သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ သီးသန့်ဆွေးနွေးမည်


UNSC meeting- Myanmar: Briefing One Year After the Start of the Refugee Crisis
UNSC meeting- Myanmar: Briefing One Year After the Start of the Refugee Crisis

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ လာမယ့် တနင်္လာနေ့၊ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ မြန်မာ့အရေး သီးသန့်ဆွေးနွေးကြဖို့ စီစဉ်ထားပါတယ်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာ တနင်္လာနေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ၊ တရားလက်လွတ်ဖမ်းဆီးမှုတွေ အဆုံးသတ်ပြီး မြန်မာပြည်သူတွေဆီ လူသားစာနာမှု အကူအညီတွေရောက်ဖို့နဲ့ လူ့အခွင့်အရေးကိုလေးစားပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီအုပ်ချုပ်မှု လမ်းကြောင်းကို ပြန်လည်လျှောက်လှမ်းဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ခိုင်မာတဲ့ လုပ်ဆောင်မှုကိုပြသဖို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်း ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုအပြီး ရက်ပိုင်းအတွင်းမှာ အခုလို လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး သီးသန့်ဆွေးနွေးပွဲ ပြုလုပ်တာလည်း ဖြစ်ပါတယ်။

တနင်္လာနေ့ ပြုလုပ်မယ့် လုံခြုံရေးကောင်စီစည်းဝေးပွဲမှာ မြန်မာ့အရေး ဘယ်ကိစ္စတွေကို အဓိကထား ဆွေးနွေးကြမယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် အခု ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံထဲက ဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီ ပေးဖို့အတွက် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက အမေရိကန်ဒေါ်လာ သန်းတထောင်နီးပါး (ဒေါ်လာ ၉၉၅ သန်း) အကူအညီ တောင်းခံထားတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင် ညှိနှိုင်းရေးမှူးရုံး UNOCHA က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာဘဲ ပြောဆိုထားပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွင်းက ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေအတွက် မကြုံစဖူးတဲ့ ငွေကြေးပမာဏ အများအပြားကို အကူအညီပေးရေးအဖွဲ့တွေက တောင်းဆိုတာလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပျက်ကွက်မှုကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ ပြဿနာတွေကို မဖြေရှင်းနိုင်ပဲ ဖြစ်နေရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ အစောပိုင်းမှာ သတိပေး ပြောကြားဖူးပါတယ်။

XS
SM
MD
LG