သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလအရာရွိေတြ အီသီယိုပီးယားက ႏွင္ထုတ္ပိုင္ခြင့္မရွိ (ကုလအတြင္းေရးမွဴးခ်ဳပ္)


Antonio Guterres ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္

[ Zawgyi ]

ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ အရာရွိႀကီး ၇ ဦးကို အက္သီယိ္ုပီးယား ႏိုင္ငံက သူ႔ႏိုင္ငံကေန ႏွင္ထုတ္ပိုင္ခြင့္ မရွိဘူးလို႔ ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ Antonio Guterres က အီသီယိုပီးယားဝန္ႀကီးခ်ဳပ္ Abiy Ahmed ကိုေျပာၾကားလိုက္ပါတယ္။

အခုလို ကုလအႀကီးတန္းအရာရွိႀကီးေတြကို ႏွင္ထုတ္တာကို ကုလသမဂၢက လက္မခံေၾကာင္း အတြင္းေရးမႈးခ်ဳပ္က အီသီယိုပီးယားဝန္ႀကီးခ်ဳပ္ကို ေသာၾကာေန႔ ဖံုးနဲ႔ဆက္သြယ္ေျပာၾကားခဲ့တယ္လို႔ အတြင္းေရးမႈးခ်ဳပ္ရံုး ဒုတိယ ေျပာခြင့္ရ Farhan Haq က ေျပာပါတယ္။ ကုလသမဂၢ ဥပေဒေရးရာဌာနက နယူးေရာက္မွာရွိတဲ့ အီသီယိုပီးယား ကုသလမဂၢရံုးကို စာေပးပို႔ၿပီး ကုလသမဂၢအရာရွိေတြကို ႏွင္ထုတ္ခြင့္ မရွိေၾကာင္း အေၾကာင္းၾကားခဲ့တာ ျဖစ္ပါတယ္။

ကုလသမဂၢ လူသားခ်င္းစာနာမႈ ဆိုင္ရာ ရံုး ဒုတိယအႀကီးအကဲ နဲ႔ UNICEF ကိုယ္စားလွယ္ အပါအဝင္ အရာရွိ ၇ ဦးကို ၇၂ နာရီအတြင္း ထြက္ခြါသြားဖို႔ အီသီယိုပီးယားအစိုးရက ၾကာသပေတးေန႔မွာ ၫႊန္ၾကားခဲ့တာ ျဖစ္ပါတယ္။ အီသီယိုပီးယား ႏိုင္ငံျခားေရးဝန္ႀကီးဌာနက လည္း ဒီ ၇ ဦးဟာ ႏိုင္ငံ့ ျပည္တြင္းေရးကို ဝင္ေႏွာက္သူေတြ ျဖစ္ေၾကာင္း တြစ္တာမွာ ေရးသားခဲ့တာပါ။

အခုလို UNICEF အႀကီးတန္းအရာရွိ ၇ ဦးကို ႏိုင္ငံကေန ႏွင္ထုတ္ဖို႔ အီသီယိုပီးယားအစိုးရရဲ႕ ဆံုးျဖတ္ခ်က္ဟာ စိတ္မေကာင္းစရာ ျဖစ္သလို စိုးရိမ္စရာလည္း ေကာင္းေၾကာင္း UNICEF က ေသာၾကာေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။

လူသားခ်င္းစာနာမႈ ဆိုင္ရာ အေျခေနဆိုးေနတဲ့ အီသီယိ္ုပီးယား ႏိုင္ငံမွာ ကေလးငယ္ေတြက ႀကီးမားတဲ့ဒဏ္ကို ခံေနရတာေၾကာင့္ UNICEF ရဲ႕ လုပ္ငန္းဟာ ဘယ္တုန္းကနဲ႔မွ မတူေအာင္ ပိုအေရးႀကီးလာတယ္ ဆိုတာကို ထုတ္ေျပာဖို႔ လိုအပ္လာတယ္လို႔လည္း ေျပာပါတယ္။ ဒါ့အျပင္ လက္ေတြ တာဝန္ထမ္းေဆာင္ေနတဲ႔ UNICEF အဖြဲ႔ေတြ အေနနဲ႔ သီးျခားလြတ္လပ္ၿပီး ဘက္မလိုက္ပဲ လူသားခ်င္းစာနာမႈဆိုင္ရာ ကို အဓိကထားၿပီး ကေလးငယ္ေတြရဲ႕ အသက္ကို ကယ္တင္ဖို႔ ယံုၾကည္မႈ အျပည့္နဲ႔ လုပ္ေဆာင္ေနသလို ႏွစ္ေပါင္း ၆၀ ေက်ာ္ အက္သီယိုပီးယားမွာ လုပ္ကိုင္ေပးေနတဲ့ အစီအစဥ္ေတြကို ဆက္လုပ္သြားမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

ကုလအရာရှိတွေ အီသီယိုပီးယားက နှင်ထုတ်ပိုင်ခွင့်မရှိ (ကုလအတွင်းရေးမှူးချုပ်)

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အရာရှိကြီး ၇ ဦးကို အက်သီယိုပီးယား နိုင်ငံက သူ့နိုင်ငံကနေ နှင်ထုတ်ပိုင်ခွင့် မရှိဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က အီသီယိုပီးယားဝန်ကြီးချုပ် Abiy Ahmed ကိုပြောကြားလိုက်ပါတယ်။

အခုလို ကုလအကြီးတန်းအရာရှိကြီးတွေကို နှင်ထုတ်တာကို ကုလသမဂ္ဂက လက်မခံကြောင်း အတွင်းရေးမှုးချုပ်က အီသီယိုပီးယားဝန်ကြီးချုပ်ကို သောကြာနေ့ ဖုံးနဲ့ဆက်သွယ်ပြောကြားခဲ့တယ်လို့ အတွင်းရေးမှုးချုပ်ရုံး ဒုတိယ ပြောခွင့်ရ Farhan Haq က ပြောပါတယ်။ ကုလသမဂ္ဂ ဥပဒေရေးရာဌာနက နယူးရောက်မှာရှိတဲ့ အီသီယိုပီးယား ကုသလမဂ္ဂရုံးကို စာပေးပို့ပြီး ကုလသမဂ္ဂအရာရှိတွေကို နှင်ထုတ်ခွင့် မရှိကြောင်း အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ရုံး ဒုတိယအကြီးအကဲ နဲ့ UNICEF ကိုယ်စားလှယ် အပါအဝင် အရာရှိ ၇ ဦးကို ၇၂ နာရီအတွင်း ထွက်ခွါသွားဖို့ အီသီယိုပီးယားအစိုးရက ကြာသပတေးနေ့မှာ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ အီသီယိုပီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက လည်း ဒီ ၇ ဦးဟာ နိုင်ငံ့ ပြည်တွင်းရေးကို ဝင်နှောက်သူတွေ ဖြစ်ကြောင်း တွစ်တာမှာ ရေးသားခဲ့တာပါ။

အခုလို UNICEF အကြီးတန်းအရာရှိ ၇ ဦးကို နိုင်ငံကနေ နှင်ထုတ်ဖို့ အီသီယိုပီးယားအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စိတ်မကောင်းစရာ ဖြစ်သလို စိုးရိမ်စရာလည်း ကောင်းကြောင်း UNICEF က သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

လူသားချင်းစာနာမှု ဆိုင်ရာ အခြေနေဆိုးနေတဲ့ အီသီယိုပီးယား နိုင်ငံမှာ ကလေးငယ်တွေက ကြီးမားတဲ့ဒဏ်ကို ခံနေရတာကြောင့် UNICEF ရဲ့ လုပ်ငန်းဟာ ဘယ်တုန်းကနဲ့မှ မတူအောင် ပိုအရေးကြီးလာတယ် ဆိုတာကို ထုတ်ပြောဖို့ လိုအပ်လာတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် လက်တွေ တာဝန်ထမ်းဆောင်နေတဲ့ UNICEF အဖွဲ့တွေ အနေနဲ့ သီးခြားလွတ်လပ်ပြီး ဘက်မလိုက်ပဲ လူသားချင်းစာနာမှုဆိုင်ရာ ကို အဓိကထားပြီး ကလေးငယ်တွေရဲ့ အသက်ကို ကယ်တင်ဖို့ ယုံကြည်မှု အပြည့်နဲ့ လုပ်ဆောင်နေသလို နှစ်ပေါင်း ၆၀ ကျော် အက်သီယိုပီးယားမှာ လုပ်ကိုင်ပေးနေတဲ့ အစီအစဉ်တွေကို ဆက်လုပ်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG