သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံဖွင့်


နယူးယောက်မြို့မှာ စတင်နေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်း အီရတ်နဲ့ ဆီးရီးယားနိုင်ငံက ကြီးထွားလာနေတဲ့ အစ္စလာမ်မစ် စစ်သွေးကြွပြဿနာ၊ အနောက်အာဖရိကမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ စတဲ့ကိစ္စတွေကို အဓိကထား ဆွေးနွေးကြမှာပါ။

ဒီညီလာခံကို နိုင်ငံပေါင်း ၁၄၀ ကျော်က နိုင်ငံခေါင်းဆောင်တွေ တက်ရောက်နေကြတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းက ညီလာခံအဖွင့် မိန့်ခွန်းပြောကြားရာမှာ IS စစ်သွေးကြွတွေလို အဖွဲ့တွေအပေါ် နိုင်ငံတကာ အနေနဲ့ ချက်ချင်း တုန့်ပြန်တာမျိုးလုပ်ဖို့ လိုအပ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေက ပြည်သူတွေဟာ ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ဘူးတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရင်ဆိုင်နေရတဲ့ အကြောင်းလည်း မစ္စတာဘန်က ပြောပါတယ်။

ဒီညီလာခံ အတောအတွင်းမှာပဲ ဆီးရီးယားနိုင်ငံထဲက IS စစ်သွေးကြွတွေရဲ့ သယ်ယူပို့ဆောင်ရေးယာဉ် ၈ စင်းကို အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တွေက ဒီကနေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အကြောင်း Central Command လို့ခေါ်တဲ့ အရှေ့အလယ်ပိုင်းဒေသ စစ်ဆင်ရေး ကွပ်ကဲရေး အမေရိကန် စစ်ဌာနချုပ်က  ဒီကနေ့မှာ ပြောပါတယ်။ ဒီယာဉ်တွေဟာ အီရတ်နိုင်ငံထဲကို ပစ္စည်းတွေ ရွှေ့ပြောင်းနေတဲ့ ယာဉ်တွေဖြစ်ကြောင်း ပင်တဂွန်ကပြောပါတယ်။ ပင်တဂွန်ပြောခွင့်ရ ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး John Kirby က အီရတ်မြို့တော် ဘဂ္ဂဒက်နဲ့ ကာ့ဒစ်ရှ်မြို့ Ilbil မြို့တွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ စတင်တဲ့ ပထမနေ့မှာပဲ IS နဲ့ အယ်လ်ခိုင်းဒါး စစ်သွေးကြွအဖွဲ့ဝင် ၁၂၀ လောက် သေဆုံးခဲ့တယ်လို့ လန်ဒန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောဆိုပါတယ်။

XS
SM
MD
LG