သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့်ရှ်ဘက်ပြေး ရခိုင်စစ်ရှောင်တွေအရေး ကုလစိုးရိမ်


မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းက မြစ်ကမ်းဘေးရွာတရွာ။ (ဓာတ်ပုံ- UNHCR)
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းက မြစ်ကမ်းဘေးရွာတရွာ။ (ဓာတ်ပုံ- UNHCR)

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ဒေသတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေတာ ကြောင့် လုံခြုံရေး အခြေအနေတွေ ယိုယွင်းလာနေပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည်တွေ ထပ်မံထွက်ပြေးလာနေတဲ့အတွက် စိုးရိမ်တဲ့ အကြောင်း ကုလသမဂ္ဂက စိုးရိမ်ကြောင်း ပြောဆိုလိုက်ပါတယ်။

တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကျပ် အတည်းနဲ့ နောက်ဆက်တွဲ ဒုက္ခသည် ပြဿနာတွေ ကြုံရမှာကို အထူးစိုးရိမ်ကြောင်း လည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာရုံးချုပ်ကနေ ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။

ဘေးဒဏ်သင့်ဒေသမှာ လိုအပ်မယ့် လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့ အသင့်ရှိနေကြောင်းနဲ့ မြန်မာနိုင်ငံက ပဋိပက္ခတွေကို ရှောင်ရှားပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်း ရောက်လာသူ တွေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့လည်း ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းထားပါတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ ထပ်မံရောက်ရှိလာ နေတာကို ဟန့်တားဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက နယ်စပ်တွေကို ပိတ်ဆို့ထားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်မှာပဲ ကုလသမဂ္ဂရဲ့ တိုက်တွန်းချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က ရဲကင်းစခန်းတွေကို AA ရခိုင်လက်နက်ကိုင် အဖွဲ့က ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေ ရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ စတင်ခဲ့ရာက ၂ ဘက်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ တိုက်ပွဲတွေကို တိမ်းရှောင် ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bandarban ဒေသကို ရောက်ရှိလာနေကြတဲ့အတွက် ဒီသီတင်းပတ်ထဲမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ကန့်ကွက်ခဲ့ပါတယ်။

XS
SM
MD
LG