သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဏ္ဏဝါဇီ၀ကာကွယ်မယ့် ကုလစာချုပ်စာတမ်း ပြဌာန်း


United Nations High Seas Treaty
United Nations High Seas Treaty

နိုင်ငံတကာရေပိုင်နက်အတွင်းမှာရှိတဲ့ အဏ္ဏဝါဇီ၀ အပင်နဲ့ရေနေသတ္တဝါအားလုံးကို အကာအကွယ်ပေးမယ့် ပထမဆုံးစာချုပ်စာတမ်းတခုကို ကုလသမဂ္ဂမှာ ပြဌာန်းလိုက်ပါတယ်။ ဒါဟာ ပင်လယ်သမုဒ္ဒရာကို ကာကွယ် ခွင့်ပေးမယ့် သမိုင်းဝင် သဘောတူညီချက်ဖြစ်တယ်လို့ ကုလသမဂ္ဂအကြီးအကဲက ချီးကျူးပြောဆို လိုက်ပါ တယ်။ ဒီသဘောတူညီစာချုပ်ကို အတည်ပြုဖို့ ကန့်ကွက်သူမရှိတဲ့ ဒီညှိုနှိုင်းဆွေးနွေးပွဲကို ပင်လယ်သမုဒ္ဒရာ အရေးဆိုင်ရာ စင်ကာပူသံအမတ်ကြီးက ကြီးကြပ်ခဲ့ပါတယ်။

သဘောတူညီချက်ရပြီး စင်္ကာပူသံအမတ်က တူထုလိုက်တဲ့အချိန်မှာတော့ နိုင်ငံပေါင်း ၁၉၃ နိုင်ငံက ကိုယ်စား လှယ်တွေ မတ်တတ်ရပ်ပြီး လက်ခုတ်ဩဘာပေးခဲ့ကြပါတယ်။ ဒီသဘောတူညီချက်ဟာ နိုင်ငံရေပိုင်နက် အလွန် နိုင်ငံတကာပိုင်နက်အတွင်းက ဇီ၀မျိုးစုံးမျိုးကွဲအားလုံးကို အကာအကွယ်ပေးမှာ ဖြစ်ပါတယ်။ ဒီစာချုပ်ဟာ ကမ္ဘာ့မျက်နှာပြင် တဝက်နီးပါးအတွက် အကျုံးဝင်သွားမှာပါ။ ဒီ သဘောတူညီချက်ကိုရဖို့ နှစ် ၂၀ကျော်ကြာ အကြိမ်ကြိမ်ညှိုနှိုင်းဆွေးနွေးခဲ့ရတာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ကုလသမဂ္ဂအထွေထွေညီလာခံက စီစဉ်ခဲ့တဲ့ နိုင်ငံတကာညီလာခံကို တက်ရောက် လာတဲ့ ကိုယ်စားလှယ်တွေဟာ အခု မတ်လကျမှ ဒီစာချုပ်ကို သဘောတူညီချက်ရရှိပါတယ်။ အခု ဒီစာချုပ်ဟာ ၁၉၉၄ ခုနှစ်က အသက်ဝင်ခဲ့တဲ့ ပင်လယ်အဏ္ဏဝါဥပဒေဆိုင်ရာ နိုင်ငံတကာသဘောတူညီချက် အောက်မှာ ရှိနေပါဦးမယ်။

စက်တင်ဘာလ ၂၀ ရက်နေ့ လာမယ့် အထွေထွေညီလာခံနှစ်ပတ်လည်ညီလာခံအတွင်းမှာ နိုင်ငံတွေအနေနဲ့ စာချုပ်အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်စထိုးနိုင်မှာဖြစ်ပြီး၊ နိုင်ငံပေါင်း ၆၀ က လက်မှတ်ထိုးလိုက်တာနဲ့ နိုင်ငံတကာဥပဒေမှာ အသက်ဝင်မှာဖြစ်ပါတယ်။ ကုလအတွင်းရေးမှုးချုပ် Antonio Guterres က​တော့ အခုလို အရေးကြီးတဲ့အချိန် ဒီစာချုပ်ကို အတည်ပြုနိုင်တဲ့အတွက် ကိုယ်စားလှယ်တွေကို ချီးကျူး စကားပြောပါတယ်။

ဥတုရာသီဖောက်ပြန်မှုဟာ ရာသီဥတုပုံစံတွေနဲ့ သမုဒ္ဒရာရေစီးကြောင်းတွေကို အနှောက်အယှက်ပြုသလို၊ ပင်လယ်ပြင်အပူချိန်ကို မြင့်မားလာစေတယ်လို့ ကုလအတွင်းရေးမှုးချုပ်က ပြောပါတယ်။ နိုင်ငံတကာရေပြင်ထဲ ငါးအလွန်အကျွံဖမ်းဆီးတာတွေ၊ ကာဗွန်ကြောင့် ပင်လယ်ပြင်အဆိပ်အတောက် ဖြစ်ရာကနေ အဏ္ဏဝါဇီ၀တွေကို ခြိမ်းခြောက်မှုဖြစ်လာတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့်လည်း ဒီစာချုပ်မှာဖြစ်နိုင်သမျှ နိုင်ငံအားလုံးပါဝင်လက်မှတ်ထိုးကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

အဏ္ဏဝါဇီ၀ကာကွယ်မယ့် ကုလစာချုပ်စာတမ်း ပြဌာန်း
please wait

No media source currently available

0:00 0:01:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG