သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ကုလအတွင်းရေးမှုးချုပ်သစ် တိုက်တွန်း


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် Antonio Guterres.
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် Antonio Guterres.

ကမ္ဘာကြီးဟာ တကယ့်ကို အရေးကြီးပြီး ခက်ခဲတဲ့ အချိန်ကာလ တခုမှာရောက်နေ ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနဲ့သာ ကျော်လွှားနိုင်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် Antonio Guterres က ပြောလိုက်ပါတယ်။

“ဒီအချိန်ဟာ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုရဲ့ တန်ဖိုးကို အခိုင်အမာ အလေးထားဖို့ လိုအပ်တဲ့ကာလဖြစ်ပါတယ်။ ကမ္ဘာလုံး ဆိုင်ရာ ပြဿနာတွေကို တကမ္ဘာလုံးပါဝင်တဲ့ အဖြေတွေနဲ့သာ ကိုင်တွယ်ဖြေရှင်းနိုင်မယ်ဆိုတာကို အသိအမှတ်ပြုဖို့ လိုအပ်တဲ့ ကာလဖြစ်ပြီး ကုလသမဂ္ဂဟာ နိုင်ငံစုံ ချဉ်းကပ်ဆောင်ရွက်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။” လို့ အတွင်းရေးမှူးချုပ်သစ် မစ္စတာ Guterres က ပြောပါတယ်။

အတွင်းရေးမှူးချုပ်အဖြစ် ငါးနှစ်သက်တမ်း စတင်တဲ့ တနင်္ဂနွေနေ့ကတည်းကဆိုရင် ပထမဆုံးအကြိမ်အဖြစ် အင်္ဂါနေ့က နယူး ယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ဝန်ထမ်းတွေနဲ့တွေ့ဆုံချိန်အတွင်း မစ္စတာ Guterres က သူ့အမြင်ကို ခပ်တိုတိုပြောသွားတာပါ။

ကုလသမဂ္ဂရဲ့ အားနည်းချက်တွေကို အတွင်းရေးမှူးချုပ်သစ်က အသိအမှတ်ပြု ပြောဆိုသလို သက်တမ်း ၇၂ နှစ်ရှိပြီဖြစ်တဲ့ ဒီ အဖွဲ့အစည်း ကို ပြုပြင်ပြောင်းလဲရေး အားလုံး ပါဝင်ဆောင်ရွက်ဖို့လည်း တိုက်တွန်းသွားပါတယ်။ မစ္စတာ Guterres ဟာ အရင်ကတော့ ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးအဖြစ် တာဝန်ထမ်းခဲ့ဖူးသူပါ။

ကုလသမဂ္ဂမှာ အကျပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်နေရချိန် နောက်တက်မယ့် အမေရိကန်သမ္မတက Donald Trump က ရန်ပုံငွေ ဖြတ်တောက်မှာကို ကုလသမဂ္ဂဆိုင်ရာ လေ့လာသူအများအပြားက စိုးရိမ်ကြပါတယ်။ မစ္စတာ Trump ဟာ ကုလသမဂ္ဂနဲ့ မြောက်အတ္တ လန်တိတ်စာချုပ် NATO လို နိုင်ငံတကာအဖွဲ့အစည်းတွေအပေါ် အထင်သေးစကားကို လူသိရှင်ကြား ပြောထားဖူးပါတယ်။

နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ကုလအတွင်းရေးမှုးချုပ်သစ် တိုက်တွန်း
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG