သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုရားကျောင်းပိုင်နက် အငြင်းပွားမှု ကမ္ဘောဒီးယားအနိုင်ရ


ကမ္ဘောဒီးယားပိုင်အဖြစ် ကုလသမဂ္ဂက ဆုံးဖြတ်ချက်ပေးလိုက်တဲ့ ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်က ရှေးဟောင်း Preach Vihear ဘုရားကျောင်း။
ကမ္ဘောဒီးယားပိုင်အဖြစ် ကုလသမဂ္ဂက ဆုံးဖြတ်ချက်ပေးလိုက်တဲ့ ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်က ရှေးဟောင်း Preach Vihear ဘုရားကျောင်း။
ထိုင်းနဲ့ ကမ္ဘောဒီယား နှစ်နိုင်ငံနယ်စပ် ရှေးဟောင်းဘုရားကျောင်းကြီးရှိတဲ့ နယ်နမိတ်တဝိုက်ဟာ ကမ္ဘောဒီးယားနိုင်ငံပိုင် နယ်မြေဖြစ်တယ်လို့ ကုလသမဂ္ဂ အဆင့်မြင့်တရားရုံးက ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။

နှစ်ပေါင်း ၉၀၀ သက်တမ်းရှိပြီဖြစ်တဲ့ ဖရာ့ဝိဟာ (Preah Vihear) ဟိန္ဒူ ဘုရားကျောင်း တဝိုက်နယ်မြေဟာ ကမ္ဘောဒီယားနိုင်ငံရဲ့ အချုပ်အခြာပိုင် နယ်မြေဖြစ်တယ်ဆိုပြီးတော့ နိုင်ငံတကာ တရားရုံးကနေ တနင်္လာနေ့မှာ အမိန့်ချမှတ် လိုက်တာပါ။

ထိုင်းနဲ့ကမ္ဘောဒီယား ၂ နိုင်ငံစလုံးရဲ့ ဝန်ကြီးချုပ်တွေက တရားရုံးရဲ့ ဆုံးဖြတ်ချက် အတိုင်း လိုက်နာပါမယ်လို့ ပြောဆိုထားကြပေမယ့် ဒီတရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် အကြမ်းဖက်မှုတွေ သွေးထွက်သံယိုမှုတွေ ဖြစ်လာနိုင်ခြေရှိတယ်ဆိုပြီး စိုးရိမ်ကြတဲ့အကြောင်း ၂ နိုင်ငံစလုံးမှာရှိတဲ့ လေ့လာသုံးသပ်သူတွေက ပြောဆိုကြပါတယ်။

ဘုရားကျောင်းဟာ ကမ္ဘောဒီးယားအပိုင်ဖြစ်တယ်ဆိုတာကို ထိုင်းတွေက အသိအမှတ်ပြုကြပါတယ်။ ဒါပေမယ့် ဘုရားကျောင်းတဝိုက်နဲ့ ဘုရားကျောင်းကို သွားတဲ့ အဓိကလမ်းဟာ ထိုင်းပိုင်နယ်မြေ ဖြစ်တယ်လို့ ထိုင်းတွေက ပြောဆိုနေကြတာပါ။

ဒီနယ်မြေပိုင်ဆိုင်မှု အရေးနဲ့ ပတ်သက်ပြီး ၂၀၁၁ ခုနှစ်အတွင်း ၂ နိုင်ငံအကြား ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ခဲ့ရသလို လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပြီး အနီးတဝိုက်မှာရှိတဲ့ ထောင်သောင်းချီတဲ့ ရွာသူရွာသားတွေ ထွက်ပြေးခဲ့ကြရပါတယ်။
XS
SM
MD
LG