သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုးရီးယား ဒုံးကျည် လွှတ်တင်မှု လုံခြုံရေးကောင်စီ ရှုတ်ချ


မြောက်ကိုရီယားက ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တာဝေးပစ် ဒုံးပျံလွှတ်တင်ခဲ့တာ နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ပြစ်တင် ရှုတ်ချတဲ့ ကြေညာချက်ကို ဒီနေ့ ထုတ်ပြန် လိုက်ပါတယ်။

လုံခြုံရေးကောင်စီရဲ့ တည်ဆဲ ဆုံးဖြတ်ချက်တွေကို အကြီးအကျယ် ချိုးဖောက်လိုက်တာ ဖြစ်တယ် လို့ အဲဒီ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ မြောက်ကိုးရီးယား ရဲ့ ဒီ အစီအစဉ် ဟာ အရှေ့အာရှ အတွင်း လုံခြုံရေး အတွက် စိုးရိမ် မကင်းဖြစ်ခဲ့ရတယ် လို့ ပြောပါတယ်။

လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တွေက မြောက်ကိုရီးယားအရေး သုံးရက်ကြာ တံခါးပိတ်ဆွေးနွေးခဲ့ကြပြီး သဘောတူခဲ့ကြတာ ဖြစ်တယ်လို့ အမည်မဖေါ်လိုသူ သံတမန်တွေက ပြောဆိုလိုက်တာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Susan Rice တို့ကလည်း တားမြစ်နေတဲ့ကြားက မြောက်ကိုရီးယားက ဒုံးပျံလွှတ် တင်ခဲ့အတွက် စိတ်ပျက်ကြောင်း သောကြာနေ့က ပြောဆိုထားပြီး ဖြစ်ပါတယ်။ အမေရိကန်က အဆိုပြု ထားတဲ့ ပြင်းထန်တဲ့ အသုံးအနှုန်း အစား ညင်သာတဲ့ စကားလုံး အစားထိုး ဖို့အတွက် တရုတ်နိုင်ငံ ကတောင်းဆို နေတာကြောင့် လုံခြုံရေးကောင်စီ ရဲ့ ကြေညာချက် နှောင့်နှေးခဲ့ရတာဖြစ်ပါတယ်။

မြောက်ကိုးရီးယား ခေါင်းဆောင် ကင်အီဆွန်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် မြောက်ကိုရီးယားက ကြာသပတေး နေ့ က လွှတ်တင်လိုက်တဲ့ ဒုံးပျံဟာ အာကာသထဲ မရောက်ဘဲ လွှတ်တင်လိုက်ပြီးမကြာခင်မှာဘဲ ပင်လယ်ဝါ အတွင်းပျက်ကျခဲ့ပါတယ်။

XS
SM
MD
LG