ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်ရှားပြီး မြောက်ကိုရီးယားဟာ ကမ္ဘာတလွှား လက်နက် တင်ပို့မှုတွေ လုပ်ဆောင်နေရာမှာ မြန်မာနိုင်ငံလည်း ပါဝင်နိုင်တယ်လို့ ယူဆရတဲ့အကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတွေရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။
ရှုပ်ထွေးပြီး၊ အဆင့်မြင့်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီး လက်နက်တွေ ပြည်ပကို တရားမဝင် တင်ပို့နေတာ တွေ့ရတဲ့အကြောင်း အဖွဲ့ဝင် ၈ ဦးပါ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက လုံခြုံရေးကောင်စီကို အင်္ဂါနေ့က တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။ နိုင်ငံတကာမှာရှိတဲ့ သံရုံးတွေ၊ ဟန်ပြကုမ္ပဏီတွေကတဆင့် ဂျက်တိုက်လေယာဉ်တွေ၊ မစ်ဇိုင်းဒုံးပျံ အစိတ်အပိုင်းတွေအထိ လက်နက်တွေကို ရောင်းချနေတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။ မြောက်ကိုရီးယားနဲ့ စစ်ဖက်ဆိုင်ရာ အဆက်အဆံတွေ ရှိနေဆဲပဲလို့ သံသယရှိနေတဲ့ မြန်မာနိုင်ငံက တာဝန်ရှိသူ ၂ ဦးနဲ့ ကုမ္ပဏီ ၃ ခုကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇူလိုင်လနဲ့ ဒီဇင်ဘာလတွေမှာ အမေရိကန် ပြည်ထောင်စုက အရေးယူခဲ့တာကိုလည်း အစီရင်ခံစာက ထောက်ပြခဲ့တာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ တုန်းကလည်း မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားကနေ သမားရိုးကျ စစ်လက်နက်တွေကို ဆက်လက် ဝယ်ယူနေဆဲ ဖြစ်တဲ့အကြောင်း မြောက်ကိုရီးယားရဲ့ စစ်စွမ်းရည်နဲ့ ပတ်သက်လို့ အမေရိကန် ကွန်ဂရက် လွှတ်တော်ကို တင်သွင်းတဲ့ အစီရင်ခံစာထဲမှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ တားမြစ်ထားတဲ့ နျူကလီးယား လုပ်ငန်းတွေနဲ့ ဒုံးပျံစမ်းသပ်မှုတွေကို လုပ်ဆောင်ခဲ့ရာက မကြာသေးခင်နှစ်တွေအတွင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ချမှတ်ထားတာ ဖြစ်ပါတယ်။