သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့Hamas လုပ်ရပ် စစ်ရာဇဝတ်မှုဖြစ်နိုင်


(UN High Commissioner for Human Rights )ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Navi Pillay။
(UN High Commissioner for Human Rights )ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Navi Pillay။

ဂါဇာဒေသမှာ တိုက်ခိုက်နေကြတဲ့ အစ္စရေးနဲ့ Hamas စစ်သွေးကြွတွေရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ် ပစ်မှုမြောက်နိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး နာဗီပီလေး (Navi Pillay) က ပြောကြားလိုက်ပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေထဲမှာ လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ကုလသမဂ္ဂဝင်းတွေပါ ပါနေတာမို့ ဒါဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖေါက်ရာ ကျနေတယ်လို့ ဒီကနေ့ ကြာသပတေးနေ့မှာ ပြောကြားလိုက်တာပါ။ ဒါ့အပြင် Hamas တွေ ဘက်ကလည်း ကုလသမဂ္ဂဝင်းတွေကို လက်နက်ထားတဲ့ သိုလှောင်ရုံအဖြစ် အသုံးချနေတာနဲ့ ဘယ်သူဘယ်ဝါကို ပစ်မယ်လို့ သတ်မှတ်ချက်မထားပဲ အစ္စရေးနယ်မြေထဲကို ရမ်းပစ်ခတ်နေတာအတွက် ရှုတ်ချပြစ်တင်လိုက်ပါတယ်။

ကုလသမဂ္ဂက အခုလို အပစ်တင် ဝေဘန်နေချိန်မှာပဲ အပစ်အခတ်ရပ်စဲမှု ရှိရှိ မရှိရှိ၊ အစ္စရေးနယ်မြေထဲ ရောက်အောင် တူးဖေါ်နေတဲ့ ပါလက်စတိုင်း လက်နက်ကိုင်တွေရဲ့ မြေအောက်လှိုင်ခေါင်း တူးဖေါ်မှုကွန်ယက်ကို ဖျက်ဆီးဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကပြောပါတယ်။

တချိန်ထဲမှာပဲ Hamas တွေသုံးနေတဲ့ ဒီမြေအောက်လှိုင်ခေါင်းတွေ အားလုံးကို မကြာခင်ရက်ပိုင်းအတွင်းမှာပဲ အစ္စရေးတပ်တွေက ဖျက်ဆီးနိုင်တော့မယ်လို့ မနေ့ကပဲ ကာကွယ်ရေးဌာန အရာရှိတဦးက ပြောပါတယ်။

ဂါဇာဘက်ကနေ Hamas စစ်သွေးကြွတွေရဲ့ ရော့ကက်နဲ့ ပစ်ခတ်မှုကို လက်တုန့်ပြန်တဲ့အနေနဲ့ အစ္စရေးတွေက ဇူလိုင်လ ၈ ရက်နေ့မှာ စစ်ဆင်ရေးတွေ စတင်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲတွေ စတင်ခဲ့ချိန်ကစပြီး ပါလက်စတိုင်းဘက်က လူပေါင်း ၁၃၀၀ ကျော် သေဆုံးခဲ့ရသလို အစ္စရေးတပ်သားက ၅၆ ယောက် သေဆုံးခဲ့ရပါတယ်။

XS
SM
MD
LG