မြန်မာနိုင်ငံအတွင်းက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ လွန်ခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ပြန်လည် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဒေသခံ တိုင်းရင်းသားတွေအတွက် လုံခြုံရေးအခြေအနေ အလွန်အမင်း စိုးရိမ်စရာကောင်းတဲ့ အနေအထားမှာ ရှိနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ ထောင်နဲ့ချီ ရှိနေတဲ့အခြေအနေတွေအပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ OCHA က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ကချင်ပြည်နယ် အတွင်း မြန်မာအစိုးရနဲ့ KIA ကချင်လွတ်မြောက်ရေး တပ်ဖွဲ့တို့အကြား ပြီးခဲ့တဲ့လမှာ ပြန်လည် စတင်ခဲ့တဲ့ တိုက်ပွဲတွေ၊ နောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပလောင် အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ - TNLA နဲ့ မြန်မာအစိုးတပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသ ခံတွေ ထောင်နဲ့ချီပြီး အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရပေမယ့် အဲဒီ ဒုက္ခသည်တွေကို လုံလောက်တဲ့ လူသားချင်း စာနာမှု အကူအညီတွေ မပေးနိုင်တဲ့ အပေါ် အထူး စိုးရိမ် ပူပန်ကြောင်း ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး OCHA က မေလ ၁၆ ရက် ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ရန်ကုန်ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က အခုလို ပြောပါတယ်။
“ အဲဒီ ဒေသတွေက နေရပ် ရွေ့ပြောင်း ခံထားရသူတွေအတွက် အရေးပေါ် အခြေအနေတွေကို လိုအပ်နေတယ်ဆိုတာကို မြန်မာနိုင်ငံဆိုင်ရာ OCHA ရုံး အကြီးအကဲ Mark Cutts က ပြောထားပါတယ်။ ဒုက္ခရောက်နေသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ပေးနိုင်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ရေးအတွက် နိုင်ငံတကာက အကူအညီပေးတဲ့သူတွေ အဲဒီ ဒေသတွေကို အကန့်အသတ်မရှိ သွားရောက်နိုင်ဖို့ လိုတယ်ဆိုတာကိုလည်း သူက ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။”
မြန်မာအစိုးရနဲ့ ကေအိုင်အေအကြား ကချင်ပြည်နယ်တောင်ပိုင်း ဝိုင်းကြီးဒေသ မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့ကစပြီး တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့ တာပါ။ ကေအိုင်အေနဲ့ မြန်မာအစိုးရတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးကြတဲ့ အရင် ဒုက္ခသည် လက်ကျန်တွေ ရှိနေသေးတာအပြင် အခု အသစ်ထပ်ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းက တရုတ် - မြန်မာနယ်ဒေသတွေမှာ ပိတ်မိနေကြတာပါ။
ကုလသမဂ္ဂအနေနဲ့ IDP လို့ခေါ်တဲ့ ပြည်တွင်းနေရပ်ရွေ့ပြောင်းခံရတဲ့ ဒုက္ခသည်တွေကို အကူအညီပေးနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်နေပါတယ်လို့ Farhan Haq က ပြောပါတယ်။
“ ကျနော်တို့လုပ်ငန်းတွေကို ဆက်လုပ်နေပါတယ်။ ဒါပေမယ့် ကချင်ပြည်နယ် တောင်ပိုင်းဒေသတွေနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေမှာ ရှိနေကြတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေအတွက် ပိုမိုဆိုးရွားလာနေတဲ့ လုံခြုံရေး အခြေအနေတွေအပေါ် စိုးရိမ် ပူပန်မိပါတယ်။”
ဒီဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ တရုတ်ပြည်ဘက်ကို ထွက်ပြေးသွားကြတာနဲ့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အနီးမှာ ဧပြီလ ၃၀ ရက်နေ့ စတင် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အနည်းဆုံး ဒေသခံ ၆၀၀ လောက် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။
ဧပြီလဆန်းပိုင်းက ပြန်လည် စတင်ခဲ့တဲ့ ဒီတိုက်ပွဲတွေကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးရသူ သုံးထောင်ကျော် ရှိသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒုက္ခသည်တွေ အရေးပေါ်လိုအပ်နေတဲ့ စားနပ်ရိက္ခာ၊ သောက် သုံးရေ၊ အရေးပေါ် အိမ်သာနဲ့ ယာယီ တဲတွေကို မြန်မာနိုင်ငံအတွင်းက ဒေသခံ NGO အဖွဲ့တွေကတဆင့် နိုင်ငံတကာ အဖွဲ့အစည်းတွေက ပံ့ပိုး ပေးနေတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာက အဖွဲ့အစည်းတွေအနေနဲ့ ဒုက္ခသည်တွေကို ရံဖန် ရံခါလောက်သာ သွားရောက် အကူအညီပေးတာမျိုးမဟုတ်ပဲ ဒေသခံ NGO အဖွဲ့တွေကို အကူအညီပေးတာတွေအပြင် ဒုက္ခသည်တွေအတွက် အကန့်အသတ်မရှိ ရေရှည် ပုံမှန် အကူအညီပေးနိုင်ဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ OCHA ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mark Cutts က ပြောပါတယ်။
မြန်မာအစိုးရဖက်က ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ကေအိုင်အို အပါအဝင် တိုင်းရင်းသား လက်နက်အဖွဲ့တွေအကြားက အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆွေးနွေးပွဲ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေသလို ကေအိုင်အိုနဲ့ မြန်မာအစိုးရကြား သီးခြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိထားခြင်း မရှိသေးတာကြောင့် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးဟာလည်း အခုချိန် အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။