သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ ရခိုင်ခရီး


ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီး။
ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီး။

ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီးဟာ ခရီးစဉ် ဒုတိယနေ့ ဒီကနေ့ မနက်မှာတော့ အရပ်ဖက် လူမှုအဖွဲ့က ခေါင်းဆောင်ပိုင်းတွေ မြန်မာ့အရေးလေ့လာသူတွေ နဲ့ တွေ့ဆုံခဲ့ပြီး ညနေပိုင်းမှာ ရခိုင်ပြည်နယ် စစ်တွေကို သွားရောက်ပါတယ်။

ဒီကနေ့ မနက်ပိုင်းတုန်းက ပြည်တွင်း က ထင်ရှားတဲ့ အရပ်ဖက် လူမှု အဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ ပြီးတော့ မြန်မာအရေး အကဲဖြတ် အချို့ နဲ့ တွေ့ဆုံခဲ့တာမှာတော့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကိစ္စ ကို ဦးစားပေးပြီးဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲက ၂၀၁၅ ရွေးကောက်ပွဲပေါ်မှာ မူတည်နေပြီး နိုင်ငံတကာက စောင့်ကြည့်နေမယ့် ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတဖို့ အရေးကြီးတယ်လို့ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် က ပြောဆိုခဲ့တယ် လို့လည်း တွေ့ဆုံခဲ့သူတွေက ပြောပါတယ်။

အခု ညနေပိုင်းမှာတော့ ရခိုင်ပြည်နယ် စစ်တွေ မြို့မှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်း နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်းကတော့ ရခိုင်ပြည်နယ် အတွင်းက မွတ်စလင် လူနည်းစုတွေ ထဲက အငြင်းပွားစရာ ဖြစ်နေတဲ့ ရိုဟင်ဂျာ အရေးကိစ္စမှာ ဖိအားသိပ်မပေးဖို့ ပြောဆိုမယ့် အကြောင်း ဗွီအိုအေကို ပြောပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီလီးရဲ့ အခု ဒုတိယ အကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ် ကတော့ ဇန်နဝါရီ လ ၇ ရက်နေ့ကနေ၁၆ ရက်နေ့အထိ ဖြစ်ပြီး ရခိုင်ပြည်နယ် နဲ့ ရှမ်း ပြည်မြောက်ပိုင်း အခြေအနေတွေ၊ ပြီးတော့ ပြည်တွင်းက လတ်တလောဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာ အကဲဖြတ်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG