သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းမှာ အရပ်ဘက် တိုက်ခိုက်မှု ကုလ ရှုတ်ချ


ခွဲထွက်ရေးဝါဒီတွေ ထိန်းချုပ်ထားတဲ့ ယူကရိန်းအရှေ့ခြမ်းပြ မြေပုံ။
ခွဲထွက်ရေးဝါဒီတွေ ထိန်းချုပ်ထားတဲ့ ယူကရိန်းအရှေ့ခြမ်းပြ မြေပုံ။

ယူကရိန်းနိုင်ငံအရှေ့ဖက်ခြမ်းမှာ တိုက်ပွဲတွေ အရှိန်မြင့်လာတာကို ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာအကြီးအကဲ Jeffery Feltman က သတိပေး လိုက်ပြီး မကြာသေးမီက တိုက်ပွဲတွေအတွင်း အမြောက်နဲ့ပစ်ခတ်မှုကြောင့် အရပ်သားတွေ ထိမှန်နေရတာဟာ ဥပဒေကို ချိုးဖောက်ရာ ရောက်ကြောင်း ပြစ်တင်ဝေဖန်လိုက်ပါတယ်။

သူပုန်တွေထိန်းချုပ်ထားရာကနေ အခုတော့ အစိုးရတပ်တွေထိန်းချုပ်လိုက်တဲ့ ဆိပ်ကမ်းမြို့Mariupol မှာ စနေနေ့က ကျရောက်တဲ့ အမြောက်ဆံတွေက အရပ်သားတွေကိုထိမှန်ခဲ့တယ်လို့ တနင်္လာနေ့ မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးအပေါ်အစည်း အတွင်း Feltman ကပြောဆိုလိုက်တာပါ။ ဒါဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ပြောပါတယ်။ အဲဒီ ပြစ်မှုကျူးလွန်သူတွေကို တရားဥပဒေကြောင်းအရ အပြစ်ပေးရမယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် ယူကရိန်း ခွဲထွက်ရေး သူပုန်တွေကို နားချပေးဖို့ Feltman က ရုရှားအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ရုရှားနိုင်ငံဟာ နယ်မြေတွေပိုရလာအောင် ကြိုးပမ်းနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha Power က စွပ်စွဲ ပြောဆိုလိုက်သလို ရုရှားဟာ နိုင်ငံတကာကို အရူးလုပ်နေတာသာဖြစ်တယ်လို့ သူက ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG