သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံတကာ လေကြောင်းပျံသန်းမှု အန္တရာယ်ရှိကြောင်း ကုလသုံးသပ်


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သုဝဏ္ဏဘုမိလေယာဉ်ကွင်းက ခရီးသည်တင်လေယာဉ်များ။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သုဝဏ္ဏဘုမိလေယာဉ်ကွင်းက ခရီးသည်တင်လေယာဉ်များ။

ကုလသမဂ္ဂရဲ့နိုင်ငံတကာ အရပ်ဘက်လေကြောင်းပျံသန်းမှုအဖွဲ့အစည်းကြီး ICAO က ထိုင်းနိုင်ငံပိုင်လေကြောင်းတွေဟာ နိုင်ငံတကာ လေကြောင်းပျံသန်းမှု ခရီးစဉ်တေ ွပိတ်ဆို့မှုကို ရင်ဆိုင်နိုင်ဖွယ်ရှိတဲ့ သိသာတဲ့ ဘေးအန္တရာယ် စိုးရိမ်မကင်းဖြစ်မှုတွေရှိတယ်လို့ တနင်္လာနေ့က ကြေညာခဲ့တဲ့အတွက် ဒီကိစ္စကို အလျင်အမြန်ဖြေရှင်းဖို့ ထိုင်းအစိုးရကကြိုးပမ်း ဆောင်ရွက်နေပါတယ်။

ICAO ရဲ့အခုလို အနုတ်လက္ခဏာဆောင်တဲ့သုံးသပ်မှုကြောင့် ဂျပန်နဲ့တောင်ကိုရီးယားတို့က ထိုင်းနိုင်ငံက နောက်ထပ် လေယာဉ် ပံျသန်းမှုတွေကို ပိတ်ဆို့ဖို့ အရေးယူဆောင်ရွက်ခဲ့ပါတယ်။

ICAO ကထိုင်းနိုင်ငံရဲ့လေယာဉ်ပံျသန်းမှုကို အဆင့် (၁) ကနေ (၂) ကိုလျှော့ချမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုအပါအဝင် အခြား နိုင်ငံတွေကလည်း အလားတူအရေး ယူဆောင်ရွက်ဖို့ အလားအလာရှိနေပါတယ်။

ဂျပန်နဲ့တောင်ကိုရီးယားတို့ လေကြောင်းဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ပတ်သက်ပြီးတော့ ကိုယ်ပိုင်အကဲဖြတ်မှုတွေမပြုလုပ်ဘဲ ICAO ရဲ့ တွေ့ရှိချက်တွေပေါ် မူတည်ပြီး အရေးယူ ဆောင်ရွက်တာဖြစ်ပါတယ်။

ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ ထိုင်းခရီးသည်လေယာဉ်ပံျသန်းမှုဌာနကို အထူးသဖြင့် စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။ အခုလို ICAO ရဲ့အကဲဖြတ်စစ်ဆေးတွေ့ရှိချက်နဲ့ပတ်သက်ပြီး လက်ရှိလေယာဉ်ပျံသန်းမှုတွေကိုတော့ ထိခိုက်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဧပြီလလယ်ရှိ ထိုင်းသင်္ကြန်ကျချိန်မှာ လေယာဉ်ပျံသန်းမှုတွေကို ရပ်ဆိုင်းမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခရီးသွားအေဂျင်စီ ကြိုတင်ရောင်းချထားတဲ့ လေယာဉ်လက်မှတ်တွေကို ထိခိုက်မှာဖြစ်ပါတယ်။

XS
SM
MD
LG