သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကုလသမဂၢမွာ ျမန္မာကိုယ္စားျပဳမႈဆိုင္ရာ ထြက္ေပၚရလဒ္ NUG ႀကိဳဆို


{{Zawgyi/Unicode}}

ကုလသမဂၢမွာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳမႈနဲ႔ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္ခ်ဖို႔ကိစၥ Credential ေကာ္မတီက ေ႐ႊ႕ဆိုင္းလိုက္ေပမယ့္ တကယ့္လက္ေတြ႕ ရလဒ္ကိုေတာ့ ႀကိဳဆိုတဲ့အေၾကာင္း ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG တာဝန္ရွိသူတဦးက ဗြီအိုေအကိုေျပာပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး ေနာက္ထပ္ ဘာေတြ ဆက္ျဖစ္လာႏိုင္ေျခရွိပါသလဲ၊ NUG လူ႔အခြင့္အေရးဝန္ႀကီး ဦးေအာင္မ်ိဳးမင္းကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္းထားပါတယ္။

“လက္ရွိကေတာ့ တာဝန္ထမ္းေဆာင္ေနတဲ့ ဦးေက်ာ္မိုးထြန္းကိုပဲ ဆက္လက္ၿပီးေတာ့ တာဝန္ခန္႔အပ္ဖုိ႔ သူတို႔ ဆံုးျဖတ္လိုက္တဲ့သေဘာပဲျဖစ္ပါတယ္။ Credential Committee ကေန ထုတ္ျပန္လိုက္တာျဖစ္တယ္။ ဒါေပမယ့္ သူ႔ရဲ႕လုပ္ထံုးလုပ္နည္းက ကုလသမဂၢအေထြေထြညီလာခံကို ဆက္လက္တင္ျပအတည္ျပဳမွာျဖစ္ပါတယ္။ အဲဒီေတာ့ က်ေနာ္တို႔ေတာင္းဆိုသလုိ NUG ကို အသိအမွတ္ျပဳဖို႔အဆင့္ထိ မရေသးဘူး။ ဒါေပမယ့္ ဒီေလာက္အေျခအေနနဲ႔ ဆက္ၿပီးေတာ့ ရွိျခင္းကိုယ္တုိင္က ႀကိဳဆိုပါတယ္၊ သေဘာက်ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ႏုိင္ငံတကာအလယ္မွာ ျပည္သူေတြရဲ႕အသံနဲ႔ ျပည္သူေတြရဲ႕ခံစားခ်က္၊ ေနာက္တခါ ျမန္မာျပည္သူေတြအေပၚမွာ တကယ္ထိေရာက္ေကာင္းမြန္တဲ့ အေရးဆို ေျပာဆိုတင္ျပခ်က္ေတြ ျပဳလုပ္ဖို႔က အဓိကျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ ဒီ တ႐ုတ္သံအမတ္နဲ႔ပဲျဖစ္ျဖစ္၊ အာဆီယံ သံအမတ္ေတြနဲ႔ပဲျဖစ္ျဖစ္ ျမန္မာ့အေရးကို ေဆြးေႏြးတာ၊ ဆံုးျဖတ္ခ်က္ခ်တာ၊ အေရးယူလုပ္ေဆာင္မႈေတြျဖစ္တဲ့အခါမွာ ပိုၿပီးေတာ့ တရားဝင္လမ္းေၾကာင္းအရ ပိုၿပီးေတာ့ သံခင္းတမန္ခင္းအရ ေျပာႏိုင္ဖို႔အတြက္ အင္အားသက္ေရာက္တယ္။ ဒါေပမယ့္ NUG ကို တရားဝင္အစိုးရအျဖစ္၊ တရားဝင္အသိအမွတ္ျပဳတဲ့ အဆင့္အထိေတာ့ မေရာက္ေသးဘူး၊ ဒါကေတာ့ က်ေနာ္ ဆက္ၿပီး ႀကိဳးစားရမွာ။ ဒိထက္ပိုၿပီး ႀကိဳးစားလုပ္ေဆာင္ဖို႔ေတာ့ လုိအပ္ပါေသးတယ္။

ကိုဝင္းမင္း။. ။ ဟုတ္ကဲ့၊ အဲဒီေတာ့ အခု ဒီ လက္ရွိ Credential Committee လို႔ ေခၚတဲ့ ကုလအရည္အခ်င္းစစ္ ေကာ္မတီဆံုးျဖတ္ခ်က္ရဲ႕ အဓိက ထူးျခားတာဆို ဘာကို ေထာက္ျပမလဲ။

ဦးေအာင္မ်ဳိးမင္း။. ။ စစ္ေကာင္စီက စစ္အစိုးရအျဖစ္ အသိအမွတ္ျပဳဖို႔အတြက္ ႀကိဳးစားမႈ မေအာင္ျမင္ေသးတာေသခ်ာတယ္။ သာမန္အေနအထားအရဆိုလို႔ရွိရင္ေတာ့ ျမန္မာႏုိင္ငံရဲ႕ကိစၥေတြမွာ အၿမဲတမ္း ဟိုဘက္ ဒီဘက္ေပါ့ေနာ္။ ဒီမိုကေရစီနဲ႔ တျခားေသာ စစ္ေကာင္စီဘက္ကိုယိမ္းတဲ့ ႏုိင္ငံေတြၾကားထဲမွာရွိလို႔ရွိရင္ တခါတည္း ဆံုးျဖတ္ခ်က္က က်ေလ့မရွိပါဘူး။ သိပ္ၿပီးေတာ့ ျပင္းထန္တဲ့ဟာမ်ဳိးေတြ မျဖစ္ႏုိင္ဘူး။ အထူးသျဖင့္ က်ေနာ္တို႔သတိထားၿပီးေတာ့ ေစာင့္ၾကည့္ရတာေတာ့ တ႐ုတ္နဲ႔႐ုရွားလိုႏုိင္ငံေတြေပါ့။ ဒါေပမယ့္ အခါအခုမွာေတာ့ Credential Committee ထဲမွာကိုယ္တုိင္က တ႐ုတ္နဲ႔႐ုရွားကပါေနတယ္။ သူတို႔ကေန သေဘာတူထားတဲ့အေနအထားမ်ဳိးျဖစ္တယ္။ အဲဒီေတာ့ ကုလသမဂၢရဲ႕အေထြေထြညီလာခံမွာ ဆက္လက္ တင္ရင္ သိပ္ၿပီးေတာ့ အျငင္းအခုန္ပံုစံမ်ဳိး မရွိေတာ့ဘဲနဲ႔ အေစာႀကီးကတည္းက သေဘာတူထားတဲ့ပံုစံျဖစ္ေနတာကေတာ့ ထူးျခားခ်က္ေလး ျဖစ္ပါလိမ့္မယ္။

ကိုဝင္းမင္း။. ။ ဟုတ္ကဲ့၊ ဦးေအာင္မ်ဳိးမင္း။ ဘာေၾကာင့္ အခုလို တ႐ုတ္နဲ႔႐ုရွားက ထူးထူးျခားျခားသေဘာတူတယ္လို႔ထင္လဲ။

ဦးေအာင္မ်ဳိးမင္း။ ။ ဒီအခ်ိန္မွာ တ႐ုတ္နဲ႔႐ုရွားက လက္ရွိမွာျဖစ္ပ်က္ေနတဲ့ စစ္ေကာင္စီရဲ႕က်ဴးလြန္ေနတဲ့ရာဇဝတ္မႈေတြကို ျငင္းဆိုလို႔မရတာ၊ အကာအကြယ္ေပးလို႔မရတာ အထင္အရွားပါပဲ။ ဟိုးအရင္ကတည္းက ကုလသမဂၢရဲ႕ လံုၿခံဳေရးေကာင္စီမွာ ေဆြးေႏြးတဲ့အခ်က္ေတြမွာေရာ ၿပီးခဲ့တဲ့အေထြေထြညီလာခံမွာ ခ်မွတ္ခဲ့တဲ့ ဆံုးျဖတ္ခ်က္ေတြမွာေကာ၊ လယ္ျပင္မွာဆင္သြားသလို ထင္ရွားေနတယ္။ ႏုိင္ငံတကာကေန သတ္မွတ္ထားတဲ့ ရာဇဝတ္မႈအဆင့္ထိကို ေရာက္ရွိေနၿပီဆိုတာကို ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္အပါအဝင္ က်န္တဲ့ႏုိင္ငံေတြရဲ႕ ေျပာဆိုခ်က္ေတြ၊ အထူးသျဖင့္ တခါမွေတာင္ ဒီလိုမ်ဳိးမေျပာဖူးတဲ့ အာဆီယံမွာကအစ ေဒသတြင္းလံုၿခံဳေရးကို ထိခုိက္လာၿပီဆိုတာကို ေျပာလာတဲ့အတြက္ ေနာက္တခု- ဒီတခါမွာ ပိုအားေကာင္းတာကေတာ့ ဦးေက်ာ္မိုးထြန္းက NUG ဘက္ကို ရပ္တည္ၿပီးေတာ့ ျပည္သူလူထုနဲ႔တသားတည္း ရပ္တည္ခဲ့တဲ့ဟာ ျဖစ္ပါတယ္။ အဲဒါေၾကာင့္မို႔လို႔ သူတို႔က ဒါကို သိပ္ၿပီးေတာ့ ျပင္းျပင္းထန္ထန္ မလုပ္ေဆာင္လိုတဲ့ ဆႏၵမ်ဳိးရွိတယ္။ တကၻာလံုးနဲ႔ ထိပ္တုိက္ေတြ႔မယ့္ အေနအထားမ်ဳိးျဖစ္ႏိုင္တဲ့ဟာကို စိုးရိမ္တာျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔အေနနဲ႔က ႏုိင္ငံတကာမွာေတာ့ ေလွ်ာ့ေပးလိုက္မယ္၊ ဒါေပမယ့္ ႏုိင္ငံအခ်င္းခ်င္းၾကားမွာ ဟိုမွာ စစ္ေကာင္စီနဲ႔ သူတို႔နဲ႔ ၾကားထဲမွာ အက်ဳိးတူလုပ္ေဆာင္တဲ့ ကိစၥပိုင္းမွာေတာ့ ဆက္သြားေနတဲ့အရာေတြ ရွိတယ္။

ကိုဝင္းမင္း။. ။ ဟုတ္ကဲ့၊ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ဦးေအာင္မ်ိးမင္းခင္ဗ်ား။

တိုက္႐ိုက္ လင့္ခ္

=========

{{Unicode}}

ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြုမှုဆိုင်ရာ ထွက်ပေါ်ရလဒ် NUG ကြိုဆို

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုမှုနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ကိစ္စ Credential ကော်မတီက ရွှေ့ဆိုင်းလိုက်ပေမယ့် တကယ့်လက်တွေ့ ရလဒ်ကိုတော့ ကြိုဆိုတဲ့အကြောင်း ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး နောက်ထပ် ဘာတွေ ဆက်ဖြစ်လာနိုင်ခြေရှိပါသလဲ၊ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

“လက်ရှိကတော့ တာဝန်ထမ်းဆောင်နေတဲ့ ဦးကျော်မိုးထွန်းကိုပဲ ဆက်လက်ပြီးတော့ တာဝန်ခန့်အပ်ဖို့ သူတို့ ဆုံးဖြတ်လိုက်တဲ့သဘောပဲဖြစ်ပါတယ်။ Credential Committee ကနေ ထုတ်ပြန်လိုက်တာဖြစ်တယ်။ ဒါပေမယ့် သူ့ရဲ့လုပ်ထုံးလုပ်နည်းက ကုလသမဂ္ဂအထွေထွေညီလာခံကို ဆက်လက်တင်ပြအတည်ပြုမှာဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့တောင်းဆိုသလို NUG ကို အသိအမှတ်ပြုဖို့အဆင့်ထိ မရသေးဘူး။ ဒါပေမယ့် ဒီလောက်အခြေအနေနဲ့ ဆက်ပြီးတော့ ရှိခြင်းကိုယ်တိုင်က ကြိုဆိုပါတယ်၊ သဘောကျပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာအလယ်မှာ ပြည်သူတွေရဲ့အသံနဲ့ ပြည်သူတွေရဲ့ခံစားချက်၊ နောက်တခါ မြန်မာပြည်သူတွေအပေါ်မှာ တကယ်ထိရောက်ကောင်းမွန်တဲ့ အရေးဆို ပြောဆိုတင်ပြချက်တွေ ပြုလုပ်ဖို့က အဓိကဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီ တရုတ်သံအမတ်နဲ့ပဲဖြစ်ဖြစ်၊ အာဆီယံ သံအမတ်တွေနဲ့ပဲဖြစ်ဖြစ် မြန်မာ့အရေးကို ဆွေးနွေးတာ၊ ဆုံးဖြတ်ချက်ချတာ၊ အရေးယူလုပ်ဆောင်မှုတွေဖြစ်တဲ့အခါမှာ ပိုပြီးတော့ တရားဝင်လမ်းကြောင်းအရ ပိုပြီးတော့ သံခင်းတမန်ခင်းအရ ပြောနိုင်ဖို့အတွက် အင်အားသက်ရောက်တယ်။ ဒါပေမယ့် NUG ကို တရားဝင်အစိုးရအဖြစ်၊ တရားဝင်အသိအမှတ်ပြုတဲ့ အဆင့်အထိတော့ မရောက်သေးဘူး၊ ဒါကတော့ ကျနော် ဆက်ပြီး ကြိုးစားရမှာ။ ဒိထက်ပိုပြီး ကြိုးစားလုပ်ဆောင်ဖို့တော့ လိုအပ်ပါသေးတယ်။

ကိုဝင်းမင်း။. ။ ဟုတ်ကဲ့၊ အဲဒီတော့ အခု ဒီ လက်ရှိ Credential Committee လို့ ခေါ်တဲ့ ကုလအရည်အချင်းစစ် ကော်မတီဆုံးဖြတ်ချက်ရဲ့ အဓိက ထူးခြားတာဆို ဘာကို ထောက်ပြမလဲ။

ဦးအောင်မျိုးမင်း။. ။ စစ်ကောင်စီက စစ်အစိုးရအဖြစ် အသိအမှတ်ပြုဖို့အတွက် ကြိုးစားမှု မအောင်မြင်သေးတာသေချာတယ်။ သာမန်အနေအထားအရဆိုလို့ရှိရင်တော့ မြန်မာနိုင်ငံရဲ့ကိစ္စတွေမှာ အမြဲတမ်း ဟိုဘက် ဒီဘက်ပေါ့နော်။ ဒီမိုကရေစီနဲ့ တခြားသော စစ်ကောင်စီဘက်ကိုယိမ်းတဲ့ နိုင်ငံတွေကြားထဲမှာရှိလို့ရှိရင် တခါတည်း ဆုံးဖြတ်ချက်က ကျလေ့မရှိပါဘူး။ သိပ်ပြီးတော့ ပြင်းထန်တဲ့ဟာမျိုးတွေ မဖြစ်နိုင်ဘူး။ အထူးသဖြင့် ကျနော်တို့သတိထားပြီးတော့ စောင့်ကြည့်ရတာတော့ တရုတ်နဲ့ရုရှားလိုနိုင်ငံတွေပေါ့။ ဒါပေမယ့် အခါအခုမှာတော့ Credential Committee ထဲမှာကိုယ်တိုင်က တရုတ်နဲ့ရုရှားကပါနေတယ်။ သူတို့ကနေ သဘောတူထားတဲ့အနေအထားမျိုးဖြစ်တယ်။ အဲဒီတော့ ကုလသမဂ္ဂရဲ့အထွေထွေညီလာခံမှာ ဆက်လက် တင်ရင် သိပ်ပြီးတော့ အငြင်းအခုန်ပုံစံမျိုး မရှိတော့ဘဲနဲ့ အစောကြီးကတည်းက သဘောတူထားတဲ့ပုံစံဖြစ်နေတာကတော့ ထူးခြားချက်လေး ဖြစ်ပါလိမ့်မယ်။

ကိုဝင်းမင်း။. ။ ဟုတ်ကဲ့၊ ဦးအောင်မျိုးမင်း။ ဘာကြောင့် အခုလို တရုတ်နဲ့ရုရှားက ထူးထူးခြားခြားသဘောတူတယ်လို့ထင်လဲ။

ဦးအောင်မျိုးမင်း။ ။ ဒီအချိန်မှာ တရုတ်နဲ့ရုရှားက လက်ရှိမှာဖြစ်ပျက်နေတဲ့ စစ်ကောင်စီရဲ့ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကို ငြင်းဆိုလို့မရတာ၊ အကာအကွယ်ပေးလို့မရတာ အထင်အရှားပါပဲ။ ဟိုးအရင်ကတည်းက ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးတဲ့အချက်တွေမှာရော ပြီးခဲ့တဲ့အထွေထွေညီလာခံမှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေမှာကော၊ လယ်ပြင်မှာဆင်သွားသလို ထင်ရှားနေတယ်။ နိုင်ငံတကာကနေ သတ်မှတ်ထားတဲ့ ရာဇဝတ်မှုအဆင့်ထိကို ရောက်ရှိနေပြီဆိုတာကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အပါအဝင် ကျန်တဲ့နိုင်ငံတွေရဲ့ ပြောဆိုချက်တွေ၊ အထူးသဖြင့် တခါမှတောင် ဒီလိုမျိုးမပြောဖူးတဲ့ အာဆီယံမှာကအစ ဒေသတွင်းလုံခြုံရေးကို ထိခိုက်လာပြီဆိုတာကို ပြောလာတဲ့အတွက် နောက်တခု- ဒီတခါမှာ ပိုအားကောင်းတာကတော့ ဦးကျော်မိုးထွန်းက NUG ဘက်ကို ရပ်တည်ပြီးတော့ ပြည်သူလူထုနဲ့တသားတည်း ရပ်တည်ခဲ့တဲ့ဟာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ သူတို့က ဒါကို သိပ်ပြီးတော့ ပြင်းပြင်းထန်ထန် မလုပ်ဆောင်လိုတဲ့ ဆန္ဒမျိုးရှိတယ်။ တက္ဘာလုံးနဲ့ ထိပ်တိုက်တွေ့မယ့် အနေအထားမျိုးဖြစ်နိုင်တဲ့ဟာကို စိုးရိမ်တာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့က နိုင်ငံတကာမှာတော့ လျှော့ပေးလိုက်မယ်၊ ဒါပေမယ့် နိုင်ငံအချင်းချင်းကြားမှာ ဟိုမှာ စစ်ကောင်စီနဲ့ သူတို့နဲ့ ကြားထဲမှာ အကျိုးတူလုပ်ဆောင်တဲ့ ကိစ္စပိုင်းမှာတော့ ဆက်သွားနေတဲ့အရာတွေ ရှိတယ်။

ကိုဝင်းမင်း။. ။ ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ်။ ဦးအောင်မျိးမင်းခင်ဗျား။

#MyanmarMilitaryCoup #UNCredential #voaburmese #ကုလသမဂ္ဂ #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း #NUG#အောင်မျိုးမင်း#ကျော်မိုးထွန်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG