ဗီယက်နမ်နိုင်ငံမှာ သေဒဏ်ဖျက်သိမ်းဖို့၊ ဘာသာရေးလွတ်လပ်ခွင့် ပိုပေးဖို့နဲ့ အစိုးရအပေါ်ဝေဖန်သူတွေကို မခြိမ်းခြောက်ဖို့ တောင်းဆိုတာတွေ အပါအဝင် အကြံပြုချက် ၂၂၇ ချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ က သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဂျနီဗာမှာ ဗုဒ္ဓဟူးနေ့က ဗီယက်နမ်နိုင်ငံရဲ့ ဆိုးဝါးတဲ့ လူ့အခွင့်ရေးဆိုင်ရာ စစ်တမ်းကို သုံးသပ်ခဲ့ကြပြီး သောကြာနေ့မှာ အခုလိုကုလသမဂ္ဂက အကြံပြု ကြေငြာချက်ထုတ်ပြန်လိုက်တာပါ။ ဒီအကြံပြုချက်နဲ့ ပါတ်သက်ပြီး လာမယ့် ဇွန်လမတိုင်ခင် ဗီယက်နမ်အစိုးရက တုန့်ပြန်ရမှာဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ ဗီယက်နမ်နိုင်ငံဆိုင်ရာ သုံးသပ်ပွဲကို တက်ရောက်ခဲ့တဲ့ သံတမန်အများအပြားက ဗီယက်နမ်အစိုးရဟာ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို အခုထိဆက်ပြီး ကန့်သတ်ထားတာအတွက် ရှုံ့ချပြစ်တင်ခဲ့ကြပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံ အတွက် ၄ နှစ်တကြိမ် သုံးသပ်ချက်တွေ လုပ်လေ့ရှိပါတယ်။ သုံးသပ်ပွဲမှာ ဆွေးနွေးပြောဆိုသူ သံတမန် ၁၀၆ ဦးထဲက အမေရိကန်သံတမန် Peter Mulrean ကတော့ ဗီယက်နမ်နိုင်ငံဟာ နိုင်ငံတကာမှာ လိုက်နာကျင့်သုံးနေတဲ့ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်တွေ၊ အသင်းပင် ဖွဲ့စည်းမှုဆိုင်ရာလွတ်လပ်ခွင့်တွေကို ခုထိပိတ်ပင်ထားဆဲဖြစ်ပဲလို့ ဆိုပါတယ်။
ဗီယက်နမ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Ha Kim Ngoc ကတော့ သူ့နိုင်ငံအတွက် ခုခံပြောဆိုခဲ့ပြီး အင်တာနက်အပါအဝင် သတင်းမီဒီယာတွေ ဘက်စုံတိုးတက်လာဖို့ အားပေးလုပ်ဆောင်နေပါတယ်လို့ ဆိုပါတယ်။