သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဥတုရာသီေျပာင္းလဲမႈဒဏ္ခံရတဲ့ ဆင္းရဲတဲ့ႏိုင္ငံေတြကို ေလွ်ာ္ေၾကးေပးေရး သေဘာတူညီမႈရ


U.N. climate chief Patricia Espinosa delivers her speech during the opening session of the Climate Conference in Marrakech, Morocco, Monday Nov. 7, 2016.

ကမာၻ႔ခ်မ္းသာႂကြယ္ဝတဲ့ႏိုင္ငံေတြက ထုတ္လြတ္တဲ့ ကာဘြန္ဓါတ္ေငြ႔ေတြေၾကာင့္ ဆိုး႐ြားတဲ့ ဥတုရာသီေျပာင္းလဲမႈေတြ ျဖစ္ေပၚၿပီး အဲဒီရဲ႕ ဆိုး႐ြားတဲ့ဒဏ္ကို ခံေနရတဲ့ ဆင္းရဲတဲ့ႏိုင္ငံေတြကို ေလွ်ာ္ေၾကးေပးေရး သီးသန႔္ရံပုံေငြထားမယ့္ သမိုင္းဝင္ ဆုံးျဖတ္ခ်က္ကို အီဂ်စ္ႏိုင္ငံမွာ က်င္းပေနတဲ့ ဥတုရာသီညီလာခံက ဆုံးျဖတ္ခ်က္ ခ်လိုက္ႏိုင္ၿပီ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဥတုရာသီေျပာင္းလဲမႈကို အဓိကျဖစ္ေပၚေစတဲ့ အေၾကာင္းရင္းျဖစ္တဲ့ အဓိက အေၾကာင္းရင္းကို ဘယ္လို ေျဖရွင္းၾကမလဲဆိုတဲ့ သေဘာတူညီခ်က္ေတာ့ မရႏိုင္ေသးပါဘူး။ တြင္းထြက္ေလာင္စာေတြက ထုတ္လႊင့္တဲ့ ကာဘြန္ဓါတ္ေငြ႔ေတြက ဥတုရာသီေျပာင္းလဲမႈကို အဆိုး႐ြားဆုံး ျဖစ္ေပၚေနေစတာလို႔ ဆိုပါတယ္။

ေလွ်ာ္ေၾကးရံပုံေငြ ထားရွိတဲ့အစီအစဥ္ကိုေတာ့ ဒီေဆြးေႏြးပြဲမွာ ဦးေဆာင္ေဆြးေႏြးေနသူေတြက Loss and damage “ေပ်ာက္ပ်က္ ဆုံးရႈံးမႈ” အတြက္လို႔ အမည္ေပးထားပါတယ္။

ဒါဟာ ေလွ်ာ္ေၾကးေငြရႏိုင္ဖို႔ ႏွစ္ေပါင္းမ်ားစြာ ေတာင္းဆိုလာၾကတဲ့ ဆင္းရဲတဲ့ႏိုင္ငံေတြအတြက္ ေအာင္ပြဲတရပ္လည္း ျဖစ္ပါတယ္။ ေရွ႕ႏွစ္ အာရပ္ေစာ္ဘြားမ်ားႏိုင္ငံ UAE မွာ က်င္းပမယ့္ ဥတုရာသီေျပာင္းလဲမႈ ညီလာခံက်င္ရင္ ဒီ ရံပုံေငြကိစၥနဲ႔ပတ္သက္တဲ့ အေသးစိတ္ အခ်က္အလက္ေတြကို ဦးေဆာင္သူေတြက ေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==== Unicode ====

ကမ္ဘာ့ချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေက ထုတ်လွတ်တဲ့ ကာဘွန်ဓါတ်ငွေ့တွေကြောင့် ဆိုးရွားတဲ့ ဥတုရာသီပြောင်းလဲမှုတွေ ဖြစ်ပေါ်ပြီး အဲဒီရဲ့ ဆိုးရွားတဲ့ဒဏ်ကို ခံနေရတဲ့ ဆင်းရဲတဲ့နိုင်ငံတွေကို လျှော်ကြေးပေးရေး သီးသန့်ရံပုံငွေထားမယ့် သမိုင်းဝင် ဆုံးဖြတ်ချက်ကို အီဂျစ်နိုင်ငံမှာ ကျင်းပနေတဲ့ ဥတုရာသီညီလာခံက ဆုံးဖြတ်ချက် ချလိုက်နိုင်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဥတုရာသီပြောင်းလဲမှုကို အဓိကဖြစ်ပေါ်စေတဲ့ အကြောင်းရင်းဖြစ်တဲ့ အဓိက အကြောင်းရင်းကို ဘယ်လို ဖြေရှင်းကြမလဲဆိုတဲ့ သဘောတူညီချက်တော့ မရနိုင်သေးပါဘူး။ တွင်းထွက်လောင်စာတွေက ထုတ်လွှင့်တဲ့ ကာဘွန်ဓါတ်ငွေ့တွေက ဥတုရာသီပြောင်းလဲမှုကို အဆိုးရွားဆုံး ဖြစ်ပေါ်နေစေတာလို့ ဆိုပါတယ်။

လျှော်ကြေးရံပုံငွေ ထားရှိတဲ့အစီအစဉ်ကိုတော့ ဒီဆွေးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးနေသူတွေက Loss and damage “ပျောက်ပျက် ဆုံးရှုံးမှု” အတွက်လို့ အမည်ပေးထားပါတယ်။

ဒါဟာ လျှော်ကြေးငွေရနိုင်ဖို့ နှစ်ပေါင်းများစွာ တောင်းဆိုလာကြတဲ့ ဆင်းရဲတဲ့နိုင်ငံတွေအတွက် အောင်ပွဲတရပ်လည်း ဖြစ်ပါတယ်။ ရှေ့နှစ် အာရပ်စော်ဘွားများနိုင်ငံ UAE မှာ ကျင်းပမယ့် ဥတုရာသီပြောင်းလဲမှု ညီလာခံကျင်ရင် ဒီ ရံပုံငွေကိစ္စနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ဦးဆောင်သူတွေက ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG