သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားနဲ့ ပါလက်စတိုင်းအရေး ကုလ အထွေထွေ ညီလာခံမှာ ဦးစားပေးဆွေးနွေး

လစ်ဗျားနဲ့ ပါလက်စတိုင်းအရေး ကုလ အထွေထွေ ညီလာခံမှာ ဦးစားပေးဆွေးနွေး
လစ်ဗျားနဲ့ ပါလက်စတိုင်းအရေး ကုလ အထွေထွေ ညီလာခံမှာ ဦးစားပေးဆွေးနွေး

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဖွင့်ပွဲနေ့မှာတော့ ပါလက်စတိုင်းက သီးခြားနိုင်ငံ ထူထောင်ရေးအတွက် မဲခွဲ ဆုံးဖြတ်ကြဖို့ သံတမန်တွေ အသည်းအသန် ကြိုးပမ်းနေကြတာတွေ၊ လစ်ဗျားနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး အစိုးရကို ထောက်ခံတဲ့ ပြောဆိုချက်တွေကို ကြားသိ မြင်တွေ့ခဲ့ကြရပါတယ်။

၆၆ နှစ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ဖို့အတွက် ကမ္ဘာ့ခေါင်းဆောင် အယောက် ၁၀၀ ကျော်ဟာ အင်္ဂါနေ့က နယူးယောက်မြို့မှာ ရောက်ရှိနေခဲ့ကြတာပါ။

ကုလသမဂ္ဂ အပြင်ဘက်မှာ လစ်ဗျားရဲ့ အသွင်ကူးပြောင်းရေး အစိုးရ အလံကို အင်္ဂါနေ့က လွှင့်ထူထားပြီး ဂဒါဖီ (Moammar Gadhafi) ပြုတ်ကျသွားပြီးနောက်ပိုင်း လစ်ဗျားနိုင်ငံကို နိုင်ငံတကာက ဘယ်လိုမျိုး ထောက်ပံ့ ကူညီကြမလဲ ဆိုတာကို ကမ္ဘာ့ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။

ကုလသမဂ္ဂ ဆွေးနွေးမှုတွေထဲမှာ ပြောဆိုကြတဲ့ နောက်ထပ် အဓိက အကြောင်းအရာက ပါလက်စတိုင်းကို ကုလသမဂ္ဂရဲ့ အမြဲတမ်း အဖွဲ့ဝင် ဖြစ်ခွင့်ပြုမလားဆိုတဲ့ ကိစ္စပါ။ သီးခြား ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးကိစ္စ အမေရိကန် ပြည်ထောင်စုက ဗီတိုအာဏာနဲ့ ပယ်ချခဲ့တာကို ပြန်စဉ်းစားပေးဖို့အတွက် ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး ရီယတ် အယ်လ် မာလ်ကီ (Riyad al-Malki) က တောင်းဆိုခဲ့ပါတယ်။

This item is part of
XS
SM
MD
LG