သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလပ်စတစ်လျှော့ချရေး နိုင်ငံတကာညှိုနှိုင်းမှု အဖြေမထွက်


နီပေါနိုင်ငံ၊ ကတ်မန်ဒူမြို့က ပလပ်စတစ်အမှိုက်ပုံတွေကြား သွားလာနေတဲ့ ကျောင်းသူများ၊ အောက်တိုဘာ ၂ , ၂၀၂၄။
နီပေါနိုင်ငံ၊ ကတ်မန်ဒူမြို့က ပလပ်စတစ်အမှိုက်ပုံတွေကြား သွားလာနေတဲ့ ကျောင်းသူများ၊ အောက်တိုဘာ ၂ , ၂၀၂၄။

ကမ္ဘာတဝှမ်း ပလပ်စတစ်ညစ်ညမ်းမှုတွေကို အဆုံးသတ်ရေး နိုင်ငံတကာသဘောတူညီချက်ရဖို့ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ ညှိုနှိုင်းဆွေးနွေးနေကြရာမှာ၊ သဘောတူညီချက်မရပဲ ပျက်သွားခဲ့ပါတယ်။ နိုင်ငံပေါင်း တရာကျော်က ပလပ်စတစ်ထုတ်လုပ်မှုကို လျှော့ချဖြတ်တောက်ဖို့ လိုလားပေမယ့် ရေနံထုတ်နိုင်ငံတချို့က ပလပ်စတစ်စွန့်ပစ်မှုကိစ္စကိုသာ ပြင်ဆင်ဆောင်ရွက်လိုကြပါတယ်။

ဘူဆန်မြို့မှာ ကျင်းပနေတဲ့ ငါးကြိမ်မြောက် နိုင်ငံစုံ ညှိုနှိုင်းရေးကော်မတီ အစည်းအ‌ဝေးကနေ နိုင်ငံတွေအားလုံး မဖြစ်မနေလိုက်နာရမယ့် နိုင်ငံတကာသဘောတူညီချက်ရဖို့ ကြိုးပမ်းနေတာပါ။ ဒါပေမယ့်လည်း သဘောတူညီချက်ပါ အခြေခံတွေအပေါ်မှာ နိုင်ငံတွေအကြား ကွဲလွဲနေတာမို့၊ အဓိက အရေးပါတဲ့ အချက်တွေအတွက် နောက်အစည်းအဝေးမှာ ဆက်ဆွေးနွေးဖို့၊ လက်ရှိညှိုနှိုင်းမှုကို ရွေ့ဆိုင်းခဲ့ကြပါတယ်။

အဓိက ကွဲလွဲနေတဲ့ အချက်တွေထဲမှာတော့ ပလပ်စတစ်ထုတ်ရေး၊ ဓါတုပစ္စည်းဆိုင်ရာ စိုးရိမ်မှုနဲ့ ပလပ်စတစ်ထုတ်ကုန်တွေကို စီမံမှု၊ သဘောတူညီချက်မှုကို အကောင်အထည်ဖော်ရာမှာ ဖွံဖြိုးဆဲတိုင်းပြည်တွေကို ငွေကြေးထောက်ပံ့မှု ကိစ္စရပ်တွေ ပါဝင်ပါတယ်။

နိုင်ငံပေါင်း တရာကျော် လက်ခံပါဝင်တဲ့ ပနားမားနိုင်ငံရဲ့ အဆိုပြုချက်မှာတော့ ကမ္ဘာ့တဝှမ်း ပလပ်စတစ်ထုတ်လုပ်မှု လျှော့ချဖို့ဆိုတာ ပါဝင်ပေမယ့်၊ နောက်ထပ် အဆိုပြုချက်မှာတော့ ပလပ်စတစ်ထုတ်လုပ်မှု လျှော့ချရေးကို ဖယ်ထုတ်ထားပါတယ်။

ဆော်ဒီအာရေဗီးယားနိုင်ငံလို ရေနံဓါတုထုတ်လုပ်တဲ့ နိုင်ငံတချို့ကတော့ ပလပ်စတစ်ထုတ်ကုန်လျှော့ချရေးကြိုးပမ်းမှုကို အပြင်းအထန်ဆန့်ကျင်ပါတယ်။ Eunomia အချက်အလက်စစ်တမ်းတွေအရဆိုရင် ၂၀၂၃ ခုနှစ်အတွင်း ပလပ်စတစ်အပါအဝင် ပိုလီမာ ဓါတုဓါတ်ပေါင်းထုတ်လုပ်တဲ့ အဓိက ငါးနိုင်ငံဟာ တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ ဆော်ဒီအာရေဗီးယားနိုင်ငံတို့ ဖြစ်ကြပါတယ်။

ပလတ်စတစ်လျှော့ချရေး နိုင်ငံတကာညှိနှိုင်းမှုအဖြေမထွက်
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG