သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစွန်းရောက်ဆိုသူ ၃၈ ဦး အီရတ် ကွပ်မျက်မှု ကုလရှုတ်ချ


အီရတ်နိုင်ငံမှာ အစွန်းရောက်အကြမ်းဖက်မှုနဲ့ ပတ်သက်နေတယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ အမျိုးသား ၃၈ ဦးကို မနေ့ သောကြာနေ့မှာ အာဏာပိုင်တွေက ကွက်မျက်လိုက်ပါတယ်။ အခုလို အစုလိုက်အပြုံလိုက် ကွက်မျက်ခဲ့တဲ့ အီရတ်တရားစီရင်မှုကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အဆင့်မြင့်တာဝန်ရှိသူတွေက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ လူပေါင်း ၄၀ နီးပါးကို တခါတည်း ကွက်မျက်လိုက်တဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂတာဝန်ရှိသူတွေဘက်က အံသြတုန်လှုပ်ပြီး စိတ်ပျက်ခဲ့ကြတာပါ။

အခုလို ကွက်မျက်တဲ့ စီရင်ချက်နဲ့ ပတ်သက်လို့ သူတို့ ကြိုတင်မသိခဲ့ရဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရအမျိုးသမီး Liz Throssell က ဗွီအိုအေကိုပြောပါတယ်။ အီရတ်နိုင်ငံရဲ့ တရားစီရင်မှုစနစ်ဟာ အလွန်ကို ချို့ယွင်းအားနည်းနေပြီး ကွက်မျက်ခံလိုက်ရတဲ့ အမျိုးသား ၃၈ ဦးအနေနဲ့ မျှတတဲ့ စီရင်မှု ရခဲ့သလားဆိုတာ သံသယဖြစ်စရာရှိကြောင်း Throssell ကဆိုပါတယ်။

ဒါအပြင် သေဒဏ်ချမှတ်ခံရတဲ့ လူတွေနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်သိရဖို့ ၂၀၁၅ခုနှစ်ကတည်းက အီရတ်နိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂရုံးကနေ အီရတ် တရားရေးဝန်ကြီးကို အကြိမ်ကြိမ်မေးမြန်းစုံစမ်းခဲ့ပေမယ့် တုန့်ပြန်ဖြေကြားမှု အနည်းငယ်ပဲရခဲ့တယ်လို့ Liz Throssell ကပြောပါတယ်။ ကုလသမဂ္ဂအနေနဲ့ စာရင်းအတိအကျမရသေးပေမယ့် လက်ရှိ ကွက်မျက်ခံရဖို့ စောင့်ဆိုင်းနေရတဲ့ အမျိုးသားပေါင်း ၁၂၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားကြောင်း သူကဆိုပါတယ်။

အီရတ်နိုင်ငံမှာ ကွက်မျက်မှုအားလုံးကို ရပ်ဆိုင်းပြီး သေဒဏ်စီရင်ချက် ချမှတ်မှုကို တရားဝင် ပယ်ဖျက်ဖို့ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra'ad Al Hussein က တောင်းဆိုထားပါတယ်။

အစွန်းရောက်ဆိုသူ ၃၈ ဦး အီရတ် ကွပ်မျက်မှု ကုလရှုတ်ချ
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG