ဆီးရီးယားနိုင်ငံမှာ ဓာတုလက်နက်တွေ အသုံးပြုတယ်ဆိုတဲ့ စွပ်စွဲချက်တွေ အတော်များများ နောက်ထပ် ထပ်ထွက်လာခဲ့တာကြောင့် လာမယ့်သီတင်းပတ်တွေအတွင်း ကုလစစ်ဆေးရေးမှူးတွေ ဆီးရီးယားကို နောက်တခါ ထပ်သွားကြဖို့ ရှိတယ်လို့ ဓာတုလက်နက်ဆိုင်ရာ ကုလသမဂ္ဂ အကြီးအကဲက ပြောဆိုလိုက်ပါတယ်။
ဆီးရီးယားကို ပြီးခဲ့တဲ့လတုန်းက သွားရောက်ခဲ့တဲ့ ဓာတုလက်နက် စစ်ဆေးရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ခေါင်းဆောင် Ake Sellstrom က စစ်ဆေးရေးအဖွဲ့အနေနဲ့ အစိုးရဘက်ကရော သူပုန်ဘက်ကပါ ဓာတုလက်နက်တွေ သုံးနေတယ်ဆိုတာကို အကဲခတ် ဆန်းစစ်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်ဘက်စလုံးက ဓာတုလက်နက်တွေ သုံးနေတယ်ဆိုပေမဲ့ အစိုးရဘက် အဓိက အသုံးပြုနေတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှု ၁၃ ခု ဒါမှမဟုတ် ၁၄ ခုလောက်မှာ ဓာတုလက်နက် သုံးခဲ့တယ်ဆိုတဲ့ နေရာတွေကို စစ်ဆေးမှာ ဖြစ်တယ်လို့ Mr. Sellstrom က ပြောပါတယ်။ အမေရိကန်ပြည်ထေင်စုရဲ့ မှတ်တမ်းအရ လူ ၁၄၀၀ ကျော် သေဆုံးခဲ့ရတဲ့ သြဂုတ်လ ၂၁ ရက် အဆိပ်ငွေ့သုံး တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်သူ့လက်ချက် ဖြစ်တယ်ဆိုတာကိုတော့ စစ်ဆေးရေးမှူးတွေက မေးခွန်းထုတ်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေက ဒီသီတင်းပတ်တွင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးနောက် မကြာမီမှာပဲ အနောက်နိုင်ငံတွေက ဆီးရီးယားအစိုးရဟာ Sarin အဆိပ်ဓာတ်ငွေ့ အသုံးပြုခဲ့ရာမှာ ပါဝင်ပတ်သက်မှု ရှိနိုင်တယ်လို့ ကောက်ချက်ချကြပြီး ရုရှားနိုင်ငံကတော့ ဒီအရင်ခံစာဟာ လိုရာစွဲ ပြုစုထားတာလို့ ပြောပါတယ်။
ဆီးရီးယားနိုင်ငံ ဒမတ်စ်ကတ်မြို့ပြင်မှာ လူတွေ သေစေခဲ့တဲ့ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုဟာ သူပုန်တွေရဲ့ လက်ချက် ဖြစ်တယ်ဆိုတဲ့ အသစ်တွေ့ရှိထားတဲ့ အထောက်အထားကို ဆီးရီးယားအစိုးရက ပေးပို့ခဲ့တယ်လို့ ရုရှားနိုင်ငံက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။