သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ပန်လက်၊ ဟားခါး၊ ကနီ၊ မုံရွာနဲ့ ဂန့်ဂေါဘက် စစ်အင်အားတိုးချဲ့မှု OHCHR စိုးရိမ်


UN-OHCHR Statement on Myanmar
UN-OHCHR Statement on Myanmar

{Zawgyi/Unicode}

မြန်မာနိုင်ငံထဲက အင်တာနက်ဖြတ်ထားတဲ့ဒေသတချို့မှာ စစ်တပ်က လက်နက်ကြီးတွေတိုးချပြီး အင်အားတိုးမြှင့်နေတဲ့အပေါ် စိုးရိမ်ကြောင်း လူ့အခွင့်အရေးဆိုင် ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး (OHCHR) က ပြောပါတယ်။

ချင်းပြည်နယ်၊ ကန်ပက်လက်နဲ့ ဟားခါးမြို့နယ်၊ စစ်ကိုင်းတိုင်းထဲက ကနီနဲ့မုံရွာမြို့ နယ်၊ မကွေးတိုင်းထဲက ဂန့်ဂေါမြို့နယ်တွေမှာ လက်နက်ကြီးတွေ ပိုချလာနေသလို အဆင့်မြင့် စစ်ဗိုလ်ချုပ်နှစ်ဦးကိုပါ လွှတ်ထားတယ်လို့ အောက်တိုဘာလ ၈ ရက် နေ့ထုတ် OHCHR ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ချင်းပြည်နယ်အပါအဝင် ဒေသတချို့က ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီက လိုက်လံရှာဖွေချိန်အတွင်း သတ်ဖြတ် တာတွေ၊ PDF တပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ကူညီရတယ် လို့ယူဆတဲ့ ရွာတွေထဲဝင်ပြီး အိမ်တွေကိုမီးတင်ရှို့တာ စတဲ့ပြစ်မှုတွေ အကြီးအကျယ်ကျူးလွန်ခဲ့တာကို မှတ်တမ်းပြုစုထားတယ်လို့လည်း OHCHR ပြောခွင့်ရ Ravina Shamdasani ရဲ့ ထုတ်ပြန်ချက်ထဲမှာပြောထားပါတယ်။

အကြီးအကျယ်ဖမ်းဆီးတာ၊ နှိပ်စက်ညှဉ်းပမ်းတာနဲ့ သတ်ဖြတ်တယ်ဆိုတဲ့ သတင်းတွေလည်း ရထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်တွေမှာ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာအပြင် လေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်တာတွေပါလေ့ရှိတယ်လို့လည်း ပြောထားပါတယ်။

အင်တာနက်ဖြတ်တောက်ထားခြင်းအားဖြင့် သန်းနဲ့ချီတဲ့ ပြည်သူတွေအတွက် ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်ရရှိရေး ခက်ခဲသွားစေတယ်လို့လည်း ထောက်ပြထားပါတယ်။ မြန်မာပြည်သူတွေအပေါ် ဒီလို ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ပြီးပေါ်ပေါက်မလာအောင် တားဆီးနိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းပြောဆိုကြဖို့လည်း OHCHR က ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

သြဇာကြီးတဲ့တိုင်းပြည်တွေအနေနဲ့ မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေရပ်သွားအောင် ဝိုင်းဝန်းဖိအားပေးကြဖို့၊ အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးဖို့နဲ့ လိုအပ်နေသူတွေဆီ လူသားချင်းစာနာမှုအကူအညီတွေ အရောက်ပို့နိုင်အောင် လုပ်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်


======

{Unicode}









XS
SM
MD
LG