သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA လက်မှတ်ထိုးပေမယ့် ကလေးတွေအတွက် စိုးရိမ်ဆဲဖြစ်ကြောင်း UNICEF ပြော


ကချင်ပြည်နယ် လိုင်ဇာမြို့ အနီးက ကချင်စစ်ပြေးဒုက္ခသည်စခန်းတွင်းက ကလေးငယ်များ ( ဇန်နဝါရီ ၄၊ ၂၀၁၃)။
ကချင်ပြည်နယ် လိုင်ဇာမြို့ အနီးက ကချင်စစ်ပြေးဒုက္ခသည်စခန်းတွင်းက ကလေးငယ်များ ( ဇန်နဝါရီ ၄၊ ၂၀၁၃)။

မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၈) ဖွဲ့တို့အကြား အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးလိုက်နိုင်ခဲ့တာဟာမြန်မာနိုင်ငံအတွင်း ကာလရှည်ကြာ ပြည်တွင်းစစ် လက်နက်ကိုင်ပဋိပက္ခဘေးဒဏ် ခံစားနေရတဲ့ ကလေးသူငယ်တွေအတွက် သမိုင်းဝင် ခြေလှမ်းတစ်ခုဖြစ်ပါတယ်။

ကုလသမဂ္ဂကလေးများဆိုင်ရာ ရံပုံငွေအဖွဲ့ UNICEF အဖွဲ့ကတော့ ဒီသဘောတူညီတဲ့အဖွဲ့တွေရဲ့ နယ်မြေတွေမှာမပါတဲ့ ကလေးသူငယ် ၁.၈ သန်း အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

UNICEF က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ လက်နက်ကိုင် ပဋိပက္ခအတွင်းနေထိုင်နေကြရတဲ့ ကလေးငယ်တွေအပေါ် အထူးသဖြင့် အကာအကွယ် ပေးနိုင်မှာဖြစ်တဲ့ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုကို ကြိုဆိုတဲ့အကြောင်း ပြောဆိုလိုက်သလို ဒီသဘောတူညီမှုက ကလေးတွေ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တခြားမြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ကလေးသူငယ်တွေကိုလည်း တန်းတူ အခွင့်အလမ်းတွေ၊ အကျိုးကျေးဇူးတွေခံစားနိုင်ခွင့်ရှိဖို့ လမ်းစဖွင့်ပေး တာမျိုး ဖြစ်သင့်တယ်လို့ ထောက်ပြပြောဆိုပါတယ်။

ပါဝင်ပတ်သက်နေကြတဲ့ အဖွဲ့အစည်းတွေအားလုံးအနေနဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက်ကျူးလွန်မှုတွေ ရပ်တန့်ကြဖို့ကိုလည်း UNICEF က တောင်းဆိုထားပါတယ်။

ဒီအထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေထဲ ကလေးတွေကို သိမ်းသွင်းတာ၊ စာသင်ကျောင်းတွေကို တိုက်ခိုက်တာ၊ ကလေးတွေအတွက် လူသားချင်း စာနာမှု ဆိုင်ရာအထောက်ကူတွေ မရရှိအောင် လုပ်တာမျိုးတွေ မလုပ်ကြပါနဲ့လို့ UNICEF ကတိုက်တွန်းလိုက်ပါတယ်။

XS
SM
MD
LG