သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါပူအာ နယူးဂီနီမှာ မြေပြိုမှုကြောင့် ခန့်မှန်းခြေ ၇၆၀ ကျော် သေဆုံး


မြေပြိုကျလို့ ထိခိုက်ဒဏ်ရာရသူတဦးကို ကယ်ဆယ်ရေးအဖွဲ့မှ ကယ်ထုတ်လာစဉ် - ဓါတ်ပုံ IOM
မြေပြိုကျလို့ ထိခိုက်ဒဏ်ရာရသူတဦးကို ကယ်ဆယ်ရေးအဖွဲ့မှ ကယ်ထုတ်လာစဉ် - ဓါတ်ပုံ IOM

မြေပြိုကျမှု အကြီးအကျယ် ကြုံခဲ့ရတာကြောင့် Papua New Guinea မှာ သေဆုံးသူ အရေအတွက်ဟာ ခန့်မှန်းခြေ ၆၇၀ ကျော်အထိ ရှိမယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ (IOM) က ပြောလိုက်ပါတယ်။ သောကြာနေ့က အိမ်ခြေ ၁၅၀ ကျော် မြေပြိုတဲ့အထဲမှာ ပါသွားတဲ့ Yambali ကျေးရွာနဲ့ Enga ပြည်နယ်က သေဆုံးသူတွေကို ထည့်သွင်း တွက်ချက်ပြီး ခန့်မှန်းထားတာလို့လည်း (IOM) ရဲ့ ဒေသဆိုင်ရာ တာဝန်ခံ Serhan Aktoprak က ပြောပါတယ်။

အစောပိုင်း ခန့်မှန်းချက်တွေမှာတော့ အိမ်ခြေ ၆၀ လောက် မြေပြိုတဲ့အထဲပါသွားပြီး သေဆုံးသူအရေအတွက် ၁၀၀ ကျော်မယ်လို့ အာဏာပိုင်တွေက ခန့်မှန်းခဲ့ကြတာပါ။ တနင်္ဂနွေနေ့အထိ သေဆုံးသူ အလောင်း ၆ လောင်းနဲ့ ခြေထောက်တဖက်ကိုသာ ကယ်ဆယ်ရေးတွေ ရှာဖွေတွေ့ရှိထားကြပါတယ်။ အသက်မသေ လွတ်မြောက်ခဲ့သူတွေကိုတော့ စိတ်ချရမယ့် ဘေးလွတ်ရာ နေရာတွေကို ပြောင်းရွှေ့ ပေးထားပြီး၊ ပေ ၂၀ အစိတ်လောက် အပျက်အစီးတွေနဲ့ နစ်မြုပ်သွားတဲ့အထဲမှာ အသက်ရှင်လျက် ပြန်တွေ့ဖို့ အလားအလာ သိပ်မရှိဘူးလို့ ကယ်ဆယ်ရေးတွေက ခန့်မှန်းထားကြောင်းလည်း IOM ဒေသခံရုံး အကြီးအကဲက ပြောပါတယ်။

ပြည်နယ်မြို့တော် Wabag နဲ့ ၃၅ မိုင်လောက် အကွာမှာရှိတဲ့ အခင်းဖြစ်ရာဒေသကိုတော့ စားနပ်ရိက္ခာနဲ့ အရေးပေါ် ကူညီရေးပစ္စည်းတွေ မနေ့ကစပြီး ပေးပို့နေပါတယ်။

Forum

XS
SM
MD
LG