သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယက ရိုဟင်ဂျာဒုက္ခသည်မိသားစု မြန်မာနိုင်ငံပြန်ပို့လို့ ကုလစိုးရိမ်

အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိ Kalindi Kunj ဒေသက ယာယီအဆောက်အဦးမှာ ခိုလှုံနေသူ ရိုဟင်ဂျာ အမျိုးသမီးတွေနဲ့ ကလေးများ။ (ဧပြီ ၁၅၊ ၂၀၁၈)
အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိ Kalindi Kunj ဒေသက ယာယီအဆောက်အဦးမှာ ခိုလှုံနေသူ ရိုဟင်ဂျာ အမျိုးသမီးတွေနဲ့ ကလေးများ။ (ဧပြီ ၁၅၊ ၂၀၁၈)

အိန္ဒိယနိုင်ငံမှာရောက်ရှိနေတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့အတွက် အိန္ဒိယက ဆုံးဖြတ်ခဲ့ တာနဲ့ပတ်သက်လို့ သဘောမကျကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးအဖွဲ့ UNHCR က ပြောကြားသွားခဲ့ပါတယ်။ ဒုက္ခသည်အဖြစ်နဲ့ ခိုလှုံချင်တဲ့သူတွေကို ဘာကြောင့် အခုလို ပြန်ပို့ရသလဲဆိုတာ အိန္ဒိယတာဝန်ရှိသူတွေကို မေးမြန်းထားတယ်လို့ UNHCR က ပြောပါတယ်။

ဒီလိုမျိုး ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ပို့တာ သုံးလအတွင်းမှာ ဒုတိယမြောက်ဖြစ်ကြောင်း၊ ဒီကိစ္စကို UNHCR က သဘောမတူကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ရဲ့ပြောခွင့်ရသူ ဖာဟင်ဟိုက်က သောကြာနေ့ကပဲ ပြောသွားခဲ့တာပါ။

အိန္ဒိယမှာ UNHCR နဲ့ ဒုက္ခသည်စာရင်း မှတ်ပုံတင်ထားတဲ့မိသားတစုကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပဲ ပြန်ပို့လိုက်တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံထဲကို တရားမဝင် ခိုးဝင်မှုနဲ့ ၂၀၁၃ ခုနှစ်ကတည်းက သူတို့ကို အာသံပြည်နယ်မှာ ထောင်ချထားတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ UNHCR က အိန္ဒိယအာဏာပိုင်တွေကို အကြိမ်ကြိမ် ပန်ကြားပေမယ့်လည်း သူတို့ဘက်က ဘာမှ တုံ့ပြန်လာတာ မရရှိဘူးလို့လည်း ကုလသမဂ္ဂက ဆိုပါတယ်။

ပထမတခေါက် ၂၀၁၈ အောက်တိုဘာမှာလည်း ရိုဟင်ဂျာအမျိုးသား ခုနစ်ဦးကို အိန္ဒိယက ရခိုင်ပြည်နယ်ကို ပြန်ပို့ခဲ့တယ်လို့ ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ UNHCR မှာ ဒုက္ခသည်အဖြစ်နဲ့ မှတ်ပုံတင်ထားတဲ့ ရိုဟင်ဂျာ ၁၈၀၀၀ လောက် ရှိပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG