သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ႏိုင္ေရး ႏိုင္ငံတကာ ဆက္လက္ႀကိဳးပမ္းဖို႔ ကုလအတြင္းေရးမႉးခ်ဳပ္ သတိေပး 


Rohingya refugees

႐ိုဟင္ဂ်ာ ဒုကၡသည္အေရးဟာ ေမ့မပစ္သင့္တဲ့ကိစၥျဖစ္ၿပီး ႏိုင္ငံတကာ အသိုင္းဝိုင္းအေနနဲ႔ ႐ိုဟင္ဂ်ာေတြနဲ႔အတူ တသားထည္း ဆက္လက္ရပ္တည္ေပးၾကဖို႔ ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ Antonio Guterres က ပန္ၾကားလိုက္ပါတယ္။

ႏိုင္ငံတကာအသိုင္းဝိုင္းက ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြနဲ႔ေရာ ဒီ႐ိုဟင္ဂ်ာေတြကို လက္ခံေပးထားတဲ့ ဘဂၤလားေဒ့ရွ္အစိုးရနဲ႔ သူ႔ျပည္သူေတြနဲ႔ပါ တသားတည္း ဆက္လက္ရပ္တည္ေပးဖို႔ အတြင္းေရးမႈးခ်ဳပ္က ပန္ၾကားလိုက္ေၾကာင္း အတြင္းေရးမႈးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က ၾကာသပေတးေန႔ ကုလ႐ုံးခ်ဳပ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။ ကုလသမဂၢကလည္း ဆက္ၿပီး တက္တက္ႂကြႂကြ ကူညီပံ့ပိုးေပးေနမွာ ျဖစ္ၿပီး ဒီ႐ိုဟင္ဂ်ာအေရးဟာ ေမ့မပစ္သင့္တဲ့ ျပႆနာ တရပ္လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္ကေန ႐ိုဟင္ဂ်ာေတြ သိန္းနဲ႔ခ်ီၿပီး ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးခိုလႈံတာ ၄ ႏွစ္ ျပည့္တဲ့အထိန္းအမွတ္အျဖစ္ဗုဒၶဟူးေန႔က အတြင္းေရးမႈးခ်ဳပ္က ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုလိုက္တာျဖစ္ပါတယ္။ ဘဂၤလားေဒ့ရွ္မွာ ႐ိုဟင္ဂ်ာ တသန္းေလာက္ဟာ ဆိုးဝါးတဲ့ အေျခေနနဲ႔ ဆက္လက္ ေနထိုင္ေနရတာျဖစ္ၿပီး ျမန္မာႏိုင္ငံကို သူတို႔ဆႏၵအေလွ်ာက္ သိကၡာရွိရွိ၊ လုံၿခဳံေဘးကင္းစြာ ယာယီမဟုတ္ပဲ ျပန္ႏိုင္ဖို႔ အေျခေနေတြ လုပ္ငန္းစဥ္ေတြ ျဖစ္လာေအာင္ အေရးတႀကီး အကူအညီေတြ ေပးၾကဖို႔ပါ ေတာင္းဆိုခဲ့ပါတယ္။

႐ိုဟင္ဂ်ာေတြ တဖက္ႏိုင္ငံ ထြက္ေျပးခိုလႈံရတဲ့ အေၾကာင္းရင္းဟာ စံနစ္တက် ခြဲျခားဆက္ဆံတာ၊ က်ဥ္ထားတာနဲ႔ ျမန္မာႏိုင္ငံထဲက အုပ္စုဖြဲ႕ အၾကမ္းဖက္မႈအေျခေနေတြ သိပ္ဆိုးေနတာေၾကာင့္ ျဖစ္ၿပီး ဒါကိုအေရးယူေျဖရွင္းဖို႔လည္း လည္း ေျပာပါတယ္။

႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံတဲ့ ျမန္မာဘက္ကေတာ့ သူတို႔ကို စီစစ္ၿပီး ျပန္လည္ေခၚယူမွာ ျဖစ္ေၾကာင္း ကတိေပးထားေပးမယ့္ အခုအခ်ိန္အထိ အေကာင္ထည္ မေဖၚႏိုင္ေသးပါဘူး။

--------------------

ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး နိုင်ငံတကာ ဆက်လက်ကြိုးပမ်းဖို့ ကုလအတွင်းရေးမှူးချုပ် သတိပေး

ရိုဟင်ဂျာ ဒုက္ခသည်အရေးဟာ မေ့မပစ်သင့်တဲ့ကိစ္စဖြစ်ပြီး နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ ရိုဟင်ဂျာတွေနဲ့အတူ တသားထည်း ဆက်လက်ရပ်တည်ပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က ပန်ကြားလိုက်ပါတယ်။

နိုင်ငံတကာအသိုင်းဝိုင်းက ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ရော ဒီရိုဟင်ဂျာတွေကို လက်ခံပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ သူ့ပြည်သူတွေနဲ့ပါ တသားတည်း ဆက်လက်ရပ်တည်ပေးဖို့ အတွင်းရေးမှုးချုပ်က ပန်ကြားလိုက်ကြောင်း အတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ကြာသပတေးနေ့ ကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကုလသမဂ္ဂကလည်း ဆက်ပြီး တက်တက်ကြွကြွ ကူညီပံ့ပိုးပေးနေမှာ ဖြစ်ပြီး ဒီရိုဟင်ဂျာအရေးဟာ မေ့မပစ်သင့်တဲ့ ပြဿနာ တရပ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာတွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံတာ ၄ နှစ် ပြည့်တဲ့အထိန်းအမှတ်အဖြစ်ဗုဒ္ဓဟူးနေ့က အတွင်းရေးမှုးချုပ်က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာ တသန်းလောက်ဟာ ဆိုးဝါးတဲ့ အခြေနေနဲ့ ဆက်လက် နေထိုင်နေရတာဖြစ်ပြီး မြန်မာနိုင်ငံကို သူတို့ဆန္ဒအလျှောက် သိက္ခာရှိရှိ၊ လုံခြုံဘေးကင်းစွာ ယာယီမဟုတ်ပဲ ပြန်နိုင်ဖို့ အခြေနေတွေ လုပ်ငန်းစဉ်တွေ ဖြစ်လာအောင် အရေးတကြီး အကူအညီတွေ ပေးကြဖို့ပါ တောင်းဆိုခဲ့ပါတယ်။

ရိုဟင်ဂျာတွေ တဖက်နိုင်ငံ ထွက်ပြေးခိုလှုံရတဲ့ အကြောင်းရင်းဟာ စံနစ်တကျ ခွဲခြားဆက်ဆံတာ၊ ကျဉ်ထားတာနဲ့ မြန်မာနိုင်ငံထဲက အုပ်စုဖွဲ့ အကြမ်းဖက်မှုအခြေနေတွေ သိပ်ဆိုးနေတာကြောင့် ဖြစ်ပြီး ဒါကိုအရေးယူဖြေရှင်းဖို့လည်း လည်း ပြောပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာဘက်ကတော့ သူတို့ကို စီစစ်ပြီး ပြန်လည်ခေါ်ယူမှာ ဖြစ်ကြောင်း ကတိပေးထားပေးမယ့် အခုအချိန်အထိ အကောင်ထည် မဖေါ်နိုင်သေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG