သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ အရပ္ဘက္အုပ္ခ်ဳပ္မႈ ျပန္ေဖၚေဆာင္ဖို႔ လူ႔အခြင့္ေရးမဟာမင္းႀကီးတိုက္တြန္း


ယခင္မွတ္တမ္းဓါတ္ပုံ (Fabrice Coffrini/Pool via REUTERS)

ျမန္မာႏိုင္ငံမွာ အရပ္ဘက္အုပ္ခ်ဳပ္မႈ ျပန္ေဖၚေဆာင္ဖို႔ လူ႔အခြင့္ေရးမဟာမင္းႀကီးတိုက္တြန္း

{{Zawgyi/Unicode}}
ျမန္မာစစ္တပ္က ျပည္သူေတြအေပၚမွာ အၾကမ္းဖက္တုိက္ခုိက္ေနတာေတြကို ရပ္တန္႔ဖို ႔နဲ႔ တုိင္းျပည္မွာ အရပ္ဖက္အုပ္ခ်ဳပ္ေရး ျပန္လည္ေဖာ္ေဆာင္ဖို႔အတြက္ ႔ ျမန္မာစစ္တပ္ကို ႏုိင္ငံတကာဖိအားေတြ ပိုၿပီေပးၾကဖို႔ ကုလသမဂၢလူ႔အခြင့္အေရး ေကာ္မရွင္နာမင္းႀကီး Michelle Bachelet က တုိက္တြန္းလိုက္ပါတယ္။ VOA သတင္းေထာက္ Lisa Schlein ဂ်နီဗာၿမိဳ႕ကေန သတင္းေပးပို႔ထားတာကို ကိုရန္ႏုိင္က ေျပာျပေပးမွာျဖစ္ပါတယ္။

ျမန္မာစစ္ေကာင္စီတပ္ေတြက ျပည္သူေတြအေပၚ က်ဴးလြန္ခဲ့တဲ့ ႀကီးမားက်ယ္ျပန္႔တဲ့ ရာဇ၀တ္မႈေတြနဲ႔ ပတ္သက္ၿပီး ႏုိင္ငံတကာ အသိုင္းအဝိုင္းက တက္တက္ႂကြျကြတုံ႔ျပန္ေဆာင္ရြက္ျခင္းမရွိခဲ့တာနဲ႔ ပတ္သက္ၿပီး ကုလသမဂၢလူ႔အခြင့္အေရးဆုိင္ရာ အႀကီးအကဲ Michelle Bachelet က စိတ္ပ်က္တုံလႈပ္မိတယ္လို႔ ေျပာလိုက္ပါတယ္။

အခုဆုိရင္ ျမန္မာႏုိင္ငံမွာ ဒီမုိကေရစီနည္းအရ ေရြးေကာက္တင္ေျမွာက္ထားတဲ့ အရပ္သားအစိုးရကို ျဖဳတ္ခ်ၿပီး စစ္တပ္ကအာဏာသိမ္းခဲ့တာ ၁ ႏွစ္ နီးပါးရွိလာၿပီျဖစ္ၿပီး၊ အဲဒီအခ်ိန္ကစၿပီး၊ ျမန္မာစစ္ေခါင္းေဆာင္ေတြဟာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို စနစ္တက် က်ဴးလြန္ခဲ့ၿပီးေတာ့ ျပစ္ဒဏ္ကေနလည္း လြတ္ကင္းေနတုန္းပဲျဖစ္တယ္လို႔ လူ႔အခြင့္အေရးေကာ္မရွင္နာမင္းႀကီး Michelle Bachelet က ေျပာပါတယ္။ အဲဒီလို စစ္တပ္ဘက္က က်ဴးလြန္ေနတာေတြကို တကမာၻလုံးက ျပစ္တင္ရႈတ္ခ်ခဲ့ၾကေပမယ့္၊ ဒါကိုထိေရာက္တဲ့ အေရးယူေဆာင္ရြက္မႈေတြေတာ့ မရွိခဲ့ဘူးလို႔ သူမက ေျပာလိုက္ပါတယ္။

ကုလ လူ႔အခြင့္အေရးအႀကီးအကဲဟာ မၾကာေသးခင္ကပဲ လူ႔အခြင့္အေရး ကာကြယ္သူေတြ တက္ႂကြလႈပ္ရွားသူေတြနဲ႔ ေတြ႔ဆုံခဲ့ၿပီး၊ အဲဒီေတြ႔ဆုံးမႈအတြင္း သူတို႔က ဖမ္းဆီးႏွိပ္စက္ခံခဲ့ရတဲ့ သတင္းေထာက္ေတြ၊ ၿခိမ္းေျခာက္ခံရတဲ့ စက္႐ုံအလုပ္သမားေတြနဲ႔ ႐ုိဟင္ဂ်ာေတြအပါအ၀င္ ညွင္းပမ္းႏွိပ္စက္မႈေတြကို အရွိန္အဟုန္ျမင့္လုပ္ေဆာင္ခံရတဲ့ ႐ုိဟင္ဂ်ာေတြအပါအ၀င္ လူနည္းစုဘာသာဝင္ေတြနဲ႔ တုိင္းရင္းသားေတြ ႀကဳံခဲ့ရတဲ့ ေၾကာက္မက္ဖြယ္ရာ အျဖစ္ဆုိးေတြကို တင္ျပခဲ့ၾကတယ္လို႔ ကုလလူ႔အခြင့္ေရးဆိုင္ရာ အႀကီးအကဲရဲ႕ ေျပာခြင့္ရ Rupert Coleville ကေျပာပါတယ္။

"ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီ ၁ ရက္ေန႔ စစ္တပ္အာဏာသိမ္းခ်ိန္ကစၿပီး၊ ျမန္မာစစ္တပ္ရဲ႕ လုံၿခဳံေရးတပ္ဖဲြ႔ဝင္ေတြက ႏုိင္ငံေရးအတုိက္အခံေတြကို ရက္ရက္စက္စက္ အၾကမ္းဖက္ႏွိမ္ႏွင္းခဲ့ရာကေန ေသဆုံးတဲ့သူဦးေရဟာ ၁၅ဝဝ ေက်ာ္သြားၿပီျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီထဲမွာ ႏုိ္င္ငံတ၀န္းျဖစ္ေနတဲ့ လက္နက္ကိုင္တုိက္ပဲြေတြ နဲ႔ အၾကမ္းဖက္မႈေတြအတြင္း ေသဆုံးတဲ့သူေတြ မပါဝင္ ေသး ပါဘူး"

ကုလသမဂၢလူ႔အခြင့္အေရး ေကာ္မရွင္နာရံုံး (OHCHR) အေနနဲ႔ ျမန္မာႏုိင္ငံမွာ ေန႔စဥ္ျဖစ္ေနတဲ့ လူ႔အခါင့္အေရးခ်ိဳးေဖာက္မႈေတြကုိ မွတ္တမ္းတင္ထားၿပီး၊ အဲဒီထဲက အမ်ားစုဟာ ျမန္မာစစ္တပ္ရဲ႕ လုံၿခဳံေရးတပ္ဖဲြ႔၀င္ေတြက က်ဴးလြန္တာျဖစ္တယ္လို႔ သူကေျပာပါတယ္။ ၿငိမ္းခ်မ္းစြာ ဆႏၵျပတဲ့သူ ၁၁၇ဝဝ ေက်ာ္ ဥပေဒမဲ့ဖမ္းဆီးခံခဲ့ရၿပီး၊ အဲဒီထဲက ၂၉၀ ထက္မနည္းဟာ ဖမ္းဆီးခံထားရစဥ္မွာ ေသဆုံးခဲ့ၾကၿပီး အေတာ္မ်ားမ်ားကေတာ့ ညွင္းပန္းႏွိပ္စက္ခံရတာေၾကာင့္ ေသဆုံးတာျဖစ္ႏုိင္တယ္လို႔ သူက မွတ္ခ်က္ေပးပါတယ္။

ျမန္မာစစ္တပ္နဲ႔ အာဏာသိ္မ္းတဲ့အေပၚမွာ ျမန္မာျပည္သူအကုန္လုံးနီးပါးက လက္မခံဘဲ ကန္႔ကြက္ခဲ့ၾကတယ္ၿပီးေတာ့ ျမန္မာစစ္တပ္ကလည္း သူ႔ရဲ႕ အာဏာကို ခုိင္မာအားေကာင္းေအာင္မလုပ္ႏုိင္ခဲ့ဘူးလို႔ မစၥတာ Coleville က ေျပာပါတယ္။

"ပထမဆုံးအႀကိမ္အေနနဲ႔ တုိင္းျပည္တြင္းမွာရွိတဲ့ တုိင္းရင္းသားအဖဲြ႔အမ်ားအျပားဟာ အားလုံးစုစုစည္းစည္းနဲ႔ တေပါင္းတစည္းတည္း ျဖစ္လာခဲ့ၿပီးေတာ့ ၊ တုိင္းျပည္ရဲ႕ အနာဂတ္အတြက္ လုံး၀ကို မတူညီတဲ့ ပိုၿပီးေတာ့ အားလုံးပါဝင္ၿပီး ဒီမုိကေရစီ ပိုဆန္တဲ့ အျမင္ေတြကို စတင္ၿပီးေတာ့ ရွင္းရွင္းလင္းလင္း ထုတ္ေဖာ္ေျပာဆုိလာေနၾကပါတယ္။ ဒါက သိပ္ကို အေရးႀကီးပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ အတိတ္တုံးကေတာ့ မတူကဲြျပားတဲ့အဖဲြ႔ေတြၾကားမွာ ကဲြလဲြမႈေတြကလည္း ႀကီးႀကီးမားမားရွိခဲ့တာျဖစ္ပါတယ္"

စစ္တပ္ဘက္က ရက္ရက္စက္စက္က်ဴးလြန္ခဲ့တဲ့ လုပ္ရပ္ေတြကို လူငယ္မ်ိဳးဆက္ေတြအေနနဲ႔ ဒီအတုိင္း ငုံ႔ခံေနမွာမဟုတ္ဘူးဆုိတာကို စစ္တပ္ေခါင္းေဆာင္ေတြအေနနဲ႔ ေတြ႔လာရမွာျဖစ္တယ္လို႔ Colville က ေျပာပါတယ္။

ျမန္မာျပည္သူေတြဟာ သူတုိ႔ရဲ႕ အေျခခံလူ႔အခြင့္အေရးအတြက္ တုိက္ပဲြဝင္တဲ့ေနရာမွာ တကယ္ကိုဘာနဲ႔မွမတူတဲ့ သတၱိေတြနဲ႔ ခံႏုိင္ရည္ရွိမႈေတြကိုျပသခဲ့ၾကတယ္လို႔ Michelle Bachelet က ေျပာပါတယ္။ ဒါေၾကာင့္ ႏုိင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔လည္း ဒီျပႆနာကို အဆုံးသတ္ဖို႔အတြက္ ခုိင္မာတဲ့လုပ္ေဆာင္ခ်က္ေတြကေနတဆင့္ ျမန္မာျပည္သူေတြကို ေထာက္ခံအားေပးသြားမယ္ဆုိတဲ့ သႏၵိဌာန္ခုိင္မာမႈကို အခုအခါမွာ ျပသသြားရမွာျဖစ္တယ္လို႔ ေျပာပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

........................................................

မြန်မာနိုင်ငံမှာ အရပ်ဘက်အုပ်ချုပ်မှု ပြန်ဖေါ်ဆောင်ဖို့ လူ့အခွင့်ရေးမဟာမင်းကြီးတိုက်တွန်း

{{Zawgyi/Unicode}}
မြန်မာစစ်တပ်က ပြည်သူတွေအပေါ်မှာ အကြမ်းဖက်တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့နဲ့ တိုင်းပြည်မှာ အရပ်ဖက်အုပ်ချုပ်ရေး ပြန်လည်ဖော်ဆောင်ဖို့အတွက့် မြန်မာစစ်တပ်ကို နိုင်ငံတကာဖိအားတွေ ပိုပြီပေးကြဖို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Michelle Bachelet က တိုက်တွန်းလိုက်ပါတယ်။ VOA သတင်းထောက် Lisa Schlein ဂျနီဗာမြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီတပ်တွေက ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ကြီးမားကျယ်ပြန့်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက တက်တက်ကြွကြွတုံ့ပြန်ဆောင်ရွက်ခြင်းမရှိခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Michelle Bachelet က စိတ်ပျက်တုံလှုပ်မိတယ်လို့ ပြောလိုက်ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်ကအာဏာသိမ်းခဲ့တာ ၁ နှစ် နီးပါးရှိလာပြီဖြစ်ပြီး၊ အဲဒီအချိန်ကစပြီး၊ မြန်မာစစ်ခေါင်းဆောင်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်ခဲ့ပြီးတော့ ပြစ်ဒဏ်ကနေလည်း လွတ်ကင်းနေတုန်းပဲဖြစ်တယ်လို့ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး Michelle Bachelet က ပြောပါတယ်။ အဲဒီလို စစ်တပ်ဘက်က ကျူးလွန်နေတာတွေကို တကမ္ဘာလုံးက ပြစ်တင်ရှုတ်ချခဲ့ကြပေမယ့်၊ ဒါကိုထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေတော့ မရှိခဲ့ဘူးလို့ သူမက ပြောလိုက်ပါတယ်။

ကုလ လူ့အခွင့်အရေးအကြီးအကဲဟာ မကြာသေးခင်ကပဲ လူ့အခွင့်အရေး ကာကွယ်သူတွေ တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့ပြီး၊ အဲဒီတွေ့ဆုံးမှုအတွင်း သူတို့က ဖမ်းဆီးနှိပ်စက်ခံခဲ့ရတဲ့ သတင်းထောက်တွေ၊ ခြိမ်းခြောက်ခံရတဲ့ စက်ရုံအလုပ်သမားတွေနဲ့ ရိုဟင်ဂျာတွေအပါအဝင် ညှင်းပမ်းနှိပ်စက်မှုတွေကို အရှိန်အဟုန်မြင့်လုပ်ဆောင်ခံရတဲ့ ရိုဟင်ဂျာတွေအပါအဝင် လူနည်းစုဘာသာဝင်တွေနဲ့ တိုင်းရင်းသားတွေ ကြုံခဲ့ရတဲ့ ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးတွေကို တင်ပြခဲ့ကြတယ်လို့ ကုလလူ့အခွင့်ရေးဆိုင်ရာ အကြီးအကဲရဲ့ ပြောခွင့်ရ Rupert Coleville ကပြောပါတယ်။

"ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်ကစပြီး၊ မြန်မာစစ်တပ်ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နိုင်ငံရေးအတိုက်အခံတွေကို ရက်ရက်စက်စက် အကြမ်းဖက်နှိမ်နှင်းခဲ့ရာကနေ သေဆုံးတဲ့သူဦးရေဟာ ၁၅ဝဝ ကျော်သွားပြီဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီထဲမှာ နိုင်ငံတဝန်းဖြစ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ နဲ့ အကြမ်းဖက်မှုတွေအတွင်း သေဆုံးတဲ့သူတွေ မပါဝင် သေး ပါဘူး"

ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာရုံံး (OHCHR) အနေနဲ့ မြန်မာနိုင်ငံမှာ နေ့စဉ်ဖြစ်နေတဲ့ လူ့အခါင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်ထားပြီး၊ အဲဒီထဲက အများစုဟာ မြန်မာစစ်တပ်ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျူးလွန်တာဖြစ်တယ်လို့ သူကပြောပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူ ၁၁၇ဝဝ ကျော် ဥပဒေမဲ့ဖမ်းဆီးခံခဲ့ရပြီး၊ အဲဒီထဲက ၂၉၀ ထက်မနည်းဟာ ဖမ်းဆီးခံထားရစဉ်မှာ သေဆုံးခဲ့ကြပြီး အတော်များများကတော့ ညှင်းပန်းနှိပ်စက်ခံရတာကြောင့် သေဆုံးတာဖြစ်နိုင်တယ်လို့ သူက မှတ်ချက်ပေးပါတယ်။

မြန်မာစစ်တပ်နဲ့ အာဏာသိမ်းတဲ့အပေါ်မှာ မြန်မာပြည်သူအကုန်လုံးနီးပါးက လက်မခံဘဲ ကန့်ကွက်ခဲ့ကြတယ်ပြီးတော့ မြန်မာစစ်တပ်ကလည်း သူ့ရဲ့ အာဏာကို ခိုင်မာအားကောင်းအောင်မလုပ်နိုင်ခဲ့ဘူးလို့ မစ္စတာ Coleville က ပြောပါတယ်။

"ပထမဆုံးအကြိမ်အနေနဲ့ တိုင်းပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့အများအပြားဟာ အားလုံးစုစုစည်းစည်းနဲ့ တပေါင်းတစည်းတည်း ဖြစ်လာခဲ့ပြီးတော့ ၊ တိုင်းပြည်ရဲ့ အနာဂတ်အတွက် လုံးဝကို မတူညီတဲ့ ပိုပြီးတော့ အားလုံးပါဝင်ပြီး ဒီမိုကရေစီ ပိုဆန်တဲ့ အမြင်တွေကို စတင်ပြီးတော့ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုလာနေကြပါတယ်။ ဒါက သိပ်ကို အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အတိတ်တုံးကတော့ မတူကွဲပြားတဲ့အဖွဲ့တွေကြားမှာ ကွဲလွဲမှုတွေကလည်း ကြီးကြီးမားမားရှိခဲ့တာဖြစ်ပါတယ်"

စစ်တပ်ဘက်က ရက်ရက်စက်စက်ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကို လူငယ်မျိုးဆက်တွေအနေနဲ့ ဒီအတိုင်း ငုံ့ခံနေမှာမဟုတ်ဘူးဆိုတာကို စစ်တပ်ခေါင်းဆောင်တွေအနေနဲ့ တွေ့လာရမှာဖြစ်တယ်လို့ Colville က ပြောပါတယ်။

မြန်မာပြည်သူတွေဟာ သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်တဲ့နေရာမှာ တကယ်ကိုဘာနဲ့မှမတူတဲ့ သတ္တိတွေနဲ့ ခံနိုင်ရည်ရှိမှုတွေကိုပြသခဲ့ကြတယ်လို့ Michelle Bachelet က ပြောပါတယ်။ ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ဒီပြဿနာကို အဆုံးသတ်ဖို့အတွက် ခိုင်မာတဲ့လုပ်ဆောင်ချက်တွေကနေတဆင့် မြန်မာပြည်သူတွေကို ထောက်ခံအားပေးသွားမယ်ဆိုတဲ့ သန္ဒိဌာန်ခိုင်မာမှုကို အခုအခါမှာ ပြသသွားရမှာဖြစ်တယ်လို့ ပြောပါတယ်ခင်ဗျာ။

XS
SM
MD
LG