သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS အစွန်းရောက် အဖွဲ့ကို ကုလ လုံခြုံရေးကောင်စီ ရှုတ်ချ


ကုလလုံခြုံရေးကောင်စီ အစည်းအဝေး။
ကုလလုံခြုံရေးကောင်စီ အစည်းအဝေး။

Islamic State အစ္စလာမ် စစ်သွေးကြွအဖွဲ့ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က သောကြာနေ့မှာ ပြစ်တင် ရှုတ်ချလိုက်ပြီး စစ်သွေးကြွတွေကို တိုက်ခိုက် အနိုင်ယူနိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အီရတ် အစိုးရကို ဝိုင်းဝန်း ပံ့ပိုးပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဦးဆောင်ကျင်းပတဲ့ လုံခြုံရေးကောင်စီ စည်းဝေးပွဲရဲ့ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံစလုံးက တညီတညွတ်ထဲ အတည်ပြုပေးလိုက်ပါတယ်။

အစ္စလာမ် စစ်သွေးကြွတွေက အီရတ်နဲ့ တခြား နိုင်ငံသားတွေကို သတ်ဖြတ်တာ၊ ပြန်ပေးဆွဲတာ၊ အဓမ္မပြုကျင့်တာ၊ ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်ဆောင်နေတဲ့အတွက် အပြင်းအထန် မခံမရပ်နိုင် ဖြစ်မိတယ်လို့ ဝန်ကြီး ကယ်ရီက ပြောပါတယ်။

အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ စစ်သွေးကြွတွေရဲ့ ထောက်ပံ့ရေးပစ္စည်း သိုလှောင်ရုံကို ပြင်သစ်လေတပ် တိုက်လေယာဉ်တွေက သောကြာနေ့ အစောပိုင်းမှာ ဖျက်ဆီးပစ်လိုက်ကြောင်း ပြင်သစ်အစိုးရက ပြောပါတယ်။ ဒါဟာ ပြင်သစ်နိုင်ငံရဲ့ ပထမဆုံး လေကြောင်း တိုက်ခိုက်မှု ဖြစ်ပါတယ်။

ပြင်သစ်တိုက်လေယာဉ်တွေဟာ Zumar မြို့အနီးက စစ်သွေးကြွတွေရှိတဲ့နေရာကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အီရတ်စစ်ဖက် အရာရှိတွေက ပြောပါတယ်။

လာမယ့် ရက်တွေအတွင်း စစ်သွေးကြွတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ်သွားမယ်လို့ ပြင်သစ်နိုင်ငံက ပြောပါတယ်။

XS
SM
MD
LG