သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ အထွေထွေညီလာခံ စတင်

ကုလ အထွေထွေညီလာခံ စတင်
ကုလ အထွေထွေညီလာခံ စတင်

ပါလက်စတိုင်းနိုင်ငံ ထူထောင်ဖို့ကိစ္စ၊ လစ်ဗျားနိုင်ငံရဲ့ အနာဂတ်ရေး၊ ရောဂါဘယ ပြဿနာကအစ မြန်မာ့နိုင်ငံရေးကိစ္စ အဆုံး ဆွေးနွေးသွားမယ့် ကုလသမဂ္ဂရဲ့ အထွေထွေ ညီလာခံကို ကမ္ဘာ့နိုင်ငံ အသီးသီးက အကြီးအကဲပေါင်း ၁၀၀ ကျော် တက်ရောက်ပြီး ဒီကနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင် ပါလက်စတိုင်းနိုင်ငံ ဖြစ်ခွင့်ရဖို့ ကိစ္စကတော့ အဓိက ဆွေးနွေးမယ့် အကြောင်းအရာ ဖြစ်ပေမဲ့လည်း လစ်ဗျားနိုင်ငံက အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်လို တခြား ကမ္ဘာ့အရေး ကိစ္စတွေကိုလည်း ဆွေးနွေးကြမှာပါ။

ပြီးခဲ့တဲ့ တပတ်ထဲမှာတော့ လစ်ဗျားနိုင်ငံက အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တက်ရောက်ခွင့်ပြုဖို့ လုံခြုံရေးကောင်စီက တခဲနက် အတည်ပြု မဲပေးခဲ့တဲ့အတွက် လစ်ဗျား ခေါင်းဆောင်ဟောင်း မွမ်မာ ဂဒါဖီ (Moammar Gadhafi) အုပ်ချုပ်မှု တရားဝင် အဆုံးသတ်သွားပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) လည်း တွေ့ဆုံဆွေးနွေးမှု အစီအစဉ်တွေ အပြည့်နဲ့ မနေ့ နေ့လယ်ပိုင်းကပဲ ကုလသမဂ္ဂ ရုံးချုပ်ရှိရာ နယူးယောက်မြို့ကို ရောက်လာခဲ့တာပါ။ ဒီအထဲမှာ လစ်ဗျား အသွင်ကူးပြောင်းရေးကောင်စီ အကြီးအကဲ မူစတာဖာ အက်ဘ်ဒဲလ် ဂျာလေးလ် (Mustafa Abdel Jalil) နဲ့ တွေ့ဆုံဖို့ အစီအစဉ်လည်း ပါဝင်ပါတယ်။

အထွေထွေ ညီလာခံ တရားဝင် ဖွင့်လှစ်မှုတွေ မလုပ်ခင်မှာပဲ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ၂ ရက်ကြာ အစည်းအဝေးပွဲအတွင်း ကူးဆက်ပြန့်ပွားတဲ့ရောဂါ မဟုတ်ပေမဲ့ ကမ္ဘာတဝန်း လူအများအပြား သေကျေနိုင်တဲ့ ရောဂါတွေ တိုက်ဖျက်ရေးကို အာရုံစိုက်ကြဖို့ တိုက်တွန်းခဲ့တာပါ။

မြန်မာကိုယ်စားလှယ်အဖြစ် တက်ရောက်လာတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံရာမှာတော့ အတွင်းရေးမှူးချုပ်က ပြုပြင်ပြောင်းလဲရေးတွေ အရှိန်မြှင့် ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG