သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအပေါ် အရေးယူဖို့ ကုလ စတင်ဆွေးနွေး


旺角爆發支持和反佔中人士的大規模對峙(美國之音海彥拍攝)
旺角爆發支持和反佔中人士的大規模對峙(美國之音海彥拍攝)
ဆီးရီးယားအစိုးရအပေါ် ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ချမှတ်ဖို့ ဗြိတိန်နိုင်ငံက အဆိုပြုထားတာကို ကုလသမဂ္ဂ သံတမန်တွေ စပြီး ဆွေးနွေးနေကြပါပြီ။

ဆီးရီးယားက အရပ်သားတွေကို ဓာတုလက်နက် အန္တရာယ်ကနေ အကာအကွယ်ပေးရေး လိုအပ်တဲ့ လုပ်ဆောင်မှုတွေ လုပ်ဖို့ တောင်းဆိုထားတဲ့ အဆိုပြုချက်ကို အမေရိကန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်နဲ့ ဗြိတိန်နိုင်ငံတွေက သံတမန်တွေ အချေအတင် ဆွေးနွေးနေကြတာပါ။ အဆိုကို လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ဖို့ ဗြိတိန်က လိုလားပါတယ်။

ဒီအဆိုဟာ သမ္မတ ဘာရှာ အယ်လ်-အာဆဒ် (Bashar al-Assad) အပေါ် စစ်ရေးအရ အရေးယူနိုင်ဖွယ်ရှိတဲ့ အခြေအနေမတိုင်ခင် အမေရိကန်နဲ့ အနောက် အင်အားကြီးနိုင်ငံတွေက နိုင်ငံတကာ သံခင်းတမန်ခင်းအရ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။

Damascus ဆင်ခြေဖုံးက ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့နေရာကို ကုလသမဂ္ဂအဖွဲ့က စစ်ဆေးတာကတော့ အဆုံးသတ်သွားပါပြီ။ ဒါပေမဲ့လည်း စုံစမ်းစစ်ဆေးမှု ပြီးပြည့်စုံဖို့အတွက် အဲဒီအဖွဲ့အနေနဲ့ နောက်ထပ် ၄ ရက် လိုအပ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

မစ္စတာဘန်ဟာ The Hague မြို့မှာ ရောက်နေပြီး ဆီးရီးယား အကျပ်အတည်းနဲ့ ပတ်သက်ပြီး နိုင်ငံရေး ညီလာခံတခု ကျင်းပရေး ကြိုးပမ်းဖို့ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဆီးရီးယား အခြေအနေအပေါ်မှာ ညီညွတ်တဲ့ ရပ်တည်ချက် ရှာကြဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။
XS
SM
MD
LG