သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး သိမ်းပိုက်နယ်မြေတွေနဲ့ ပတ်သက်လို့ ICJ ကြားနာစစ်ဆေးမည်


ISRAEL-PALESTINIANS/SAFRICA-WORLD COURT
ISRAEL-PALESTINIANS/SAFRICA-WORLD COURT

၁၉၆၇ ခုနှစ်ကတည်းက ပါလက်စတိုင်းနယ်မြေတွေကို အစ္စရေးသိမ်းပိုက်ခဲ့တဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ထိပ်တန်းတရားရုံးဖြစ်တဲ့ ICJ မှာ တနင်္လာနေ့ကျရင် ကြားနာစစ်ဆေးမှာ ဖြစ်ပါတယ်။

ကြားနာစစ်ဆေးမှုမှာ နိုင်ငံပေါင်း ၅၂ နိုင်ငံက အထောက်အထားတွေ တင်ပြလိမ့်မယ်လို့ ခန့်မှန်းထားပြီး၊ ဒါဟာဆိုရင် ICJ တရားရုံးသမိုင်းမှာ အရင်က တခါမှမရှိခဲ့ဖူးပါဘူး။

နယ်သာလန်နိုင်ငံ The Hague မှာရှိတဲ့ ICJ နိုင်ငံတကာ တရားရုံးရဲ့ တပတ်ကြာ စစ်ဆေးမှုမှာ အမေရိကန်၊ ရုရှား၊ တရုတ်စတဲ့ နိုင်ငံတွေက ထွက်ဆိုကြဖို့ရှိပါတယ်။

အရှေ့ဂျေရုဆလင်အပါအဝင် သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းနယ်မြေတွေမှာ အစ္စရေးရဲ့ မူဝါဒ ကျင့်ထုံးတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဥပဒေအကျိုးဆက်တွေနဲ့ ပတ်သက်လို့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလမှာ ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ICJ တရားရုံးရဲ့ အကြံဉာဏ်ကို တောင်းခံခဲ့တာပါ။

ICJ ရဲ့ အကြံပြုချက်တွေကို မဖြစ်မနေ လိုက်နာဖို့ မလိုပေမဲ့ လက်ရှိ ဂါဇာကမ်းမြှောင်ဒေသမှာ ဟာမတ်စ်စစ်သွေးကြွတွေအပေါ် တိုက်ခိုက်မှုတွေကြောင့် အစ္စရေးအပေါ် နိုင်ငံတကာက ဥပဒေကြောင်းအရ ဖိအားတွေ တိုးလာနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

လက်ရှိ ဂါဇာက ထိုးစစ်တွေမှာ အစ္စရေးက လူမျိုးတုံးအောင် လုပ်နေတယ်လို့ တောင်အာဖရိကနိုင်ငံက ICJ မှာ စွဲချက်တင် အမှုစစ်ဆေးနေတာနဲ့ အခု ပါလက်စတိုင်းနယ်မြေမှာ အစ္စရေးသိမ်းပိုက်ထားတာကို ကြားနာမယ့်ကိစ္စကတော့ သီးခြားစီဖြစ်ပါတယ်။

XS
SM
MD
LG