

အာဖဂန္နစ္စတန္ႏိုင္ငံရဲစီးပြါးေရးၿပိဳလဲမသြားေအာင္ ႏိုင္ငံတကာအသိုင္းဝိ္ုင္းက ဝိုင္းဝန္းပံ့ပိုးေပးၾကဖို႔ အာဖဂန္အေရး G 20 ထိပ္သီးအစည္းေဝးမတိုင္ခင္ တရက္အလို တနလၤာေန႔က အတြင္းေရးမႈးခ်ဳပ္ Antonio Guterres က ပန္ၾကားလိုက္ပါတယ္။

"အာဖဂန္စီးပြါးေရး အဆင္ေျပလာေအာင္ ႏိုင္ငံတကာဥပေဒေတြကို မခ်ိဳးေဖါက္ပဲလုပ္ေပးႏိုင္မယ့္ နည္းလမ္းေတြကို ရွာဖို႔ လိုေနပါၿပီ။ အာဖဂန္ျပည္သူေတြ အတြက္ အာဖဂန္အရပ္ဘက္ဝန္ထမ္းေတြ၊ တတ္ကၽြမ္းနားလည္သူေတြ ဆက္ၿပီး အလုပ္လုပ္ေပးႏိုင္မယ့္ အေျခေနမ်ိဳး ဖန္တီးႏိုင္ဖို႔ လုပ္ေပးရမွာျဖစ္ၿပီး ကမာၻႀကီးကလည္း အာဖဂန္စီးပြါးေရး ၿပိဳလဲမသြားေစဖို႔ ေငြေပၚလြယ္ေအာင္ လုပ္ေပးၾကဖို"႔ အတြင္းေရးမႈးခ်ဳပ္က တိုက္တြန္းလိုက္တာ ျဖစ္ပါတယ္။

ကုလသမဂၢဟာ လူသားခ်င္းစာနာမႈ အကူညီလိုအပ္ေနတဲ့ အာဖဂန္ႏိုင္ငံသား ၁၈ သန္းအတြက္ အကူအညီေပးေနရခ်ိႏ္ု ျဖစ္တာေၾကာင့္ တကယ္လို႔ အာဖဂန္စီးပြါးေရး က်ဆင္းရင္ ၾကံဳရမယ့္ ျပႆနာႀကီးကို လံုေလာက္တဲ့ အကာကြယ္ေတြ ေပးႏိုင္မွာမဟုတ္ဖူးလို႔လည္း ေျပာပါတယ္။

ခုအခ်ိန္ဟာ ဒီကိစၥကို အေရးတယူ ေဆာင္ရြက္ဖို႔ လိုအပ္ေနတဲ့ အခ်ိန္ျဖစ္ေပမယ့္ ႏိုင္ငံတကာအသိုင္းဝိ္ုင္းဘက္က အာဖဂန္အေရး ကိုင္တြယ္မႈ ေႏွးေနတာေတြ႕ရေၾကာင္းလည္း ေျပာပါတယ္။ ဒါ့အျပင္ အာဖဂန္မွာ တာလီဘန္ေတြရဲ႕ ျပဳမူေဆာင္ရြက္ခ်က္ေတြေၾကာင့္ အပစ္မဲ့အာဖဂန္ျပည္သူေတြ ဒဏ္ခံရတာမ်ိဳးလည္း မျဖစ္သင့္ေၾကာင္း ေျပာပါတယ္။

အာဖဂန္စီးပြါးေရး ျပန္ေကာင္းလာေစမယ့္ နည္းလမ္းေတြရွာဖို႔ တာလီဘန္ေတြမွာ တာဝန္ရွိေၾကာင္းလည္း ေျပာပါတယ္။ အီတလီအလွည့္က် ဥကၠဌ တာဝန္ယူထားတဲ့ G- 20 ႏိုင္ငံေတြဟာ ဒီကေန႔ အဂၤါေန႔မွာ အာဖဂန္အေရး အထူးအစည္းေဝးတရပ္ကို အြန္လိုင္းကေန က်င္းပဖို႔ ရွိၿပီး အတြင္းေရးမႈးခ်ဳပ္လည္း မိန္႔ခြန္းေျပာဖို႔ ရွိပါတယ္။

--------------------------------------

အာဖဂန်စီးပွားရေး မပြိုလဲအောင်ကာကွယ်ကြဖို့ ကုလအကြီးအကဲ တိုက်တွန်း

အာဖဂန်နစ်စတန်နိုင်ငံရဲ့ စီးပွါးရေးပြိုလဲမသွားအောင် နိုင်ငံတကာအသိုင်းဝိုင်းက ဝိုင်းဝန်းပံ့ပိုးပေးကြဖို့ အာဖဂန်အရေး G 20 ထိပ်သီးအစည်းဝေးမတိုင်ခင် တရက်အလို တနင်္လာနေ့က အတွင်းရေးမှုးချုပ် Antonio Guterres က ပန်ကြားလိုက်ပါတယ်။

"အာဖဂန်စီးပွါးရေး အဆင်ပြေလာအောင် နိုင်ငံတကာဥပဒေတွေကို မချိုးဖေါက်ပဲလုပ်ပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖို့ လိုနေပါပြီ။ အာဖဂန်ပြည်သူတွေ အတွက် အာဖဂန်အရပ်ဘက်ဝန်ထမ်းတွေ၊ တတ်ကျွမ်းနားလည်သူတွေ ဆက်ပြီး အလုပ်လုပ်ပေးနိုင်မယ့် အခြေနေမျိုး ဖန်တီးနိုင်ဖို့ လုပ်ပေးရမှာဖြစ်ပြီး ကမ္ဘာကြီးကလည်း အာဖဂန်စီးပွါးရေး ပြိုလဲမသွားစေဖို့ ငွေပေါ်လွယ်အောင် လုပ်ပေးကြဖို"့ အတွင်းရေးမှုးချုပ်က တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂဟာ လူသားချင်းစာနာမှု အကူညီလိုအပ်နေတဲ့ အာဖဂန်နိုင်ငံသား ၁၈ သန်းအတွက် အကူအညီပေးနေရချိန်ု ဖြစ်တာကြောင့် တကယ်လို့ အာဖဂန်စီးပွါးရေး ကျဆင်းရင် ကြုံရမယ့် ပြဿနာကြီးကို လုံလောက်တဲ့ အကာကွယ်တွေ ပေးနိုင်မှာမဟုတ်ဖူးလို့လည်း ပြောပါတယ်။

ခုအချိန်ဟာ ဒီကိစ္စကို အရေးတယူ ဆောင်ရွက်ဖို့ လိုအပ်နေတဲ့ အချိန်ဖြစ်ပေမယ့် နိုင်ငံတကာအသိုင်းဝိုင်းဘက်က အာဖဂန်အရေး ကိုင်တွယ်မှု နှေးနေတာတွေ့ရကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် အာဖဂန်မှာ တာလီဘန်တွေရဲ့ ပြုမူဆောင်ရွက်ချက်တွေကြောင့် အပစ်မဲ့အာဖဂန်ပြည်သူတွေ ဒဏ်ခံရတာမျိုးလည်း မဖြစ်သင့်ကြောင်း ပြောပါတယ်။

အာဖဂန်စီးပွါးရေး ပြန်ကောင်းလာစေမယ့် နည်းလမ်းတွေရှာဖို့ တာလီဘန်တွေမှာ တာဝန်ရှိကြောင်းလည်း ပြောပါတယ်။ အီတလီအလှည့်ကျ ဥက္ကဌ တာဝန်ယူထားတဲ့ G- 20 နိုင်ငံတွေဟာ ဒီကနေ့ အင်္ဂါနေ့မှာ အာဖဂန်အရေး အထူးအစည်းဝေးတရပ်ကို အွန်လိုင်းကနေ ကျင်းပဖို့ ရှိပြီး အတွင်းရေးမှုးချုပ်လည်း မိန့်ခွန်းပြောဖို့ ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG