သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလ ေရရွည္ဖြံ႔ၿဖိဳးေရးလူငယ္ ေခါင္းေဆာင္ ၁၀ ဦး စာရင္းမွာ ျမန္မာပါ၀င္


ကိုေဇာ္ရဲေနာင္ (ဓါတ္ပံု-Global Compact)

၂၀၁၉ ကုလသမဂၢ ေရရွည္ ဖြံ႔ၿဖိဳးမႈ ဦးတည္ခ်က္မ်ား ( SDG ) ဆုိင္ရာ စီးပြားေရး ေရွ႕ေဆာင္လူငယ္ ၁၀ ဦးအနက္ ျမန္မာႏုိင္ငံက သဘာဝ ၾကက္ေမြးျမဴေရး စြန္႔ဦးတီထြင္လုပ္ငန္းရွင္ ကိုေဇာ္ရဲေနာင္ ပါဝင္ေၾကာင္း ကုလသမဂၢ Global Compact အဖြဲ႔ႀကီးက နယူးေယာက္ၿမိဳ႕ရွိ ကုလသမဂၢ ဌာနခ်ဳပ္မွာ စက္တင္ဘာ ၁၆ ရက္ တနလၤာေန႔က ထုတ္ျပန္ေၾကညာ လုိက္ပါတယ္။

ဒီႏွစ္ စာရင္းဝင္သူ ၁၀ ဦးဟာ အသက္ ၃၅ ႏွစ္နဲ႔ေအာက္ စီးပြားေရး လုပ္ငန္းရွင္ေတြျဖစ္ၾကၿပီး ဒီေန႔ ကမၻာႀကီး ရင္ဆုိင္ေနရတဲ့ အကဲစမ္းမႈေတြကို ရင္ဆုိင္ရာမွာ စီးပြားေရးနဲ႔ လူမႈေရးအရ အက်ဳိးျပဳမယ့္ ေျဖရွင္းခ်က္ေတြကို တီထြင္ႀကံဆႏုိင္ခဲ့ၾကတဲ့ ေခါင္းေဆာင္မႈမ်ဳိးကို ျပသ ႏုိင္ခဲ့ၾကသူေတြျဖစ္တယ္လို႔ အဖြဲ႔ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ Lise Kingo က ေျပာပါတယ္။ ကိုေဇာ္ရဲေနာင္ဟာ ေရႊေတာင္ညိဳႀကီး သဘာဝ ၾကက္ေမြးျမဴေရးလုပ္ငန္းကို ပူးတဲြမတည္ခဲ့သူျဖစ္ၿပီး ၂၀၁၇ ခုႏွစ္က သူ မ-တည္ခဲ့တဲ့ ၾကက္ေမြးျခံေတြေၾကာင့္ ျမန္မာႏိုင္ငံမွာ လယ္သမား ၁၀၀ နီးပါးခန္႔ အလုပ္အကိုင္နဲ႔ ဝင္ေငြေတြ မွန္ကန္စြာ ရရွိႏုိင္ခဲ့တယ္လို႔ အဖြဲ႔ရဲ႕ ေၾကညာခ်က္ ထဲမွာ ေဖာ္ျပထားပါတယ္။ သူ႔ရဲ႕လုပ္ငန္းဟာ ၾကက္ေမြးျမဴသူေတြကို အေသးစား ေငြထုတ္ေခ်းေပးတာနဲ႔ ၾကက္ေမြးျမဴေရးလုပ္ငန္းအတြက္ အႀကံေပးတာျဖစ္ပါတယ္။

ၾကက္ၿခံတခုခ်င္းစီကို ေဒၚလာ ၁၄၀၀ နဲ႔ မတည္ေပးခဲ့ၿပီး လယ္သမားေတြကို ၾကက္ေမြးျမဴေရးနဲ႔ ပတ္သက္လို႔ သီတင္း ေလးပတ္ၾကာ သင္ၾကားပို႔ခ် ေပးခဲ့ေၾကာင္း ေၾကညာခ်က္မွာ ေဖာ္ျပ ထားပါတယ္။ ေရႊေတာင္ညိဳႀကီး လုပ္ငန္းရဲ႕ အႀကံေပးအျဖစ္ ေဆာင္ရြက္ၿပီး ၾကက္ေမြးၿခံေတြက ထြက္တဲ့ ၾကက္ဥ ၉၀ % ကို သူတို႔ ေရႊေတာင္ညိဳႀကီး လုပ္ငန္းက ျပန္လည္ဝယ္ခဲ့တဲ့ အတြက္ ေၾကာင့္ ၾကက္ေမြးၿခံလယ္သမားတဦးခ်င္းစီကို လစဥ္ ဝင္ေငြ ပံုမွန္ ေဒၚလာ ၇၀၀ ရရွိေစတယ္လို႔လည္း ဆိုပါတယ္။

ဒါ့အျပင္ ၾကက္ေမြးျမဴေရးသမားေတြရဲ႕ ဇနီးသည္ ေတြအတြက္လည္း ၾကက္ဥထည့္ေရာင္းဖို႔ ႀကိမ္ျခင္းေတာင္းေတြ ယက္လုပ္နည္းကိုလည္း သင္ၾကားေပးတဲ့ အတြက္ အမ်ဳိးသမီးေတြအေနနဲ႔လည္း တလကို ေဒၚလာ ၂၇၀ ေလာက္ ဝင္ေငြရေစတယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ကိုေဇာ္ရဲေနာင္ဟာ သူ႔လုပ္ငန္းကို ေက်းရြာေတြ၊ အထူးသျဖင့္ ရွမ္းျပည္နယ္ေက်းလက္ေဒသမွာ အထူးသြားေရာက္ လုပ္ကိုင္ေပးခဲ့တာ ျဖစ္တယ္လို႔လည္း ေဖာ္ျပထားပါတယ္။ အသက္ ၃၄ ႏွစ္အရြယ္ ကိုေဇာ္ရဲေနာင္နဲ႔အတူ ဒီႏွစ္ တျခား စာရင္းဝင္သူေတြ ကေတာ့ စင္ကာပူ၊ ပါကစၥတန္၊ အင္ဒိုနီးရွား၊ ဘဂၤလားဒက္ရွ္၊ ကေနဒါ၊ ကင္ညာ၊ နယ္သာလန္၊ ယူေက နဲ႔ အေမရိကန္ျပည္ေထာင္စုတို႔က ျဖစ္ၾကပါတယ္။ စီးပြားေရး စြမ္းေဆာင္ရွင္ ၁၀ ဦးစလံုးဟာ စက္တင္ဘာ ၂၃ ကေန ၂၆ အထိ နယူးေယာက္ၿမိဳ႕မွာ က်င္းပမယ့္ ကုလသမဂၢ အေထြေထြညီလာခံႀကီးမွာ UN Global Compact ေခါင္းေဆာင္မ်ားအခမ္းအနားကို တက္ေရာက္ၾကမွာ ျဖစ္ပါတယ္။

.........

(Unicode)

ကုလ ရေရှည်ဖွံ့ဖြိုးရေးလူငယ် ခေါင်းဆောင် ၁၀ ဦး စာရင်းမှာ မြန်မာပါဝင်

၂၀၁၉ ကုလသမဂ္ဂ ရေရှည် ဖွံ့ဖြိုးမှု ဦးတည်ချက်များ ( SDG ) ဆိုင်ရာ စီးပွားရေး ရှေ့ဆောင်လူငယ် ၁၀ ဦးအနက် မြန်မာနိုင်ငံက သဘာဝ ကြက်မွေးမြူရေး စွန့်ဦးတီထွင်လုပ်ငန်းရှင် ကိုဇော်ရဲနောင် ပါဝင်ကြောင်း ကုလသမဂ္ဂ Global Compact အဖွဲ့ကြီးက နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်မှာ စက်တင်ဘာ ၁၆ ရက် တနင်္လာနေ့က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

ဒီနှစ် စာရင်းဝင်သူ ၁၀ ဦးဟာ အသက် ၃၅ နှစ်နဲ့အောက် စီးပွားရေး လုပ်ငန်းရှင်တွေဖြစ်ကြပြီး ဒီနေ့ ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ အကဲစမ်းမှုတွေကို ရင်ဆိုင်ရာမှာ စီးပွားရေးနဲ့ လူမှုရေးအရ အကျိုးပြုမယ့် ဖြေရှင်းချက်တွေကို တီထွင်ကြံဆနိုင်ခဲ့ကြတဲ့ ခေါင်းဆောင်မှုမျိုးကို ပြသ နိုင်ခဲ့ကြသူတွေဖြစ်တယ်လို့ အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ Lise Kingo က ပြောပါတယ်။ ကိုဇော်ရဲနောင်ဟာ ရွှေတောင်ညိုကြီး သဘာဝ ကြက်မွေးမြူရေးလုပ်ငန်းကို ပူးတွဲမတည်ခဲ့သူဖြစ်ပြီး ၂၀၁၇ ခုနှစ်က သူ မ-တည်ခဲ့တဲ့ ကြက်မွေးခြံတွေကြောင့် မြန်မာနိုင်ငံမှာ လယ်သမား ၁၀၀ နီးပါးခန့် အလုပ်အကိုင်နဲ့ ဝင်ငွေတွေ မှန်ကန်စွာ ရရှိနိုင်ခဲ့တယ်လို့ အဖွဲ့ရဲ့ ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။ သူ့ရဲ့လုပ်ငန်းဟာ ကြက်မွေးမြူသူတွေကို အသေးစား ငွေထုတ်ချေးပေးတာနဲ့ ကြက်မွေးမြူရေးလုပ်ငန်းအတွက် အကြံပေးတာဖြစ်ပါတယ်။

ကြက်ခြံတခုချင်းစီကို ဒေါ်လာ ၁၄၀၀ နဲ့ မတည်ပေးခဲ့ပြီး လယ်သမားတွေကို ကြက်မွေးမြူရေးနဲ့ ပတ်သက်လို့ သီတင်း လေးပတ်ကြာ သင်ကြားပို့ချ ပေးခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။ ရွှေတောင်ညိုကြီး လုပ်ငန်းရဲ့ အကြံပေးအဖြစ် ဆောင်ရွက်ပြီး ကြက်မွေးခြံတွေက ထွက်တဲ့ ကြက်ဥ ၉၀ % ကို သူတို့ ရွှေတောင်ညိုကြီး လုပ်ငန်းက ပြန်လည်ဝယ်ခဲ့တဲ့ အတွက် ကြောင့် ကြက်မွေးခြံလယ်သမားတဦးချင်းစီကို လစဉ် ဝင်ငွေ ပုံမှန် ဒေါ်လာ ၇၀၀ ရရှိစေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ကြက်မွေးမြူရေးသမားတွေရဲ့ ဇနီးသည် တွေအတွက်လည်း ကြက်ဥထည့်ရောင်းဖို့ ကြိမ်ခြင်းတောင်းတွေ ယက်လုပ်နည်းကိုလည်း သင်ကြားပေးတဲ့ အတွက် အမျိုးသမီးတွေအနေနဲ့လည်း တလကို ဒေါ်လာ ၂၇၀ လောက် ဝင်ငွေရစေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ကိုဇော်ရဲနောင်ဟာ သူ့လုပ်ငန်းကို ကျေးရွာတွေ၊ အထူးသဖြင့် ရှမ်းပြည်နယ်ကျေးလက်ဒေသမှာ အထူးသွားရောက် လုပ်ကိုင်ပေးခဲ့တာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ အသက် ၃၄ နှစ်အရွယ် ကိုဇော်ရဲနောင်နဲ့အတူ ဒီနှစ် တခြား စာရင်းဝင်သူတွေ ကတော့ စင်ကာပူ၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒက်ရှ်၊ ကနေဒါ၊ ကင်ညာ၊ နယ်သာလန်၊ ယူကေ နဲ့ အမေရိကန်ပြည်ထောင်စုတို့က ဖြစ်ကြပါတယ်။ စီးပွားရေး စွမ်းဆောင်ရှင် ၁၀ ဦးစလုံးဟာ စက်တင်ဘာ ၂၃ ကနေ ၂၆ အထိ နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ UN Global Compact ခေါင်းဆောင်များအခမ်းအနားကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG