သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဖွယ်မရာပြုတဲ့ ဘုန်းကြီးတွေ ဖယ်ရှားဖို့ ကုလတောင်းဆို


ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မတီ ဥက္ကဋ္ဌ Kirsten Sandberg က ဗာတီကန်ကို တောင်းဆိုစဉ်။ (ဖေဖော်ဝါရီလ ၅၊ ၂၀၁၄)
ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မတီ ဥက္ကဋ္ဌ Kirsten Sandberg က ဗာတီကန်ကို တောင်းဆိုစဉ်။ (ဖေဖော်ဝါရီလ ၅၊ ၂၀၁၄)
ကလေးသူငယ်တွေကို မတရားပြုကျင့်တဲ့ ဘုန်းတော်ကြီးတွေအားလုံးကို ချက်ခြင်း ဖယ်ရှားပြီး အရပ်ဘက်အာဏာပိုင်တွေဆီ လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီတစ်ခုက ဗာတီကန်နန်းတော်ကို ထူးထူးခြားခြားပဲ တောင်းဆိုလိုက်ပါတယ်။

ကလေးသူငယ် ထောင်ပေါင်းများစွာအပေါ် လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုတွေ ရှိခဲ့တယ်ဆိုတာကို အသိအမှတ်ပြုဖို့နဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်တမ်းတင် သိမ်းဆည်းထားတာတွေကို လွှဲပြောင်းပေးဖို့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မတီက ဗုဒ္ဓဟူးနေ့မှာ ဗာတီကန် နန်းတော်ကို တောင်းဆိုလိုက်တာပါ။

ကျူးလွန်ထားတဲ့ပြစ်မှုတွေရဲ့ ပမာဏကို ဗာတီကန်နန်းတော်က အသိအမှတ်မပြုသေးတာ၊ အဲဒီလိုဖြစ်ရပ်တွေကို ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်တဲ့ လုပ်ဆောင်ချက်တွေ မလုပ်သေးတာ၊ နောက်ဆက်တွဲ ဘာမှမဖြစ်ဘဲ အဲဒီလိုလုပ်ရပ်တွေ ဆက်ဖြစ်နေ အောင် ခွင့်ပြုတဲ့မူဝါဒတွေကို ချမှတ်ထားတာတွေအပေါ် အထူး စိုးရိမ်မိတယ်လို့ ကော်မတီကပြောပါတယ်။

ဘုန်းတော်ကြီးတွေက ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်တာနဲ့ပတ်သက်ပြီး ဗာတီကန်နန်းတော်ကို အခုပြောလိုက်တာဟာဖြင့် ကုလသမဂ္ဂကော်မတီရဲ့ တဲ့တိုးအကျဆုံး ပြောဆိုချက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းက ဗာတီကန် တာဝန်ရှိသူတွေက ကော်မတီအဖွဲ့ဝင်တွေက တစ်ရက်လုံးကြာအောင် မေးခွန်းတွေ မေးမြန်းခဲ့ကြပါတယ်။
ကုလသမဂ္ဂရဲ့အစီရင်ခံစာကို အသေအချာ လေ့လာစစ်ဆေးဖို့အတွက် တင်သွင်းသွားမယ်လို့ ဗာတီကန်နန်းတော်က ဗုဒ္ဓဟူးနေ့ မှာ ကြေညာချက်ထုတ်ပြန်ပြီး တုန့်ပြန်ခဲ့ပါတယ်။
XS
SM
MD
LG