သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့လူဦးရေတဝက်ကျော် အင်တာနက်လက်လှမ်းမမီ


ကမ္ဘာလူဦးရေ ထက်ဝက်ကျော်ဟာ အင်တာနက် ကွန်ယက်စနစ်နဲ့ ချိတ်ဆက် အသုံးချနိုင်ခွင့် မရကြသေးပဲရှိနေတဲ့အကြောင်း အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အခုနှစ်အတွင်းမှာတော့ ကမ္ဘာ့လူဦးရေရဲ့ ၈၄% ဟာ မိုဘိုင်း လက်ကိုင်ဖုန်းတွေကနေတဆင့် ချိတ်ဆက်နိုင်ခွင့် ရရှိခဲ့ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ကမ္ဘာ့ လူဦးရေရဲ့ ၄၇% သာ အင်တာနက် ချိတ်ဆက်ခွင့်ရကြတာဖြစ်ပါတယ်။

အများစုမှာ ကြုံနေကြရတာကတော့ ချိတ်ဆက်နိုင်စွမ်းရှိတဲ့ လက်ကိုင်ဖုန်းတွေရဲ့ တန်ဖိုးနဲ့ ဝန်ဆောင်ခ စားရိတ် ဈေးနှုန်း ကြီးမြင့်နေတာကြောင့် ဖြစ်တယ်လို့ ITU လို့ ခေါ်တဲ့ ကုလသမဂ္ဂ နိုင်ငံတကာ ဆက်သွယ်ရေး သမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာက ဆက်သွယ်ရေးနဲ့ သတင်းအချက်လက်ဆိုင်ရာ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတွေကို သုံးသပ်ထားတာပါ။

ဒါပေမဲ့ ဆယ်လူလာ မိုဘိုင်းစနစ် အသုံးပြုခ တန်ဖိုးဟာ ၂၀၁၅ ခုနှစ်က စပြီး တစထက်တစ ကျဆင်းလာခဲ့ပြီး၊ ဖွံ့ဖြိုးမှု အနည်းဆုံး တိုင်းပြည်တွေမှာ ၂၀% လောက်အထိ ထိုးကျသွားခဲ့တယ်လို့ အစီရင်ခံစာ က မှတ်တမ်းတင်ထားပါတယ်။

မြန်နှုန်းမြင့် ဆက်သွယ်ရေးစနစ် တန်ဖိုးကျဆင်းသွားတယ်ဆိုပေမဲ့ ဖွံ့ဖြိုးမှုနည်းသေးတဲ့ တိုင်းပြည်တချို့မှာတော့ ဈေးကြီး နေဆဲရှိပြီး၊ အသုံးပြုဖို့ မတတ်နိုင်ကြသေးပဲ ရှိနေတယ်လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG