သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ဒုက္ခသည် သန်းကျော်ရှိ


မြန်မာ စစ်ပြေးဒုက္ခသည်များ။
မြန်မာ စစ်ပြေးဒုက္ခသည်များ။
မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ IDP၊ IDP လို အခြေအနေမျိုး မှာ နေထိုင်နေရသူ၊ နိုင်ငံမဲ့၊ IDP လို အခြေအနေမှာ နေထိုင်နေရ သူတွေ အပါအဝင် နေရပ်ပြန်သွားတဲ့ IDP နဲ့ ထိုင်းနိုင်ငံက ပြန်ဝင်လာတဲ့ ဒုက္ခသည် စသည်အားဖြင့် စုစုပေါင်း အရေအတွက် ၁.၂ သန်းကျော် ရှိနေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီထဲကမှ လူပေါင်း ၄၈၄,၄၀၀ ကို ကုလသမဂ္ဂက အကူအညီပေးနေတယ်လို့ ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာနေ့ဖြစ်တဲ့ ဒီကနေ့မှာ ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၂၀၁၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ နေရပ်ပြန်လာဖို့ အခြေအနေတွေဟာ အားတက်ဖွယ်ရာ မရှိသေးပေမယ့် UNHCR ရဲ့ ကမကထပြုမှုနဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံကြား ပုံမှန် ဆက်သွယ် ဆွေးနွေးမှုတွေ အပါအဝင် သက်ဆိုင်သူတွေကြား တိုင်ပင် ညှိနှိုင်းမှုတွေကတော့ တိုးလာတယ်လို့ အစီရင်ခံစာမှာပြောထားပါတယ်။

နိုင်ငံမဲ့နေသူတွေကိစ္စဟာ UNHCR အတွက် စိုးရိမ်ဖွယ်ရာကိစ္စရပ်တခုအဖြစ် ဆက်ရှိနေပြီး အစိုးရရဲ့ မူဝါဒနဲ့ လုပ်ဆောင်မှုတွေ ဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ပိုပြီးကိုက်ညီစေရေး အားပေးတိုက်တွန်းတဲ့ ကြိုးပမ်းချက်တွေကလည်း တိုးတက်မှု သိပ်မရှိခဲ့ ဘူးလို့ UNHCR ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
XS
SM
MD
LG