သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှိန်မြင့်လာတဲ့ ကချင်ပဋိပက္ခ ကုလစိုးရိမ်


ကချင်ပြည်နယ် တိုက်ပွဲကြား ပိတ်မိနေတဲ့ စစ်ပြေးဒုက္ခသည်များ
ကချင်ပြည်နယ် တိုက်ပွဲကြား ပိတ်မိနေတဲ့ စစ်ပြေးဒုက္ခသည်များ

ကချင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်လာတဲ့အခြေအနေကို အထူးပဲ စိုးရိမ်မကင်းဖြစ်မိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂထိပ်တန်းတာဝန်ရှိသူတဦးက ပြောကြားလိုက်ပါတယ်။ သောကြာနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Farhan Haq က ကချင်ပဋိပက္ခကို အခုလို ထည့်သွင်းပြောဆိုသွားတာပါ။

ကချင်ပြည်နယ်မှာ တပ်စွဲထားတဲ့ မြန်မာတပ်များ
ကချင်ပြည်နယ်မှာ တပ်စွဲထားတဲ့ မြန်မာတပ်များ

ဧပြီလ (၇)ရက်နေ့ကတည်းက ကချင်ပြည်နယ် နေရာအတော်များများမှာ တိုက်ခိုက်မှုအရှိန်တွေမြင့်တက်နေတယ်ဆိုတဲ့ သတင်းတွေကို အထူးပဲ စိုးရိမ်မကင်းဖြစ်မိကြောင်း မြန်မာနိုင်ငံက ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံးရဲ့ ဌာနေကိုယ်စားလှယ် Knut Ostby က မနေ့က ပြောဆိုခဲ့ကြောင်း သူက အခုလိုပြောပါတယ်။

“တိုက်ပွဲတွေကြားပိတ်မိနေတဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးသူတွေနဲ့ အရပ်သားတွေကို ပိုပြီးလုံခြုံတဲ့ နေရာတွေလို့ သူတို့ကိုယ်တိုင်ရွေးချယ်တဲ့ နေရာတွေဘက်ကို သွားခွင့်ပြုဖိုနဲ့ သူတို့လိုအပ်နေတဲ့ အရေးပေါ်အကူအညီတွေရဖို့ လူသားချင်းစာနာမှုအထောက်အပံတွေကို Mr. Ostby ကနေ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံးကို မေတ္တာရပ်ခံခဲ့ပါတယ်။”

အထူးသဖြင့် တနိုင်းနဲ့ ဖားကန့်မြို့နယ်တွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ အခက်အခဲတွေရှိနေပြီး အရပ်သားထိခိုက်မှုတွေရှိခဲ့တယ်ဆိုတဲ့ သတင်းတွေကို Mr. Ostby အနေနဲ့ အထူးပဲ စိုးရိမ်နေကြောင်း Farhan Haq ကဆိုပါတယ်။ အခြားနေရာတွေမှာလည်း တိုက်ပွဲတွေဖြစ်နေပြီး အခြေအနေတွေဟာ အထူးပဲစိုးရိမ်ရတယ်လို့လည်း ပြောပါတယ်။

ပဋိပက္ခမှာ ပါဝင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးအနေနဲ့ အရပ်သားတွေကို အချိန်နဲ့အမျှ အကာအကွယ်ပေးဖို့ Mr. Ostby က မေတ္တာရပ်ခံခဲ့တဲ့ အပြင် လက်ကိုင်အဖွဲ့တွေအနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေကို လိုက်နာဖို့ တာဝန်ရှိကြောင်းလည်း သတိပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG