သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်တွေဆီ ကုလအကူအညီရောက်


ကချင်စစ်ဘေးဒုက္ခသည်တချို့။ (ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၁၃)။
ကချင်စစ်ဘေးဒုက္ခသည်တချို့။ (ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၁၃)။
ကချင်ပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်တွေအတွက် ကုလသမဂ္ဂက ထောက်ပံ့ ကူညီမှုတွေ ပို့ပေးနိုင်ခဲ့ပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ မြန်မာအစိုးရရဲ့ ခွင့်ပြုချက်ရရှိခဲ့ပြီးနောက်မှာ အကူအညီ အလွန်အမင်း လိုအပ်နေသူ ရာနဲ့ချီအတွက် ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီ UNHCR က အကူအညီတွေ သွားရောက်ပေးနိုင်ခဲ့ပြီ ဆိုတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောခွင့်ရသူ Eduardo del Buey က သောကြာနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာပါ။

ကုလသမဂ္ဂအဖွဲ့တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖားကန့်ကိုရောက်ရှိပြီး အဲဒီဒေသမှာရှိတဲ့ ဒုက္ခသည်တွေကို ထောက်ပံ့ရေး အကူအညီတွေ ပေးခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဇွန်လမှ စတင်ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်တွေနဲ့ လက်နက်ကိုင် ကချင်လွတ်မြောက်ရေး KIA တပ်တွေကြား တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အရပ်သား ၇ သောင်းခွဲလောက် အိုးအိမ်စွန့်ခွာ ဘေးကင်းရာမှာ ရှောင်တိမ်းနေကြရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နေရာတွေဆီကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အကူအညီပေးတဲ့ အဖွဲ့တွေကို သွားရောက်ခွင့် အရင်က မပေးခဲ့ပေမဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambia မြန်မာနိုင်ငံ ကို နောက်ဆုံးတခေါက် သွားရောက်ခဲ့အပြီးမှာ ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂက အကူအညီ သွားရောက်ပေးရေးကို မြန်မာအစိုးရက ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ခုလို အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို ၂၁၁၂ ခုနှစ်ကတည်းကဆိုရင် အခုမှ ပထမဆုံးသွားရောက် အကူအညီပေးနိုင်တာဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
XS
SM
MD
LG