သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလမွာ ျမန္မာကိုယ္စားျပဳမႈ ဒီဇင္ဘာ ၁ ရက္ ေဆြးေႏြးမည္


နယူးေယာက္ျမဳိ႕က ကုလသမဂၢဌာနခ်ဳပ္။

{{Zawgyi/Unicode}}

ကုလသမဂၢမွာ ျမန္မာႏိုင္ငံအတြက္ ကိုယ္စားျပဳမယ့္သူ ေနရာအတြက္ ကုလသမဂၢရဲ႕ စိစစ္လက္ခံေရးေကာ္မတီ (Credentials Committee) က လာမယ့္ ဒီဇင္ဘာလမွာ ေဆြးေႏြးဖို႔ စီစဥ္ထားပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းေတြ ေပၚေပါက္ေနတဲ့ ျမန္မာႏိုင္ငံအတြက္ ကိုယ္စားလွယ္ေနရာနဲ႔ ၾသဂုတ္လထဲ တာလီဘန္ေတြ တေက်ာ့ျပန္ အာဏာရခဲ့တဲ့ အာဖဂန္နစၥတန္ ႏိုင္ငံအတြက္ ကိုယ္စားလွယ္ေနရာေတြကို အဖဲြ႕၀င္ ၉ ဦး ပါ၀င္တဲ့ ေကာ္မတီမွာ ေဆြးေႏြးမွာျဖစ္ေၾကာင္း ကုလသမဂၢ အေထြေထြညီလာခံ သဘာပတိက ဗြီအိုေအကို အတည္ျပဳခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းတဲ့ လုပ္ရပ္ကို ဆန္႔က်င္ေၾကာင္း ေျပာဆိုထားတဲ့ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္း သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ကိုေတာ့ ျမန္မာစစ္အာဏာပိုင္ေတြက ႏိုင္ငံေတာ္ သစၥာေဖာက္အျဖစ္ စြပ္စဲြထားၿပီး ရာထူးက ဖယ္ရွားေၾကာင္း ေၾကညာထားသလို၊ သူ႔ေနရာမွာ စစ္အရာရွိေဟာင္းတဦးနဲ႔ အစားထိုးဖို႔လည္း ႀကိဳးပမ္းေနတာ ျဖစ္ပါတယ္။

ဒါေပမဲ့လည္း ကုလသမဂၢရဲ႕ လုပ္ထုံးလုပ္နည္းအရ Credentials Committee မွာ ေဆြးေႏြးမႈေတြ မလုပ္ဘဲ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ဆက္လက္ တာ၀န္ယူႏိုင္မယ့္ အေျခအေန ဖန္တီးထားဖို႔ ေကာ္မတီ၀င္ ႏိုင္ငံေတြလည္းျဖစ္၊ လုံျခံဳေရးေကာင္စီမွာလည္း ဗီတိုအာဏာပိုင္တဲ့ အေမရိကန္၊ တ႐ုတ္၊ ႐ုရွားတို႔ၾကား ညႇိႏႈိင္းထားေၾကာင္း အေစာပိုင္းမွာ သတင္းေတြ ထြက္ေပၚခဲ့တာပါ။

ျမန္မာႏိုင္ငံအတြက္ ကိုယ္စားျပဳမယ့္သူအေရး အျငင္းပြားစရာ အေျခအေနေတြ ၾကံဳေနရခ်ိန္မွာပဲ ကုလသမဂၢနဲ႔ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း (ASEAN) ၀န္ႀကီးအဆင့္ ေဆြးေႏြးမယ့္ အစီအစဥ္ကိုလည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က ေအာက္တိုဘာလထဲ ေရႊ႕ဆိုင္းခဲ့ပါတယ္။

ႏွစ္ပတ္လည္ ကုလသမဂၢ အေထြေထြ ညီလာခံ က်င္းပတဲ့ အခ်ိန္ေလာက္မွာ ပုံမွန္ျပဳလုပ္ေလ့ရွိတဲ့ အာဆီယံနဲ႔ အစည္းအေ၀းကို စက္တင္ဘာလေႏွာင္းပိုင္း အြန္လိုင္းကေန က်င္းပဖို႔ စီစဥ္ထားေပမဲ့ ျမန္မာႏိုင္ငံကိုယ္စားျပဳမယ့္သူ ေနရာအတြက္ မဆုံးျဖတ္ရေသးခင္မွာ အတြင္းေရးမွဴးခ်ဳပ္ အေနနဲ႔ အစည္းအေ၀းမွာ ပါ၀င္ဖို႔ အခက္ေတြ႕ေနရတယ္လို႔လည္း သံတမန္ အသိုင္းအ၀န္းက ဗြီအိုေအကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


--------------

{{Unicode}}

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုမယ့်သူ နေရာအတွက် ကုလသမဂ္ဂရဲ့ စိစစ်လက်ခံရေးကော်မတီ (Credentials Committee) က လာမယ့် ဒီဇင်ဘာလမှာ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံအတွက် ကိုယ်စားလှယ်နေရာနဲ့ သြဂုတ်လထဲ တာလီဘန်တွေ တကျော့ပြန် အာဏာရခဲ့တဲ့ အာဖဂန်နစ္စတန် နိုင်ငံအတွက် ကိုယ်စားလှယ်နေရာတွေကို အဖွဲ့ဝင် ၉ ဦး ပါဝင်တဲ့ ကော်မတီမှာ ဆွေးနွေးမှာဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိက ဗွီအိုအေကို အတည်ပြုခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ပြောဆိုထားတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုတော့ မြန်မာစစ်အာဏာပိုင်တွေက နိုင်ငံတော် သစ္စာဖောက်အဖြစ် စွပ်စွဲထားပြီး ရာထူးက ဖယ်ရှားကြောင်း ကြေညာထားသလို၊ သူ့နေရာမှာ စစ်အရာရှိဟောင်းတဦးနဲ့ အစားထိုးဖို့လည်း ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ကုလသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းအရ Credentials Committee မှာ ဆွေးနွေးမှုတွေ မလုပ်ဘဲ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် တာဝန်ယူနိုင်မယ့် အခြေအနေ ဖန်တီးထားဖို့ ကော်မတီဝင် နိုင်ငံတွေလည်းဖြစ်၊ လုံခြုံရေးကောင်စီမှာလည်း ဗီတိုအာဏာပိုင်တဲ့ အမေရိကန်၊ တရုတ်၊ ရုရှားတို့ကြား ညှိနှိုင်းထားကြောင်း အစောပိုင်းမှာ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

မြန်မာနိုင်ငံအတွက် ကိုယ်စားပြုမယ့်သူအရေး အငြင်းပွားစရာ အခြေအနေတွေ ကြုံနေရချိန်မှာပဲ ကုလသမဂ္ဂနဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ဝန်ကြီးအဆင့် ဆွေးနွေးမယ့် အစီအစဉ်ကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အောက်တိုဘာလထဲ ရွှေ့ဆိုင်းခဲ့ပါတယ်။

နှစ်ပတ်လည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပတဲ့ အချိန်လောက်မှာ ပုံမှန်ပြုလုပ်လေ့ရှိတဲ့ အာဆီယံနဲ့ အစည်းအဝေးကို စက်တင်ဘာလနှောင်းပိုင်း အွန်လိုင်းကနေ ကျင်းပဖို့ စီစဉ်ထားပေမဲ့ မြန်မာနိုင်ငံကိုယ်စားပြုမယ့်သူ နေရာအတွက် မဆုံးဖြတ်ရသေးခင်မှာ အတွင်းရေးမှူးချုပ် အနေနဲ့ အစည်းအဝေးမှာ ပါဝင်ဖို့ အခက်တွေ့နေရတယ်လို့လည်း သံတမန် အသိုင်းအဝန်းက ဗွီအိုအေကို ပြောပါတယ်။

-----------------

#UNCredential #MyanmarCredential
ကုလသမဂ္ဂ #ဗွီအိုအေမြန်မာပိုင်း#ကုလသမဂ္ဂ
#ဦးကျော်မိုးထွန်း#နိုင်ငံကိုယ်စားပြုခွင့်#ဗွီအိုအေ

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG