သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမှာ အဆိပ်ဓာတ်ငွေ့သုံးတဲ့ အထောက်အထားတချို့ ကုလတွေ့


ဆီးရီးယားနိုင်ငံက သူပုန်တွေနေထိုင်ရာ ဒေသတခုမှာ အခုလအတွင်း ဓါတုအဆိပ်ဓါတ်ငွေ့တွေ ပျံ့နေတဲ့လက္ခဏာ တွေ့ရှိထားကြောင်း အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။

ဒီလုပ်ရပ်ဟာ ဆီးရီးယားအစိုးရရဲ့လက်ချက်ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက လေ့လာစုံစမ်းနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရသူ Jan Psaki က တနင်္လာနေ့မှာ ပြောပါတယ်။

အဆိပ်ဟာ Chlorine ဓါတုဆေးဝါးအမျိုးအစားဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိထားပြီး Kfar Zeita မြို့မှာ အသုံးပြုခဲ့တဲ့ ဓါတုအဆိပ်မျိုး ဖြစ်တယ်လို့ သူမကပြောပါတယ်။

တနင်္ဂနွေနေ့ကလည်း ပြင်သစ်သမ္မတ Francois Hollande က ဆီးရီးယားနိုင်ငံအတွင်းမှာ ဓါတုလက်နက်တွေ ဆက်လက် အသုံးပြုနေဆဲဖြစ်တယ်ဆိုတဲ့ အရိပ်လက္ခဏာတွေ တွေ့ထားကြောင်း ပြောပါတယ်။

ဆီးရီးယားသမ္မတ Bashar al-Assad အစိုးရဟာ နိုင်ငံတကာကနေ ဖိအားတွေတိုးမြင့်လာမှုကို လျှော့ကျစေလိုတဲ့အတွက် ဆီးရီးယားနိုင်ငံအတွင်းမှာရှိတဲ့ ဓါတုလက်နက်တွေကို ဖျက်ဆီးပစ်ပါ့မယ်လို့ ပြီးခဲ့တဲ့နှစ်ထဲမှာ သဘောတူခဲ့ပါတယ်။

မနှစ်တုန်းက မစ္စတာအာဆတ်ရဲ့တပ်ဖွဲ့တွေဟာ အဆိပ်ဓါတ်ငွေ့ရည်တွေ အသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ရတယ်လို့ အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံတွေကပြောဆိုပါတယ်။ ဆီးရီးယားနိုင်ငံအတွင်း အစိုးရနဲ့ သူပုန်တွေအကြား ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ အခုဆိုရင် ၄ နှစ်ထဲကို ရောက်ရှိလာနေပြီဖြစ်ပါတယ်။
XS
SM
MD
LG