သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ကျန်နိုင်/ကျဉ်းအားလုံး ပြန်လွှတ်ပေးမည့် သမ္မတကြေညာချက် လူ့အခွင့်အရေးအဖွဲ့ ကြိုဆို


အင်းစိန်အကျဉ်းထောင်ဂိတ်ဝ
အင်းစိန်အကျဉ်းထောင်ဂိတ်ဝ
မြန်မာနိုင်ငံတွင်း လက်ကျန်နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ဖို့ လွတ်ငြိမ်းခွင့် အမိန့် ထုတ်ပြန်တာကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က ကြိုဆိုပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချနေတဲ့ တည်ဆဲဥပဒေတွေကို စီစစ်ပယ်ဖျက်ပေးဖို့လည်း အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ အမျိုးသားစည်းလုံညီညွတ်ရေးကို ရှေ့ရှုပြီး နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေကို တဖက်တလမ်းက လုပ်ပေးနိုင်တဲ့ နိုင်ငံသားများအဖြစ် ပြုပြင်ပြောင်းလဲစေဖို့ဆိုပြီး လွှတ်ပေးမယ်ဆိုတဲ့ အကျဉ်းသားတွေထဲ ဘယ်လိုပုဒ်မမျိုးတွေ အကျုံးဝင်တယ်ဆိုတာ ဖော်ပြထားပေမယ့် ဘယ်နှစ်ဦး လွတ်မြောက်မယ်ဆိုတာကိုတော့ အတိအကျ သမ္မတရဲ့ ထုတ်ပြန်ချက်မှာ မတွေ့ရပါဘူး။ အကျုံးဝင်တဲ့ပြစ်မှု ၇ မျိုးကို ဖော်ပြထားရာမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးအပြစ်ပေးလေ့ရှိတဲ့ ပုဒ်မမျိုးတွေ ဖြစ်ပါတယ်။ ဒီပုဒ်မတွေနဲ့ ဖမ်းဆီးထောင်ချခံရသူတွေအပြင် ဒီပုဒ်မတွေနဲ့ စွဲချက်တင်ထားခံရသူတွေနဲ့ ဒီပုဒ်မနဲ့ စုံစမ်းစစ်ဆေးဆဲ အမှုတွေ သုံးမျိုးလုံး အကျုံးဝင်တယ်လို့ဆိုထားတာကြောင့် ပုဒ်မ ၁၈ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေတွေနဲ့ တရားရုံးစစ်ဆေးခံနေရသူ နှစ်ရာကျော်လည်း အကျုံးဝင်သွားတယ်လို့ ယူဆရပါတယ်။ အခုလို သမ္မတရဲ့ ထုတ်ပြန်ချက်ကို ဝမ်းမြောက်ကြိုဆိုတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ်အိုဟေးကင်တာနားက ပြောပါတယ်။

“သမ္မတရဲ့ ဒီဆုံးဖြတ်ချက်ကို ကြိုဆိုပါရစေ။ ၂၀၁၄ ခုနှစ်ထဲမှာ နိုင်ငံရေး အကျဉ်းသားဆိုတာ မရှိစေရတော့ဘူးဆိုပြီး သမ္မတဦးသိန်းစိန် ကတိပေးပြော ခဲ့တာကို အမှတ်ရကြမှာပါ။ ဒီ ကတိအတိုင်းပဲ အခု ဆုံးဖြတ်ချက် ချလိုက်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် သမ္မတအနေနဲ့ ကတိအတိုင်း အခု နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်မယ်ဆိုတာ ဝမ်းမြောက်မိသလို ဒီဆုံးဖြတ်ချက်ကိုလည်း ကြိုဆိုရမှာပါ။”

မြန်မာနိုင်ငံမှာ လက်ကျန်နိုင်ငံရေးအကျဉ်းသားတွေပြန်လွတ်လာဖို့အတွက် သမ္မတဦးသိန်းစိန်အနေနဲ့ သူ့ကတိကဝတ်အတိုင်း ၂၀၁၃ အကုန်မှာ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ Human Right Watch လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့နဲ့ Amnesty International စတဲ့ လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာအစိုးရသမ္မတဦးသိန်းစိန်ကို မကြာသေးခင်ကပဲ သတိပေး တိုက်တွန်းမှုတွေလုပ်ခဲ့ပါတယ်။

Amnesty International လူ့အခွင့်အရေးအဖွဲ့က ပြောခွင့်ရသူ T ကူးမားကလည်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာမယ့် အခြေအနေကို ကြိုဆိုလိုက်ပြီး လွတ်မြောက်လာမှုဟာ ခြွင်းချက်မရှိ ဖြစ်သင့်တယ်လို့တော့ ထောက်ပြထားပါတယ်။

“ အသံ”

မစ္စတာကင်တာနားကတော့ အခုလို နိုင်ငံရေးမှုနဲ့ ဖမ်းဆီးထောင်ချခံရသူတွေ တရားရုံးတင်စစ်ဆေးခံရသူတွေ လွှတ်လာတာအပြင် အရေးကြီးတဲ့ အချက်ကတော့ နိုင်ငံရေးလှုပ်ရှားသူတွေကို အရေးယူနေတဲ့ ဒီ ဥပဒေ ပုဒ်မမျိုးတွေကို ပြန်လည်ဆန်းစစ်ပြီး ပယ်ဖျက် သင့်တယ်လို့ ပြောပါတယ်။ အရင်တုန်းကလည်း သူ့ရဲ့ အကြံပြုချက်ထဲမှာ ဒီ ပုဒ်မတွေကို အာဏာပိုင်တွေဖက်က ပြန်လည်ဆန်းစစ်ဖို့ဆိုတဲ့ အချက် ပါပြီးသားပါ။

“အခု နှစ်တွေအတွင်း အရပ်ဖက်အုပ်ချုပ်မှုအောက်မှာပဲ တည်ဆဲဥပဒေတွေအရ ဖမ်းဆီးထိမ်းသိမ်းခံရတဲ့၊ တရားစွဲဆိုခံရတဲ့ တက်ကြွလှုပ်ရှားသူတွေ ရှိပါတယ်။ သူတို့လည်း အခု လွတ်လာမယ်ဆိုတော့ ဝမ်းမြောက်မိပါတယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ အခုလို တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူဖိနှိပ်တဲ့ ဥပဒေမျိုးတွေကို လွှတ်တော်ကနေ ပယ်ဖျက်ပေးဖို့ ဖြစ်ပါတယ်။ ဒီ ဥပဒေတွေက အခုအထိ အသက်ဝင်နေတုန်း ဖြစ်ပါတယ်။“

သမ္မတရဲ့ ကြေညာချက်ထဲမှာတော့ ဒီပုဒ်မတွေနဲ့ အရေးယူထားခံရသူတွေ တရားစွဲခံထားရသူတွေကို လွှတ်ပေးဖို့ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိပဲ အကျုံးဝင်ပြီး အဲဒီနောက်ပိုင်း ဒီပုဒ်မတွေနဲ့ စွဲဆိုဖမ်းဆီးခံရသူတွေအတွက် အကျုံးမဝင်ဘူးဆိုတာကြောင့် ဒီပုဒ်မတွေဟာ ဆက်ပြီးရှိနေသလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဆက်ပြီးတော့လည်း ခြိမ်းခြောက်နေတဲ့ ဥပဒေတွေဖြစ်နေဦးမှာပါ။
XS
SM
MD
LG