သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပစ္ခတ္ၿဖိဳခြဲမႈအတြက္ တာဝန္ရွိသူေတြ ICC မွာတရားစြဲႏုိင္ေရး CRPH နည္းလမ္းရွာေန


ဦးေက်ာ္မိုးထြန္း (ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတန္း ကုိယ္စားလွယ္)

{{Zawgyi/Unicode}}

ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ကန္႔ကြက္ဆႏၵျပသူေတြကို အၾကမ္းဖက္ ပစ္ခတ္ႏွိမ္နင္းမႈအတြက္ က်ဴးလြန္သူေတြကို တရားစြဲဆိုႏုိင္ေရး ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) က နည္းလမ္းေတြရွာေနတယ္လို႔ ကုလသမဂၢဆိုင္ရာ ျမန္မာအျမဲတန္း ကိုုယ္စားလွယ္၊ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ေျပာပါတယ္။

ႏုိင္ငံတကာ ရာဇဝတ္တရားခံု႐ံုး (ICC) မွာ တရားစြဲႏိုင္မလားဆိုတာက ရွာေဖြေနတဲ့နည္းလမ္းေတြထဲမွာ တစ္ခုျဖစ္တယ္လုိ႔ အေမရိကန္၊ ကိုလမ္ဘီယာတကၠသိုလ္၊ လူ႔အခြင့္အေရးေလ့လာမႈဆိုင္ရာအင္စတီက်ဴမွာ လုပ္တဲ့ ေဆြးေႏြးပြဲတစ္ခုအတြင္း သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းက ေျပာခဲ့ပါတယ္။

"က်ေနာ္တို႔က ICC လက္မွတ္ထိုးထားတဲ့ ႏုိင္ငံတစ္ခုမဟုတ္ေပမယ့္ ICC မွာ တရားစြဲဆိုႏုိင္ေရး နည္းလမ္းရွာေဖြဖို႔ လို္ပါတယ္" လို႔ ဦးေက်ာ္မိုးထြန္းကေျပာပါတယ္"။

ICC ကိုဖြဲ႔စည္းထားတဲ့ Rome Statute ပါ ျပဌာန္းခ်က္အမွတ္ ၁၂.၃ ကို CRPH က အေသအခ်ာ ေလ့လာေနတယ္လို႔ ဦးေက်ာ္္မိုးထြန္းကေျပာပါတယ္။ တင္ျပေလွ်ာက္ထားတဲ့ ျပစ္မႈနဲ႔ပတ္သက္လို႔ ICC ရဲ႕ လုပ္ပိုင္ခြင့္ကို က်င့္သံုးၿပီး စစ္ေဆးေပးဖို႔ အဖြဲ႔ဝင္ႏုိင္္ငံမဟုတ္ေပမယ့္လည္း အဲဒီျပဌာန္းခ်က္အရ ICC မွာ ေလွ်ာက္ထားႏုိင္ေျခရွိပါတယ္။

ဒီလုိလုပ္ေဆာင္မယ္ဆိုရင္ေတာ့ ျမန္မာႏုိင္ငံရဲ႕ တရားဝင္အစိုးရအျဖစ္ ႏုိင္ငံတကာက ဘယ္သူ႔ကို အသိအမွတ္ျပုတယ္ဆိုတာ ေဆြးေႏြးေျပာဆိုစရာ ျဖစ္လာႏိုင္ပါတယ္။
သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းနဲ႔ ျမန္မာႏုိင္ငံဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္ Christine Schraner Burgener တို႔က ျမန္မာ အာဏာသိမ္းစစ္ေကာင္စီကို ဘယ္ႏုိင္ငံကမွ အသိအမွတ္မျပဳဖို႔ ေျပာထားၾကပါ တယ္။

ေနာက္နည္းလမ္းတစ္ခုကေတာ့ ICC မွာစစ္ေဆးဖို႔ ကုလသမဂၢလံုျခံုေရးေကာင္စီက လႊဲေျပာင္းေပးပို႔တ့ဲ နည္းလမ္းပါ။ ဒါေပမယ့္လည္း ဒီလိုလုပ္တာမ်ဳိးကို ဗီတိုအာဏာသံုးခြင့္ရွိတဲ့ ႐ုရွားနဲ႔ တ႐ုတ္တုိ႔က ေထာက္ခံ ဖြယ္မရွိပါဘူး။

ျမန္မာစစ္တပ္က က်ဴးလြန္ထားတဲ့ သတ္ျဖတ္မႈ၊ ႏွိပ္စက္ညွဥ္းပန္းမႈနဲ႔ ဖိႏွိပ္မႈေတြဟာ လူသားထုအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈေျမာက္ႏုိင္တယ္လုိ႔ လူ႔အခြင့္အေရး အထူးစံုစမ္းစစ္ေဆးေရးမွဴး Thomas Andrew ကေျပာထားပါတယ္။ စစ္ေကာင္စီေျပာခြင့္ရကေတာ့ သူတို႔တပ္ဖြဲ႔ေတြဟာ လုိအပ္တဲ့အခါမွသာ အင္အားသံုးတာလို႔ ျပန္ေခ်ပထား ပါတယ္။

............................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကန့်ကွက်ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုအတွက် ကျူးလွန်သူတွေကို တရားစွဲဆိုနိုင်ရေး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က နည်းလမ်းတွေရှာနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မား အမြဲတန်း ကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး (ICC) မှာ တရားစွဲနိုင်မလားဆိုတာက ရှာဖွေနေတဲ့နည်းလမ်းတွေထဲမှာ တစ်ခုဖြစ်တယ်လို့ အမေရိကန်၊ ကိုလမ်ဘီယာတက္ကသိုလ်၊ လူ့အခွင့်အရေးလေ့လာမှုဆိုင်ရာအင်စတီကျူမှာ လုပ်တဲ့ ဆွေးနွေးပွဲတစ်ခုအတွင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။

"ကျနော်တို့က ICC လက်မှတ်ထိုးထားတဲ့ နိုင်ငံတစ်ခုမဟုတ်ပေမယ့် ICC မှာ တရားစွဲဆိုနိုင်ရေး နည်းလမ်းရှာဖွေဖို့ လိုပါတယ်" လို့ ဦးကျော်မိုးထွန်းကပြောပါတယ်"။

ICC ကိုဖွဲ့စည်းထားတဲ့ Rome Statute ပါ ပြဌာန်းချက်အမှတ် ၁၂.၃ ကို CRPH က အသေအချာ လေ့လာနေတယ်လို့ ဦးကျော်မိုးထွန်းကပြောပါတယ်။ တင်ပြလျှောက်ထားတဲ့ ပြစ်မှုနဲ့ပတ်သက်လို့ ICC ရဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး စစ်ဆေးပေးဖို့ အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမယ့်လည်း အဲဒီပြဌာန်းချက်အရ ICC မှာ လျှောက်ထားနိုင်ခြေရှိပါတယ်။

ဒီလိုလုပ်ဆောင်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် နိုင်ငံတကာက ဘယ်သူ့ကို အသိအမှတ်ပြုတယ်ဆိုတာ ဆွေးနွေးပြောဆိုစရာ ဖြစ်လာနိုင်ပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Christine Schraner Burgener တို့က မြန်မာ အာဏာသိမ်းစစ်ကောင်စီကို ဘယ်နိုင်ငံကမှ အသိအမှတ်မပြုဖို့ ပြောထားကြပါ တယ်။

နောက်နည်းလမ်းတစ်ခုကတော့ ICC မှာစစ်ဆေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက လွှဲပြောင်းပေးပို့တဲ့ နည်းလမ်းပါ။ ဒါပေမယ့်လည်း ဒီလိုလုပ်တာမျိုးကို ဗီတိုအာဏာသုံးခွင့်ရှိတဲ့ ရုရှားနဲ့ တရုတ်တို့က ထောက်ခံ ဖွယ်မရှိပါဘူး။

မြန်မာစစ်တပ်က ကျူးလွန်ထားတဲ့ သတ်ဖြတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှုနဲ့ ဖိနှိပ်မှုတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်တယ်လို့ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး Thomas Andrew ကပြောထားပါတယ်။ စစ်ကောင်စီပြောခွင့်ရကတော့ သူတို့တပ်ဖွဲ့တွေဟာ လိုအပ်တဲ့အခါမှသာ အင်အားသုံးတာလို့ ပြန်ချေပထား ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG